News

POST TYPE

HEALTH

မျက်နှာပေါ်က အရေးအကြောင်းတွေ လျော့ပါးစေဖို့
29-Aug-2016
နုပျိုနေဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ ဆန္ဒတစ်ခုပါ။ မျက်နှာပေါ်က အရေးအကြောင်းတွေကတော့ နုပျိုမှုကို ဖျက်ဆီးပစ်တဲ့ တရားခံတွေပါပဲ။ အဲဒီ အရေးအကြောင်းတွေ လျော့ပါး သက်သာ သွားအောင် အိမ်မှာတင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပါတယ်။

ကြက်ဥ(သို့) ဘဲဥ အကာ

ကြက်ဥ ဒါမှမဟုတ် ဘဲဥ သုံး လေးလုံးလောက်ရဲ့ အကာကို ပန်းကန်လုံး အသေးထဲ ထည့်ပြီး ခလောက်ပါ။ ပြီးရင် မျက်နှာပြင် အနှံ့ သုတ်လိမ်းပြီး အနည်းဆုံး ၁၅ မိနစ်လောက် အခြောက် ခံထားပါ။ ပြီးတဲ့အခါ ရေနွေးနဲ့ မျက်နှာသစ်ပါ။

သံလွင်ဆီ

သဘာဝ သံလွင်ဆီက သင့်ရဲ့ အသားအရေကို နူးညံ့ချောမွတ် စေပါတယ်။ မအိပ်ခင် သံလွင်ဆီ သုံး လေးစက်လောက်ကို မျက်နှာပေါ် သုတ်လိမ်းရင်း ညင်ညင်သာသာ နှိပ်ပေးပါ။ ပြီးရင် ဆပ်ပြာ မပါဘဲ ရေ သီးသန့်နဲ့ ဆေးကြောပြီး နူးညံ့တဲ့ သဘက်စနဲ့ သုတ်ပါ။ အိပ်ရာ နိုးလာတဲ့အခါ ကျန်းမာနူးညံ့တဲ့ အသွင်အပြင်နဲ့ မျက်နှာလေးကို မြင်တွေ့ရပါလိမ့်မယ်။

သစ်သီးသစ်ဥ နဲ့ ဟင်းသီးဟင်းရွက်

လတ်ဆတ်တဲ့ အသီးအနှံတွေ တောက်ပ ကြည်လင်တဲ့ အသားအရေ ရရှိအောင် အတွင်းဘက်ကနေ ကူညီပါလိမ့်မယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်လုပ်ပြီး သောက်ပါ။

သံပုရာရည် (သို့) ရှောက်ရည်

သံပုရာသီး ဒါမှမဟုတ် ရှောက်သီး အရည်ကို မျက်နှာပေါ်က အရေးအကြောင်းတွေပေါ် ညင်ညင်သာသာ နှိပ်နယ် သုတ်လိမ်းပေးပါ။ အသားအရေကို တောက်ပစေပြီး အရေးအကြောင်းတွေကို လျော့နည်း စေပါတယ်။ မွှေးရနံ့က အာရုံကြောတွေအတွက် အထောက်အပံ့ ဖြစ်တာကြောင့် အဲဒီလို လိမ်းထားချိန်မှာ အသက် ပြင်းပြင်း ရှုပါ။

Ref : rf.rd.com


  • VIA