News

POST TYPE

HEALTH

မိတ်ကပ် လိမ်းတဲ့အခါ ဆောင်ရန်၊ ရှောင်ရန်
29-Aug-2016 tagged as

ပိုမို လှပအောင် မိတ်ကပ် လိမ်းခြယ်ကြပေမယ့် တစ်ခါတစ်လေမှာ ပိုမလှသွားဘဲ မျက်နှာ ပိုရင့် သွားတတ်တာတွေ ဖြစ်လေ့ ရှိပါတယ်။ အဲဒီလို အမှားမျိုး မဖြစ်ရအောင် မိန်းကလေး အများစုနဲ့ သင့်တော်မယ့် ဆောင်ရန် ရှောင်ရန် နည်းလေးတွေကို ဒီမှာ တင်ပြထားပါတယ်။

နှုတ်ခမ်း

နှုတ်ခမ်းဆိုဆေး အရောင် ရင့်ရင့်တွေက နှုတ်ခမ်းကို ပိုသေးသွားသလို ထင်ရစေပါတယ်။ ပန်းနုရောင် ခရမ်းရောင် ဖျော့ဖျော့ ဒါမှမဟုတ် လင်းလင်းလက်လက် ရှိစေတဲ့ နှုတ်ခမ်း ဆိုးဆေးတွေက နှုတ်ခမ်းကို ဖူးဖူးလေး ဖြစ်နေစေပါတယ်။

အောက်ခံ

အောက်ခံ မိတ်ကပ်ကို ကိုယ့်အသားရောင်ထက် ရင့်လွန်းတဲ့ ဒါမှမဟုတ် ဖြူလွန်းတဲ့ အရောင်တွေ ရွေးမိတဲ့အခါ သဘာဝ မကျသလို တစ်မျိုးကြီး ဖြစ်နေတတ်ပါတယ်။ စတိုးဆိုင်မှာ အရောင် စမ်းတဲ့အခါ လက်မှာစ မ်းမယ့်အစား မျက်နှာပေါ်မှာ စမ်းပါ။ လက်နဲ့ မျက်နှာက အရောင် ထွက်တာ ကွဲနေ တတ်ပါတယ်။

မျက်ခုံး

မျက်ခုံးမွှေးကို နှုတ်ပါများတဲ့အခါ အချိန်ကြာလာနဲ့အမျှ ကျဲသထက် ကျဲလာတတ်ပါတယ်။ ပင်ကိုယ် မျက်ခုံးမွှေး အရောင်ထက် နည်းနည်း ဖျော့တဲ့အရောင်ကို မျက်ခုံးမွှေးတွေကြား ဖြည့်စွက်ပေးပါ။ မျက်ခုံးမွှေး အရောင် ပိုတောက်အောင် အရောင် မပါတဲ့ နှုတ်ခမ်းအဆီနဲ့ သုတ်ပေးပါ။

ပါးနီ

ပါးအလယ်မှာ လိမ်းခြယ်တဲ့အခါ သဘာဝ မကျသလို ဖြစ်နေတတ်ပြီး ပါးရဲ့အောက်ဘက်နားမှာ လိမ်းခြယ်တဲ့အခါ အသားအရေ လျော့တွဲနေသလို ထင်ရပါတယ်။ ပါးရိုးနား တစ်ဝက်မှာ မျက်လုံးအောက်ဘက် အလယ်ကနေ အပေါ်ကိုဆွဲပြီး လိမ်းခြယ်ပါ။

Ref : rd.com

  • VIA
  • TAGS