POST TYPE
HEALTH
FDA က အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲထားသည့်အမှု ၂၅ ခုရှိ
30-Jul-2017
ရန်ကုန်၊ ဇူလိုင် ၂၉

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ ရုံးတင်တရားစွဲဆိုထားသည့် အမှုပေါင်း ၂၅ မှုတွင် မှတ်ပုံတင်မဲ့ဆေးများ၊ စပ်ဆေးများနှင့် လိုင်စင်မရှိဘဲ ရောင်းချလျက်ရှိသည့် ဆေးဆိုင်များ ပါဝင်ပြီး ၂၀၁၆ ခုနှစ်တွင် ယင်းကဲ့သို့ ရုံးတင်တရားစွဲဆိုထားသည့် အမှုပေါင်း ၉၉ မှု ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
“အများဆုံးက မှတ်ပုံတင်မဲ့ပဲ။ ဒါကို အဓိကကိုင်မှ ကျန်တာတစ်ဝက်လောက် လျော့မှာ။ နောက်တစ်ခုကတော့ စပ်ဆေးပါ။ ဒီနှစ်ခုက အများဆုံးပဲ။ နောက်ထပ်လာမှာတွေ ရှိသေးတယ်။ တပ်ကုန်းမှာမိတဲ့ ကိစ္စကတော့ ထိန်းချုပ်ဆေးပါ ပါနေတဲ့အတွက် ထောင်ဒဏ်လေးနှစ် ကျတယ်” ဟု ဒေါက်တာသန်းထွဋ်က ဆိုသည်။
ပြည်သူလူထုထံသို့ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ တိုက်ရိုက်ရောက်ရှိမည့် နေရာများကို ကြပ်မတ်စစ်ဆေးလျက် ရှိကြောင်း FDA ၏ သတင်းအချက်အလက်များအရ သိရသည်။
“လိုင်စင်မရှိမှန်း ရောင်းမရတာ သိသိနဲ့ လုပ်ကြတယ်။ တာဝန်သိစွာနဲ့ ရောင်းချချင်တဲ့သူက နည်းတယ်။ ပြည်နယ်တစ်ခုမှာ ရှိတဲ့ မြို့တစ်မြို့က ဆေးဆိုင် ၁၄ ဆိုင် ကြည့်တော့ ၁၄ ဆိုင်လုံးက လိုင်စင်မရှိဘူး။ ဒါနဲ့ နောက်မြို့တစ်ခုကို ထပ်ကြည့်တော့ ဆေးဆိုင် ၁၃ ဆိုင်လုံးမှာ လိုင်စင်မရှိဘူး” ဟု ဒေါက်တာသန်းထွဋ်က ဖြည့်စွက်ပြောကြားသည်။
မြို့ကြီး၊ မြို့ငယ် အသွယ်သွယ်ရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်မဲ့ဆေးများ တွေ့ရှိရပြီး ယင်းကဲ့သို့ မှတ်ပုံတင် မရှိသော ဆေးဝါးမရှိသည့် ဆေးဆိုင်မှာ မရှိသလောက် နည်းပါးလျက်ရှိကြောင်း၊ အလားတူ ဆေးဆိုင်များသည် လိုင်စင်မရှိဘဲ ရောင်းချလျက်ရှိသည့် ဆေးဆိုင်များစွာ ရှိနေသေးကြောင်း FDA ထံမှ သိရသည်။
J-12
- VIA
- Voice Admin
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019