News

POST SECTION

FOREIGN-AFFAIRS

13-Jan-2017 tagged as အိုဘားမား
သမ္မတ အိုဘားမားက အမေရိကန်ပြည်ထောင်စုတွင် အရပ်သားများကို ပေးအပ်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော သမ္မတက ချီးမြှင့်သည် လွတ်လပ်ခြင်း ဆုတံဆိပ်ကို ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်အား ပေးအပ်ချီးမြှင့်ခဲ့သည်။
12-Jan-2017 tagged as တရုတ်
မီးခိုးမြူတွေနဲ့ လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ တရုတ်နိုင်ငံမှာ လက်ဖက်ခြောက် တစ်မျိုး ရေပန်းစားလျက် ရှိပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်များ ခြိမ်းခြောက်နိုင်စွမ်း မရှိပါက အမေရိကန်ပြည်ထောင်စု အနေနှင့် ပစ်ချစရာမလိုဟု ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အီလီနွိုက်ပြည်နယ် ရှီကာဂိုတွင် ပြောကြားခဲ့သော အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ နှုတ်ဆက်မိန့်ခွန်းတွင် ပြည်သူများ ဒီမိုကရေစီကို ကာကွယ်ကြရန် အိုဘားမားက တောင်းဆိုသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီရဲ့ လက်ရှိ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ လီဂျေးယောင်ဟာ တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးရဲ့ အကျင့်ပျက် လာဘ်စားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး သံသယရှိသူအဖြစ် မေးမြန်းခံရဖို့ ရှိနေပါတယ်။
11-Jan-2017 tagged as ဒေါ်နယ်ထရမ့်
သမ္မတ ဖြစ်လာတော့မည့် ဒေါ်နယ်ထရမ့်က ၎င်း၏ သမက်အား ထိပ်တန်း အကြံပေးအဖြစ် ခန့်အပ်မှုအပေါ် ဆွေမျိုးကောင်းစားရေးဝါဒ၊ ကိုယ်ကျိုးစီးပွား ငြိစွန်းမှုတို့ဖြင့် ပြန်လည် စစ်ဆေးရန် ဒီမိုကရက်များက တောင်းဆိုထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဗင်နီဇွဲလားတွင် ထိန်းမနိုင် သိမ်းမရ ငွေဖောင်းပွမှုများကြောင့် အနိမ့်ဆုံး လုပ်ခနှင့် ပင်စင်လစာများကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု အစိုးရက ကြေညာကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
10-Jan-2017 tagged as IS
ဂျေရုဆလင်တွင် စစ်သားများကို ထရပ်ကားဖြင့် ဝင်တိုက်ပြီး လေးဦး သေဆုံးစေခဲ့သူမှာ IS ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု ယူဆရကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ပြောကြားခဲ့ သည်ဟု BBC သတင်းက ဖော်ပြသည်။
အမေရိကန်သမ္မတ အိုဘားမားက ဆက်ခံမည့်သူ ဒေါ်နယ်ထရမ့် အနေနှင့် အိမ်ဖြူတော်ကို ‘မိသားစု စီးပွားရေးလုပ်ငန်း စီမံသည့် နည်းလမ်း’ ဖြင့် မကွပ်ကဲသင့်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။
09-Jan-2017 tagged as ထိုင်း ရေကြီး
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ရာဘာထုတ်လုပ်ရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းသွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၉ ရက်) ထုတ်ပြန်လိုက်ပါတယ်။
09-Jan-2017 tagged as အမေရိကန်
ဖလော်ရီဒါပြည်နယ် ဖို့ဒ်လော်ဒါ ဒေးလ်လေဆိပ်တွင် ပစ်ခတ်အကြမ်းဖက်ခဲ့သူအား စွဲချက်တင်လိုက်ပြီ ဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
08-Jan-2017 tagged as တရုတ်
တရုတ်နိုင်ငံအား ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရန် ခွင့်ပြုမှုကို သီရိလင်္ကာ တောင်ပိုင်းတွင် ဆန္ဒပြခဲ့ကြရာမှ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထာသည်။
06-Jan-2017 tagged as ဆရာဝန်
သစ်ပင်လူသားလို့ ခေါ်ဝေါ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားဟာ ၁၆ ကြိမ်တိုင် ခွဲစိတ်မှုခံယူခဲ့ပြီးတဲ့နောက်မှာ လူကောင်းတစ်ယောက် အဖြစ်နဲ့ ဆေးရုံက ဆင်းခွင့်ရဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။
05-Jan-2017 tagged as
လမ်းမကြီးတွေ အနားမှာ နေထိုင်သူတွေဟာ အခြားသူတွေထက် ဦးနှောက်ထိခိုက်ပြီး မှတ်ဉာဏ်ချို့ယွင်းဖောက်ပြန်တဲ့ရောဂါ ခံစားရနိုင်ချေ ပိုမြင့်တယ်လို့ ဗြိတိန်ဆေးပညာဂျာနယ် တစ်စောင်မှာ ဖော်ပြထားတဲ့ သုတေသန စာတမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။