News

POST TYPE

HEALTH

ပဲခူးဆေးရုံကြီးတွင် H1N1 သံသယရှိ လူနာတစ်ဦး သေဆုံး
01-Aug-2017

တောင်ငူ၊ သြဂုတ် ၁ 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် H1N1 သံသယရှိရောဂါဖြင့် တက်ရောက်ကုသမှု ခံယူနေသူ သုံးဦးအနက် သံသယရှိ လူနာအမျိုးသမီးတစ်ဦးသည် ဇူလိုင်လ ၃၁ ရက်နေ့ညက သေဆုံးခဲ့ကြောင်း ပဲခူးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။ 

အဆိုပါ လူနာသုံးဦးအနက် ကျန်နှစ်ဦးကို ပဲခူးဆေးရုံကြီးမှ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ လွဲပြောင်းကုသပေးလျက် ရှိကြောင်း ပဲခူးဆေးရုံကြီးနှင့် နီးစပ်သူ ပဲခူးမြို့ခံတစ်ဦးက ပြောဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် H1N1 ရောဂါသံသယလူနာ ၂၁၃ ဦး ရှိသည့်အနက် ရောဂါဖြစ်ပွားသူ ၆၂ ဦး ရှိနေပြီး သေဆုံးသူ အရေအတွက်မှာ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းအထိ ၁၂ ဦး ရှိနေပြီး ဖြစ်ပြီး ပဲခူးဆေးရုံတွင် တစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ခြင်း မရှိသေးပေ။

R-15