POST TYPE

HEALTH

အသုတ်တွင် ဝက်တုပ်ကွေးရောဂါ မပြန့်ပွားရန် တိုင်းအစိုးရ ပြင်ဆင်
24-Jul-2017 tagged as

ပုသိမ်၊ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အသုတ်မြို့တွင် အမျိုးသမီးတစ်ဦး ရာသီတုပ်ကွေးရောဂါ H1 N1 ဖြစ်ပွားခဲ့သဖြင့် တားဆီး၊ ကားကွယ်ရေး လုပ်ငန်းများ ပြင်ဆင်နေကြောင်း တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက The Voice သို့ ပြောကြားသည်။

“မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ပူးပေါင်းပြီး ရောဂါ ဆက်လက်မပြန့်ပွားဖို့၊ ကာကွယ်ဖို့၊ အသိပညာပေး လုပ်ငန်းတွေကို အရင်ဆုံး သွားရောက် ဆောင်ရွက်နေပါပြီ။ ပြည်သူတွေ အထိတ်တလန့် မဖြစ်ဖို့လည်း လိုအပ်နေပါတယ်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောကြားသည်။

ယနေ့(ဇူလိုင်လ ၂၄ ရက်)တွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ သံလွင်အောင်နှင့် ဆရာဝန် နှစ်ဦးပါဝင်သော ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းကာ ကာကွယ်၊ တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း တိုင်းအစိုးရထံမှ သိရှိရသည်။

R-12

  • VIA
  • TAGS