News

POST TYPE

HEALTH

ရန်ကုန်ရှိ ဈေးဝယ်စင်တာများ FDA စစစ်
21-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်ရှိ ဈေးဝယ်စင်တာများကို စစ်ဆေးမည်ဟု ဇူလိုင်လက အသိပေးထားသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ပါရမီစိန်ဂေဟာ ဈေးဝယ်စင်တာကို ပထမဆုံး စစ်ဆေးခဲ့ကြောင်း ယင်းဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆက်လက်၍လည်း ရန်ကုန်မြို့ရှိ အခြား ဈေးဝယ်စင်တာများကို ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“ပုံမှန် စစ်တမ်းကောက်နေတာတော့ ရှိတယ်။ အဖွဲ့အစည်းနဲ့ သွားစစ်တာတော့ ပထမဆုံးပါ။ ဆေးတွေမှာတော့ ကိုက်ညီတယ်။ သံသယရှိတဲ့ အစားအသောက် ၆၅ မျိုးကို ဆက်လက် စစ်ဆေးနေပါတယ်”ဟု FDA တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဈေးဝယ်စင်တာတွင် ရောင်းချလျက်ရှိသော ပြည်တွင်းထုတ် အစားအသောက်များနှင့် ပြည်ပမှ တင်ပို့သော အစားအသောက် စုစုပေါင်း ၆၅ မျိုးကို ဝယ်ယူ စစ်ဆေးသည့်အပြင် ဆေးဆိုင်ရှိ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေခြင်း ရှိ / မရှိ တို့ကိုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးချက်များအပေါ် မူတည်ကာ တင်သွင်းထုတ်လုပ် ရောင်းချသူများကို ဆက်လက် အရေးယူမည်ဖြစ်ကြောင်း FDA ရန်ကုန်ရုံးထံမှ သိရသည်။

J-12


  • VIA