News

POST TYPE

HEALTH

H1N1 ကြောင့် သေဆုံးသူ ၃၆ ဦးအထိရှိ၊ ဖြစ်ပွားမှုကျဆင်းဟု ထုတ်ပြန်
06-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၅

ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားမှုသည် လက်ရှိအချိန်တွင် ကျဆင်းလာပြီး ယင်းကြောင့် သေဆုံးသူ ၃၆ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး တိုင်းတာချက်အရ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ စုစုပေါင်းလူနာ ၁၀၂၉ ဦးအနက် H1N1 ပိုး တွေ့လူနာ ၃၆၉ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ ၃၆ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပိုးတွေ့လူနာအဖြစ် ဆေးရုံ တက်ရောက်ကုသမှုများ ရှိသော်လည်း သေဆုံးသူ မတွေ့ရကြောင်း၊ ကယားပြည်နယ်၌ ရောဂါဖြစ်ပွားမှု မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထံမှ သိရသည်။

ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကို လူနာနှင့်ထိတွေ့ရသည့် ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်ဆေးရုံကြီးများ၌ အတွင်းလူနာစုစုပေါင်း ၂၅ ဦး ကုသမှု ခံယူလျက်ရှိကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-12


  • VIA