POST TYPE
HEALTH
H1N1 ရောဂါကြောင့် သေဆုံးသူ ၃၃ ဦးရှိ
23-Aug-2017
ရန်ကုန်၊ သြဂုတ် ၂၃

တစ်နိုင်ငံလုံးရှိ ဆေးရုံများတွင် H1N1 ပိုးတွေ့လူနာအဖြစ် ဆေးရုံ တက်ရောက်ကုသသူဦးရေ သိသာစွာ ကျဆင်းလာကြောင်း၊ ယနေ့ (သြဂုတ်လ ၂၃ ရက်) မွန်းလွဲ ၂ နာရီအထိ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် အတွင်းလူနာ ၂ ဦးနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံကြီးများတွင် အတွင်းလူနာ ၃၄ ဦး ကုသမှု ခံယူလျက်ရှိပြီး ရောဂါသက်သာသဖြင့် ဆေးရုံဆင်းလူနာ ၂၁၁ ဦးနှင့် ပြင်ပလူနာအဖြစ် ပြသသူ ၁၆ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။
ယင်းရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များကို နေ့စဉ် ထုတ်ပြန်တော့မည်မဟုတ်ဘဲ အခါအားလျော်စွာ ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး တိုင်းတာချက်အရ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါလက္ခဏာဖြင့် ပြသသူ ၈၄၈ ဦး၊ ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ ၃၁၇ ဦးနှင့် ဓာတ်ခွဲအတည်ပြု သေဆုံးသူ ၃၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
J-12
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
15-Feb-2019