News

POST TYPE

HEALTH

စိတ်ကျရောဂါ ရှိမရှိသိနိုင်တဲ့ အချက် (၈) ချက်
29-Aug-2016
သင့်မှာ စိတ်ကျရောဂါ ရှိနေနိုင်ပါတယ်။ စိတ်ကျရောဂါကို အပြင်ပန်းကကြည့်ရုံနဲ့ သိဖို့ မလွယ်ပါဘူး။ ဒီအောက်က လက္ခဏာတွေ သင့်မှာရှိနေတယ်ဆိုရင် သင်ဟာ စိတ်ကျရောဂါကို ခံစားနေရပါပြီ။

(၁) မိမိရဲ့ ခံစားချက်ကိုဖုံးကွယ်ထားခြင်း။ ပျော်ရွှင်နေသူတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေခြင်း။

(၂) မိမိ၏စိတ်ခံစားမှုကို ဝေခွဲမရခြင်း။ မိမိကိုယ်ကို ပျော်သည် မပျော်သည် ကွဲကွဲပြားပြား မသိရှိခြင်း။

(၃) မိမိဘာသာ အလုပ်မရှုပ် ရှုပ်စေရန် တမင်လုပ်ယူနေမိခြင်း။ တစ်နေ့တာတွင် နားချိန်မရှိစေဖို့ မလိုအပ်သည့် စိတ်မပါလှသည့် လုပ်ငန်းဆောင်တာများကို စီစဉ်ထားခြင်း။

(၄) အကြောင်းမည်မည်ရရ မရှိဘဲ ဒေါသမကြာခဏ ထွက်ခြင်း။ (မှတ်ချက်- စိတ်ကျရောဂါမှာ မကြာခဏ ဝမ်းနည်းတတ်တာကို အတွေ့ရများပေမယ့် ထိရှလွယ်တဲ့ စိတ်ခံစားမှုတွေကို ဒေါသအဖြစ် ကိုယ့်ကိုယ်ကိုယ် လိမ်ညာထားသူတွေလည်း ရှိပါတယ်)

(၅) သတိလက်လွတ်ပြုမူခြင်း။ လောင်းကစားခြင်း၊ အရက်သောက်ခြင်း၊ ကာမမှီဝဲခြင်း၊ ကားမောင်းခြင်း စသည့်ကိစ္စများတွင် ထိန်းချုပ်မှုမထားခြင်း။

(၆) စိတ်ထွေပြားနေတတ်ခြင်း။ ကြုံတွေ့ရသည့် အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်တော့ခြင်း။

(၇) မိမိနှစ်ခြိုက်သည့် မိမိဝါသနာပါသည့် အလုပ်များကို မလုပ်တော့ခြင်း။

(၈) မိမိလိုအပ်ချက်နှင့် မိမိခံစားရသည်များကိုသာ တွေးမိနေတတ်ပြီး အခြားသူများ၏ လိုအပ်ချက်ကို သတိမပြုမိတော့ခြင်း။

Ref: rd.com


  • VIA