News

POST TYPE

HEALTH

H1N1 ကြောင့် သေဆုံးသူ ၂၅ ဦးရှိ၊ပိုးတွေ့လူနာ နေ့စဉ်တိုး
15-Aug-2017 tagged as

ရန်ကုန်၊ သြဂုတ် ၁၅

လတ်တလောဖြစ်ပွားနေသည့် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့်သေဆုံးသူ ၂၅ ဦးရှိလာပြီး ပိုးတွေ့လူနာ နေ့စဉ် တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အခြားသော တိုင်းဒေသကြီးများထက် H1N1 ပိုးတွေ့လူနာများနှင့် အသက်သေဆုံးသူများ ပိုမိုတွေ့ရှိရကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

 

H1N1 ပိုးတွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြားရောဂါ အခံများကြောင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈ ဦးရှိကြောင်း၊ သြဂုတ်လ၁၅ရက် မွန်းလွဲ ၂နာရီအထိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၆ ဦး၊ အခြား တိုင်းဒေသကြီး/ပြည်နယ်များတွင် H1N1 ပိုးတွေ့အတွင်းလူနာ ၅၁ ဦး၊ စုစုပေါင်း ၅၇ ဦး ဆက်လက် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အများစုမှာ သက်သာလျက်ရှိကြောင်း ယင်းဌာမှ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ဇူလိုင်လ ၂၁ ရက်မှ သြဂုတ်လ ၁၅ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားသူ ၂၄၂ ဦးရှိပြီး ၂၅ ဦး သေဆုံးကာ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့်ပြသသူ ၆၄၈ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

J-12


  • VIA
  • TAGS