News

POST TYPE

HEALTH

ကချင်ပြည်နယ်တွင် H1N1 ရောဂါပိုးရှိသူ နှစ်ဦးတွေ့
05-Sep-2017


မြစ်ကြီးနား၊ စက်တင်ဘာ ၅

ကချင်ပြည်နယ်တွင် H1N1 ရောဂါပိုးရှိသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး တွေ့ရှိရသဖြင့် ဆေးကုသမှုပေးလျက်ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးထံတွင် ရန်ကုန် အမျိုးသား ဓာတ်ခွဲခန်းမှ ပေးပို့လာသော အဖြေအရ ရာသီတုပ်ကွေးပြင်းထန် H1N1 ရောဂါပိုး တွေ့ရှိရသည့်အတွက် လက်ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ကုသခံယူနေကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ဝင်းလွင်က ပြောကြားသည်။

“သေဆုံးသူတော့ မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

R-06

  • VIA