News

POST TYPE

HEALTH

စိတ်ဖိစီးမှုက လွတ်မြောက်ဖို့ လွယ်ကူတဲ့နည်းလမ်း (၅) သွယ်
29-Aug-2016

ကိုယ်ရဲ့သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေဖြစ်တာ၊ အိမ်တွင်းရေး အခြေအနေ မကောင်းတာ၊ နေ့စဉ်ဘဝမှာ အခက်အခဲဖြစ်တာ စတဲ့ အဆင်မသင့်မှု အမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ ဒီအခါ အာရုံမစုစည်းနိုင်တော့ဘဲ ကိုယ့်ပတ်ဝန်းကျင်ကို သတိမမူမိသလို ဖြစ်တတ်ကြပါတယ်။ အဲဒီလိုစိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါ စိတ်ကြည်လင်ပြီး ပြဿနာတွေကို ပိုမိုဖြေရှင်းနိုင်စေဖို့ အတွက် အောက်ကအချက် (၅) ချက်ကို လိုက်နာကြည့်ဖို့ အကြံပြုပါရစေ။


(၁) ဒါယာယီပါပဲ
ဘယ်လောက်ပဲ ရှုပ်ထွေးခက်ခဲပြီး စိတ်ညစ်စရာကောင်းတယ်လို့ ထင်ရပေမယ့် ဒီအခက်အခဲတွေဟာ ခဏတာပဲဆိုတာ သတိပြုပါ။ ဒီလိုဆို စိတ်သက်သာရာရပြီး တည်ငြိမ်လာပါလိမ့်မယ်။

(၂) တချို့ကိစ္စတွေက ငါ့ကြောင့်မဟုတ်ဘူး
အငြင်းပွားမှုတွေ ရန်ဖြစ်မှုတွေ မကျေမလည်မှုတွေ တော်တော်များများမှာ ကိုယ်ကြောင့်ဖြစ်တာပဲ ဒါမှမဟုတ် ဒါဟာကိုယ့်ကို ရည်ရွယ်တာပဲလို့ အထင်မှားရာကနေ စတတ်ပါတယ်။ တကယ်တမ်းမှာ ကိုယ်နဲ့လုံးဝ မဆိုင်တာ ဒါမှမဟုတ်လည်း နည်းနည်းပဲဆိုင်ပြီး တစ်ဖက်လူကသူ့ပြဿနာနဲ့သူ ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်အတိအကျမသိတဲ့ အခြေအနေမျိုးမှာ ဒါကိုယ့်ကြောင့်မဟုတ်ဘူး ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားပါ။

(၃) အသက်ရှုပါ
ဒီအချက်ကတော့ ရိုးအီနေပြီလို့ ထင်ရပေမယ့် တကယ်အလုပ်ဖြစ်ပါတယ်။ အသက်ကို ပြင်းပြင်းနဲ့ ခပ်ဖြည်းဖြည်းရှုပြီး အာရုံကို အသက်ရှုတဲ့နေရာမှာ စုစည်းထားပါ။

(၄) အောင်မြင်မှုတွေကိုသတိရပါ
ကိုယ်ပြီးမြောက်ခဲ့တာတွေ ကိုယ်လုပ်နိုင်ခဲ့တဲ့ ကိစ္စတွေကို ပြန်တွေးပါ။ စာနဲ့ရေးချရင် ပိုတောင် ကောင်းပါသေးတယ်။ အရင်တုန်းက ကြုံခဲ့တဲ့အခက်အခဲတွေ ဘယ်လို အဆုံးသတ်သွားလဲ ဆိုတာ ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါ။

(၅) စိတ်ပြေလက်ပျောက် တစ်ခုခုလုပ်ပါ
ကိုယ့်ကျန်းမာရေး ကိုယ်မထိခိုက်စေဘဲ ကိုယ်သဘောကျတာ တစ်ခုခုလုပ်ပါ။ ဥပမာ ခရီးထွက်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ သီချင်းဆိုတာပဲ ဖြစ်ဖြစ်၊ ဘောလုံးကန်တာပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်တာ တစ်ခုခုလုပ်ပါ။




  • VIA