News

POST TYPE

HEALTH

ဘဝမှာ ပိုမိုပျော်ရွှင်စေမယ့် အချက် (၉) ချက်
29-Aug-2016 tagged as ပျော်ရွှင်

၁။ ဘဝလက်တွဲဖော်ဟာ ပျော်ရွှင်မှုအတွက် အရေးပါပါတယ်။ တစ်ဦးပေါ်တစ်ဦး ယုံကြည်ရပြီး ခိုင်မာတဲ့ ဆက်ဆံရေးမျိုးရှိတဲ့ စုံတွဲတွေဟာ ပိုမိုပျော်ရွှင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

၂။ အချိန်ဟာ ငွေထက် ပိုတန်ဖိုးရှိပါတယ်။ သင့်မှာ လုံလောက်တဲ့ငွေကြေး ရှိတဲ့အခါ သင့်အတွက် အချိန်ပိုရဖို့ ငွေကုန်ခံဖို့ မနှမြောပါနဲ့။

၃။ သင့်အနီးအနား ပတ်ဝန်းကျင်က သစ်ပင်တွေ ချစ်စရာ တိရစ္ဆာန်တွေ စတဲ့ အသေးအဖွဲ အလှအပတွေကို အချိန်ယူ ခံစားပါ။ ကောင်းမွန်တဲ့ အရာတွေကို အသိအမှတ် ပြုတတ်တာဟာ စိတ်ချမ်းမြေ့မှုတစ်ခုပါပဲ။

၎။ သင့်ရဲ့ အသိမိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ကူညီပြီး သင့်ရဲ့ ကြင်နာမှုကို ပြသပါ။ ကူညီတတ်သူတွေဟာ ပိုမိုပျော်ရွှင်တယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။

၅။ ချွေးထွက်တဲ့အထိ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုတွေဟာ စိတ်ကျန်းမာရေးအတွက် အထောက်အကူ ပြုတတ်ပါတယ်။

၆။ စာအုပ်လို တင်းနစ်ရိုက်တံလို သင့်ကို အမှတ်တရ အတွေ့အကြုံပေးမယ့် အသုံးအဆောင် ပစ္စည်းတွေကို ဝယ်ပါ။ တခြားအရာတွေထက် သင့်ကို အတွေ့အကြုံတစ်ခုခု ရရှိစေမယ့် ပစ္စည်းမျိုးကို ဝယ်ယူတာဟာ ပိုမိုပျော်ရွှင်စေတယ်လို့လည်း သုတေသနတွေက ဆိုထားပါတယ်။

၇။ ပစ္စုပ္ပန်မှာ နေတတ်အောင် သင်ယူပါ။ အတိတ်နဲ့ အနာဂတ်အတွက် တွေးပူမယ့်အစား ကိုယ်လက်ရှိလုပ်နေတဲ့ အရာပေါ်မှာ အပြည့်အဝ အာရုံထားတတ်ဖို့ လေ့ကျင့်ပါ။

၈။ သူငယ်ချင်းတွေ အထူးသဖြင့် ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ အချိန်ပေး တွေ့ဆုံပါ။ သူတို့ရဲ့ ပျော်ရွှင်မှုဟာ သင့်ဆီကိုပါ ကူးစက်လာပါလိမ့်မယ်။

၉။ သင့်အတွက် လိုအပ်တဲ့ အရာတွေကို ငွေရှိမှ ဝယ်နိုင်မှာဖြစ်လို့ ငွေဟာလည်း စိတ်ဖိစီးမှုက လွတ်မြောက်ဖို့ အချက်တစ်ချက်ပါပဲ။

Ref: techinsider.com