News

POST SECTION

FOREIGN-AFFAIRS

30-Apr-2019
ဟောင်ကောင်တွင် တရားခံဟု သံသယရှိသူများကို ပြည်မကြီးတရုတ်နိုင်ငံသို့ ပို့ပေးနိုင်မည့် ဥပဒေတစ်ရပ်ကို အပြောင်းအလဲလုပ်ခဲ့ရာ မကျေနပ်သူ ဟောင်ကောင်သား သောင်းပေါင်းများစွာ လမ်းမများပေါ်ထွက်လာပြီး ဆန္ဒပြကြကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30-Apr-2019
အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် အရေအတွက် သန်းချီသော မဲပြားများကို နာရီပေါင်းများစွာ လက်ဖြင့်ရေတွက်ခဲ့ရမှုကြောင့် ခြေကုန်လက်ပန်းကျကာ ကွယ်လွန်ခဲ့သော ရွေးကောက်ပွဲဝန်ထမ်း ၂၇၀ ကျော်ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
29-Apr-2019
စပိန်နိုင်ငံတွင် လေးနှစ်အတွင်း သုံးကြိမ်မြောက် ပြုလုပ်သော ရွေးကောက်ပွဲတွင် အာဏာရဆိုရှယ်လစ်ပါတီက အနိုင်ရရှိသွားသော်လည်း အများစုနေရာရခြင်းမရှိခဲ့ဟု BBC သတင်းတွင် ဖော်ပြထားသည်။
29-Apr-2019
သီရိလင်္ကာသမ္မတ ဆီဆာဆီးနားဟာ မူဆလင်အမျိုးသမီးတွေကို လူမြင်ကွင်းမှာ ဝတ်ရုံခြုံလွှာတွေ ၀တ်ဆင်ခွင့်မပြုတော့တဲ့ အရေးပေါ်ဥပဒေတစ်ရပ်ကို ဒီကနေ့မှာ ထုတ်ပြန်ပြဌာန်းလိုက်ပြီဖြစ်ပါတယ်။
29-Apr-2019
ဂျပန်နိုင်ငံတွင် ဧကရာဇ် အကီဟီတို၏ နန်းစွန့်ပွဲမတိုင်မီ ရက်ပိုင်းတွင် မြေးဖြစ်သူ မင်းသားငယ်၏ စာသင်ကျောင်း စားပွဲခုံအနီးတွင် ဓားနှစ်လက်တွေ့ရှိခဲ့ပြီးနောက် ရဲက စုံစမ်းစစ်ဆေးနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
28-Apr-2019
ယခုနှစ်အစောပိုင်း ဗီယက်နမ်နိုင်ငံ၌ သမ္မတဒေါ်နယ်ထရမ့်နှင့် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲအတွင်း အမေရိကန် ပြည်ထောင်စုသည် သဘောထားရိုးစင်းမှု မရှိခဲ့ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ထုတ်ဖော်စွပ်စွဲလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ရေးသားဖော်ပြသည်။
28-Apr-2019
လာမည့်လတွင် ကျင်းပမည့် ဥရောပ ပါလီမန်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်အများစုက နှစ်သက်သောအချက်ထက် မနှစ်သက်သောအချက်အပေါ်တွင် အခြေခံကာ မဲပေးကြလိမ့်မည်ဟု လေ့လာမှု စစ်တမ်းအရ သိရှိရကြောင်ျးွှီ သတင်းတွင် ဖော်ပြထားသည်။
28-Apr-2019
ခေတ်သစ်အမေရိကန် လူမျိုးရေး ရာဇဝတ်မှုများထဲမှ တစ်ခုဖြစ်သော ၁၉၉၈ ခုနှစ်က ဂျိမ်းဘိုင်ယတ်ဂျူနီယာ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံသုံးဦးထဲမှ တစ်ဦးကို တက်ဆပ်ပြည်နယ်တွင် ကွပ်မျက်လိုက်ပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။
28-Apr-2019
ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသည် အမေရိကန်ပြည်ထောင်စုအပေါ်တွင် မူတည်နေပြီး ရန်လိုသည့်ပုံစံသို့ အလွယ်တကူ ပြန်ရောက်သွားနိုင်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရုရှားသမ္မတပူတင်အား သောကြာနေ့တွင် ပြောဆိုခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
28-Apr-2019
ကာရစ်ဘီယန်ကျွန်း ထရီနီဒက် တိုဘာဂိုသို့ ထွက်ခွာလာသည့် ဗင်နီဇွဲလား ရွှေ့ပြောင်းဒုက္ခသည်များသည် လမ်းခရီးတွင် စက်လှေနစ်မြုပ်ကာ အနည်းဆုံး ၂၁ ဦး ပျောက်ဆုံးနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
27-Apr-2019
သီရိလင်္ကာနိုင်ငံမှာ ဒီကနေ့ ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး လူ ၁၅ ယောက် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။
26-Apr-2019
မလေးရှားရဲချုပ် တန်ဆရီ မိုဟာမက် ဖူဇီဟာရန်းသည် မလေးရှားနိုင်ငံရှိ နေရာနှစ်ခုတွင် အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်သို့ ၀င်ရောက်ရန်အတွက် စုရပ်ဖွဲ့ကာ စခန်းချစီစဉ်မှုများရှိနေကြောင်း ထုတ်ဖော်အသိပေးလိုက်သည်ဟု NST သတင်းမီဒီယာက ဖော်ပြထားသည်။
26-Apr-2019
သီရိလင်္ကာသမ္မတ ဆီရီဆီးနားသည် နိုင်ငံတွင်းဖြစ်ပွားသွားခဲ့သော အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခဲ့မှုများတွင် အစိုးရဘက်က အလိုရှိနေသော အစွန်းရောက်အကြမ်းဖက်သမား ဇဟာရန် ဟာရှင်းမ် အသက်သေဆုံးသွားခဲ့သည်ဟု အတည်ပြုပြောကြားလိုက်ပြီဖြစ်ကြောင်း Channel News Asia က ဖော်ပြထားသည်။
26-Apr-2019
အမေရိကန်တပ်ဖွဲ့များနှင့် တွေ့ဆုံရာတွင် မက္ကဆီကိုစစ်သားများက သေနတ်ဆွဲထုတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မက္ကဆီကိုနယ်စပ်သို့ လက်နက်ကိုင် အမေရိကန်စစ်သားများ စေလွှတ်လိုက်ပြီဟု သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
26-Apr-2019
သီရိလင်္ကာနိုင်ငံတွင် လူပေါင်း ၃၅၉ ဦး သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သော အီစတာဆန်းဒေး ဗုံးခွဲတိုက်ခိုက်မှုများမတိုင်မီ အဓိက ထောက်လှမ်းရေး ဟာကွက်များရှိခဲ့သည်ဟု အစိုးရက ဝန်ခံလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။