News

POST TYPE

HEALTH

ခွဲစိတ်စရာမလိုဘဲ နုပျိုစေမယ့် နည်း (၇) သွယ်
28-Aug-2016

ခွဲစိတ်စရာ မလိုဘဲ ပိုမို ငယ်ရွယ်နုပျိုတဲ့ အသွင်ကို ရရှိစေမယ့် နည်းလမ်းတွေအကြောင်း အရေပြား အထူးကု ဆရာဝန်ကြီးနဲ့ ပလတ်စတစ်ဆာဂျင်တွေကို Reader Digest မဂ္ဂဇင်းက မေးမြန်းခဲ့ပါတယ်။

(၁) ပက်လက်အိပ်ပါ

ဘေးတစ်စောင်း အိပ်တာနဲ့ မှောက်ပြီး အိပ်တာတွေက သင့်မျက်နှာမှာ အရေးအကြောင်းတွေ ပိုဖြစ်စေပါတယ်။ ပက်လက်အိပ်တာက အကောင်းဆုံးပါပဲ။ ဟောက်ချင် ဟောက်နိုင်ပေမယ့် အရွယ်တော့ တင်ပါလိမ့်မယ်။

(၂) လေ့ကျင့်ခန်းတွေ အလွန်အကျွံ မလုပ်ပါနဲ့

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာက ပိုကျန်းမာစေမေယ့် ပိုတော့ မနုပျိုစေပါဘူး။ အားကစားသမားတွေမှာ အရေပြားအောက်က အဆီနည်းတဲ့အတွက် အသက် ၄၀ ကျော်တဲ့အခါ သာမန်လူတွေထက် ပိုအရွယ်ကျပါတယ်။

(၃) နေလောင်ကွက် မဖြစ်အောင် သတိပြုပါ

ကားမောင်းတဲ့အခါမျိုးတွေမှာ သင့်မျက်နှာရဲ့ တစ်ခြမ်းက နောက်တစ်ခြမ်းထက် နေပိုထိတဲ့အတွက် နေလောင်ကွက် ဖြစ်စေပါတယ်။ နေရောင်ကာခရင်မ် လိမ်းပါ။ နေကာ မျက်မှန်တပ်ပါ။

(၄) အသားရေထိန်း ပစ္စည်းတွေကို ခဏခဏ မပြောင်းပါနဲ့

လူအများစုက အသားအရေ ထိန်းသိမ်းရေး ပစ္စည်းတွေကို ခဏလေးနဲ့ အမျိုးအစားတွေ ပြောင်းသုံးတတ်ကြပါတယ်။ အရေပြားဆဲလ် တစ်ခုဖြစ်ဖို့ ၂၁ ရက် ကြာတဲ့အတွက် သင်အနေနဲ့ အရွယ်တင် နုပျိုခရင်မ် တစ်ခုခု လိမ်းတဲ့အခါ အနည်းဆုံး လေးပတ် အချိန်ပေးဖို့ လိုပါတယ်။

(၅) ဆေးပစ္စည်းဆိုင်တွေကို ယုံနိုင်ပါတယ်

ဆေးနဲ့ ဆေးပစ္စည်းဆိုင်တွေမှာ တင်ရောင်းလေ့ရှိတဲ့ အရွယ်တင် နုပျိုခရင်မ်တွေဟာ အလှကုန်စတိုးတွေက နာမည်ကြီး တံဆိပ်တွေထက် ဈေးအများကြီး သက်သာသလို အကျိုး အာနိသင်မှာလည်း အတူတူပါပဲ။

(၆) အလှကုန် ကောင်းကောင်း သုံးပါ

မျက်ရစ်တွေ ပျောက်အောင် ခွဲစိတ်မယ့်အစား အသားအရေ တင်းရင်းစေတဲ့ ဆီရမ်တွေနဲ့ မျက်ရစ်ကို ဆွဲဆန့်တဲ့ ခရင်မ်တွေကို သုံးနိုင်ပါတယ်။ ခဏတာပဲ ခံတယ်ဆိုပေမယ့် ရေရှည်မှာ အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။

(၇) တည်ငြိမ်တဲ့ မျက်နှာ အမူအရာ ရှိပါစေ

မကြာခဏ မျက်မှောင် ကြုတ်နေမယ် ဒေါသထွက်တဲ့ မျက်နှာပေးမျိုး ရှိနေမယ်ဆိုရင် သင့်မျက်လုံး နှစ်လုံးကြားမှာ မျက်မှောင်ကြုတ်တဲ့အရာတွေ အမြဲ စွဲထင်သွားပါလိမ့်မယ်။

Ref : rd.com

  • VIA