News

POST SECTION

FOREIGN-AFFAIRS

23-Dec-2018
ဗြိတိန်နိုင်ငံ ဂက်တဝစ်လေဆိပ်သည် ပြီးခဲ့သောနှစ်ရက်အတွင်း လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဒရုန်းများ၏ အနှောင့်အယှက်ပေးခြင်းခံခဲ့ရပြီးနောက် ထိုဖြစ်စဉ်တွင် ပတ်သက်သူနှစ်ဦးကို ရဲများက ဖမ်းဆီးလိုက်သည်ဟု အာဏာပိုင်များက စနေနေ့တွင် ပြောကြားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
23-Dec-2018
နယ်စပ်တံတိုင်းဘတ်ဂျက်ကိစ္စ ရှေ့မတိုးနောက်မဆုတ် အခြေအနေကို ကျော်လွှားရန် အမေရိကန်အမတ်များ၏ ကြိုးပမ်းမှု မအောင်မြင်ခဲ့ခြင်းကြောင့် အမေရိကန်အစိုးရဌာနများ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းသွားရန် အချိန်အနည်း ငယ်သာလိုတော့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
23-Dec-2018
ကမ္ဘာ့အင်အားကြီး နိုင်ငံများစာရင်းတွင် ပါဝင်သည့် ရုရှား၊ တရုတ်နှင့် အီရန် စသည့်နိုင်ငံများသည် ၂၀၁၈ အမေရိ ကန်ပြည်ထောင်စု သက်တမ်းဝက်ရွေး ကောက်ပွဲကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး၏ ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
23-Dec-2018
ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းသွားသော်လည်း IS စစ်သွေးကြွများကို တူရကီကဆက်လက် တိုက်ခိုက်သွားမည်ဟု သမ္မတအာဒိုဂန်က သောကြာနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
23-Dec-2018
အာဖဂန်နစ္စတန်နိုင်ငံတွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ခန့်ကို ပြန်လည်ရုပ်သိမ်းရန် သမ္မတ ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
21-Dec-2018
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် ပါလက်စတိုင်း ဂါဇာကမ်းမြောင်နှင့် အနောက်ဖက်ကမ်းသို့ စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ဇန်နဝါရီ ၁ ရက်မှစ၍ လျှော့ချသွားမည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
21-Dec-2018
ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ကိုအပြည့်အဝရုပ်သိမ်းရန် စတင်ဆောင်ရွက်နေသည်ဟု အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
21-Dec-2018
အမေရိကန်ပြည်ထောင်စုဘက်က နျူကလီးယားခြိမ်းခြောက်မှုများကို ဦးစွာ ရုပ်သိမ်းဖယ်ရှားပေးမှု မပြုသေးသရွေ့ မိမိတို့ဘက်ကလည်း နျူကလီးယားလက်နက်များကို တစ်ဖက်သတ် ဖျက်သိမ်းပေးမည်မဟုတ်ဟု မြောက်ကိုရီးယားကွန်မြူနစ်အစိုးရက ထုတ်ဖော်ကြေညာလိုက်သည်။
20-Dec-2018
နိုင်ငံခြားသားအလုပ်ရှာဖွေသူများကို ဆွဲဆောင်နိုင်ရန်နှင့် အသက်အရွယ်ရလာသော လုပ်သားအင်အားစုများကို သွေးသစ်လောင်းနိုင်ရန်အတွက် လုပ်သားလိုအပ်နေသော ဂျာမနီသည် ပြည်ဝင်ခွင့်ဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ပေးလိုက်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20-Dec-2018
ဘယ်လ်ဂျီယံဝန်ကြီးချုပ် ချားလ်စ်မိုက်ကယ်သည် ရွှေ့ပြောင်းဒုက္ခသည် ပြဿနာနှင့်ပတ်သက်၍ ၎င်း၏ အဓိက လက်တွဲဖော် ပါတီတစ်ခု လက်တွဲဖြုတ်သွားပြီးနောက် ရက်ပိုင်းအကြာတွင် နုတ်ထွက်စာတင်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
20-Dec-2018
ဆီးရီးယားအရေး လေ့လာစောင့် ကြည့်ရေးအဖွဲ့ (SOHR) က နောက်ဆုံး ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ IS အကြမ်းဖက် စစ်သွေးကြွအုပ်စုသည် ဆီးရီးယားအရှေ့ပိုင်းဒေသတွင် နှစ်လတာကာလအတွင်း အကျဉ်းသား ၇၀၀ နီးပါးကို ကွပ်မျက်သတ်ဖြတ်ခဲ့ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။
20-Dec-2018
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာသည် မြန်မာတပ်မတော်နှင့် ဆက်နွှယ်ပတ်သက်မှုများရှိနေသည့် အကောင့်၊ စာမျက်နှာနှင့် အုပ်စုဖွဲ့ထားမှု ၆၀၀ နီးပါးကို ၎င်းတို့၏လူမှုကွန်ရက်ကတစ်ဆင့် ဖယ်ရှားပစ်လိုက်ကြောင်း TRT World News က ဖော်ပြထားသည်။
20-Dec-2018
ဇင်ဘာဘွေတွင် ယခုနှစ် သမ္မတရွေးကောက်ပွဲများအပြီး ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း စစ်တပ်ကအတိုင်း အဆမရှိသော အင်အားကို အသုံးပြုကိုင်တွယ်ခဲ့သည်ဟု စုံစမ်းရေးကော်မရှင်က တွေ့ရှိခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
19-Dec-2018
ကမ္ဘာ့စီးပွားရေးဖိုရမ် WEF က အင်္ဂါနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာသစ်အရ ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းခွင်များတွင် ကျား၊မ တန်းတူညီမျှရေးအတွက် နှစ်ပေါင်း ၂၀၀ ကျော် အချိန်ကြာမြင့်နိုင်သည်ဟု တင်ပြထားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
19-Dec-2018
စပိန်နိုင်ငံ ကတ်တလန်ဒေသတွင် ခရစ္စမတ်အစဉ်အလာ ရွှံ့စေးရုပ်ပုံတူပွဲတော် ကျင်းပခဲ့ရာ ဩဇာအာဏာကြီးသော နာမည်ကျော်ပုဂ္ဂိုလ်များ၏ ပုံတူရွှံ့စေးရုပ်များထဲတွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေလည်း ပါဝင်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။