News

POST SECTION

FOREIGN-AFFAIRS

အိန္ဒိယနိုင်ငံတွင် မုဒိမ်းကျင့်ခံရသူ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်၏ မိဘများက ၎င်းတို့သမီးတွင်ရရှိထားသော ကိုယ်ဝန်အား ဖျက်ချခွင့်ပြုရန် တရားရုံးတော်၌လျှောက်ထားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားက ဂျပန်နိုင်ငံအပေါ် ဒုံးကျည်ကျော်ပစ်ပြီး နာရီပိုင်းအကြာတွင် တောင်ကိုရီးယားလေတပ်က မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်သည့်အသွင် ကျည်အစစ်ဖြင့် စစ်ရေး လေ့ကျင်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကို ဖြတ်ကျော်ပြီး ပင်လယ်ပြင်အတွင်းသို့ မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံက ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ရခိုင်ပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားများကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဘင်္ဂါလီ အကြမ်းဖက် သောင်းကျန်းသူများကို နှိမ်နင်းရာတွင် စစ်ရေးအကူအညီပေးရန် မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြု ကမ်းလှမ်းလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
29-Aug-2017 tagged as ဖိလစ်ပိုင်
ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဖမ်းဆီးရာတွင် ပြန်လည်ခုခံသည့် မည်သည့် ဒုစရိုက်သမားကိုမဆို ပစ်ခတ်သတ်ဖြတ်နိုင်သည်ဟု သမ္မတ ဒူတာတေးက ခပ်ပြတ်ပြတ် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
28-Aug-2017 tagged as စပိန်
ပြီးခဲ့သည့် သီတင်းပတ်အတွင်း စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် လူ ၁၅ ဦး သေဆုံးစေခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အစ္စလာမ္မစ် ဂျီဟတ်စစ်သွေးကြွများကို ဆန့်ကျင်ဆန္ဒပြမှုကြီး ပြုလုပ်ခဲ့ရာ စပိန်ဘုရင် အပါအဝင် လူထောင်ပေါင်း များစွာ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
27-Aug-2017 tagged as ထိုင်း
အငြင်းပွားစရာ ဆန်စပါး အစီအစဉ်တွင် အဂတိလိုက်စားမှုနှင့် တာဝန်ပေါ့လျော့မှုများ ရှိခဲ့သည် ဟူသော စွဲချက်များဖြင့် အမှုရင်ဆိုင်နေရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ်ရှင်နာဝပ်သည် ၎င်း၏အမှုအတွက် နောက်ထပ်ရုံးချိန်းမတိုင်မီ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားပြီ ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
25-Aug-2017 tagged as
မလှုပ်မရှားအနေများခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟူသော စိုးရိမ်မှုများနှင့်အတူ သက်လတ်ပိုင်းအရွယ်များ ကျန်းမာအောင် အထောက်အကူပြုရန် ပို၍မြန်မြန်သွက်သွက် လမ်းလျှောက်ကြရန် တာဝန်ရှိသူများက တိုက်တွန်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
25-Aug-2017 tagged as ဖိလစ်ပိုင်
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးနှင့် ပထမဆုံးအကြိမ် ဓာတ်ပုံတွဲရိုက်ရာတွင် ဒူတာတေးကဲ့သို့ လိုက်လံပြီး လက်သီးဆုပ်ပြခဲ့မိသည့်အတွက် သြစတြေးလျ ထောက်လှမ်းရေး အကြီးအကဲ နစ်ဝါနာကို ဝေဖန်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား အစီအစဉ်ကို အကူအညီ ပေးနေသည့် ရုရှားနှင့် တရုတ်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် ဒါဇင်ခန့်ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုများ ထပ်မံ ပြုလုပ်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မီဒီယာများအပေါ် တဖျစ်တောက်တောက် ဝေဖန်သည့်အကျင့်ကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး သစ္စာဖောက်များနှင့် နှိုင်းယှဉ်ခဲ့ကာ ‘ကျုပ်တို့တိုင်းပြည်ကို သဘောမကျတဲ့ လူဆိုးများ’ ဟု ထိုးနှက်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
23-Aug-2017 tagged as
နေအပြည့်ကြတ်မှုကို အမေရိကန် နိုင်ငံတစ်ဝန်းတွင် စောင့်ကြည့်သူ များပြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း ဆီးရီးယားနိုင်ငံ၏ ဓာတုလက်နက် စီမံကိန်းကို ကိုင်တွယ်သော အစိုးရ အေဂျင်စီထံ မြောက်ကိုရီးယားမှ သင်္ဘောဖြင့် ပစ္စည်းတင်ပို့မှု နှစ်ခုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း မြောက်ကိုရီးယား၏ အရေးယူပိတ်ဆို့မှုများ ချိုးဖောက်မှုဆိုင်ရာ ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာ တစ်စောင်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား စီမံကိန်းများကြောင့် တင်းမာမှု မြင့်တက်နေစဉ်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် ကွန်ပျူတာဖြင့် သရုပ်ဖော် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို သြဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
21-Aug-2017 tagged as အမေရိကန်
ဗာဂျီးနီးယားတွင် လူဖြူလူမျိုးကြီးဝါဒီများ၏ ဆန္ဒပြပွဲ၌ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီးနောက် တစ်ပတ်မျှအကြာတွင် လက်ယာစွန်းဝါဒီ ဟောပြောသူများ တက်ရောက်မည့် ‘လွတ်လပ်စွာ ထုတ်ဖော်ခွင့်’ ခေါင်းစဉ်တပ် စုဝေးပွဲကို ဘော့စတွန်မြို့တွင် ကျင်းပရန် စီစဉ်ခဲ့ရာ တန်ပြန်ဆန္ဒပြသူ လေးသောင်းကျော်ခန့် လမ်းမပေါ်ထွက် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။