News

POST SECTION

FOREIGN-AFFAIRS

11-Jul-2019
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်သည် ဗြိတိန်နိုင်ငံနှင့် ဗြိတိန်ဝန်ကြီးချုပ်အပေါ် လေးစားမှုမရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ဗြိတိန် (ယူကေ) နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်က ဝေဖန်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
11-Jul-2019
အာရပ်ပင်လယ်ကွေ့နားတွင် ဗြိတိန်ရေနံတင် တန်ကာ သင်္ဘောကြီးတစ်စင်းကို အီရန်သင်္ဘောများက ဝိုင်းဝန်း နှောက်ယှက်ကြရာ ဗြိတိန်တော်ဝင် ရေတပ်စစ်သင်္ဘောရောက်ရှိလာပြီး ပြန်လည်မောင်းထုတ်လိုက်ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
11-Jul-2019
အာရပ်ပင်လယ်ကွေ့နားတွင် ဗြိတိန်ရေနံတင် တန်ကာ သင်္ဘောကြီးတစ်စင်းကို အီရန်သင်္ဘောများက ဝိုင်းဝန်း နှောက်ယှက်ကြရာ ဗြိတိန်တော်ဝင် ရေတပ်စစ်သင်္ဘောရောက်ရှိလာပြီး ပြန်လည်မောင်းထုတ်လိုက်ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
10-Jul-2019
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် H1N1 ရာသီတုပ်ကွေးရောဂါပိုးကူးစက် ခံရသည့်သံသယရှိလူနာ ခြောက်ဦးရှိသည့်အနက်မှ လူနာနှစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သော်လည်း ကူးစက်ခံရသူ လူနာနှစ်ဦး အပါအဝင် သံသယရှိသူများ အားလုံး ကျန်းမာရေးကောင်းမွန်ကြောင်း
10-Jul-2019
တရုတ်နွယ်ဖွား ဩစတြေးလျ စာရေးဆရာ ယန်ဟင်ဂျွန်သည် ယခုနှစ် ဇန်နဝါရီလက တရုတ်နိုင်ငံတွင် ပျောက်ဆုံးသွားခဲ့ရာ ခြောက်လကြာချိန်အထိ ၎င်း မည်သည့်နေရာတွင် ရှိနေသည်၊ မည်သည့်အချိန်တွင် ပြန်လာနိုင်မည်ကို ၎င်း၏မိသားစုက မသိရသေးကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
10-Jul-2019
အီရန်နှင့် ယီမင်ပင်လယ်ပြင်များတွင် ပင်လယ်ကူးသင်္ဘောကြီးများ တိုက်ခိုက်ခံနေရလျက်ရှိရာ လုံခြုံရေးတန်ပြန်ရန်အတွက် နိုင်ငံတကာစစ်ရေးမဟာမိတ်ဖွဲ့ရန် အမေရိကန်က ဦးဆောင်ဆော်သြလိုက်ကြောင်း သတင်းများက ဆိုသည်။
10-Jul-2019
ပါပူအာနယူးဂီနီနိုင်ငံ တောင်ပေါ်ဒေသတွင် မျိုးနွယ်စု အချင်းချင်း တိုက်ခိုက်လူသတ်ပွဲဖြစ်ခဲ့ရာ ကလေးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် အနည်းဆုံး လူ ၂၄ ဦးအထိ သေဆုံးသွားခဲ့သည်။
10-Jul-2019
ထရမ့်အစိုးရကို မလုပ်တတ်၊ မကိုင်တတ် အရည်အချင်းမရှိသည့် အစိုးရဟု ၂၀၁၇ ခုနှစ်က ကဲ့ရဲ့ဝေဖန်ထားသည့် ယူကေသံအမတ် ကင်မ်ဒါရော့ခ်ျ၏ သံရုံး မှတ်တမ်းများ ယခုသီတင်းပတ်ကုန်ရက်တွင် ပေါက်ကြားခဲ့မှုနှင့်ပတ်သက်ပြီး တနင်္လာနေ့တွင် သမ္မတထရမ့်က ဝန်ကြီးချုပ် ထရီဇာမေအား Twitter တွင် “ဖဲ့လိုက်သည်”ဟု DW သတင်းတွင် ဖော်ပြထားသည်။
10-Jul-2019
ဟောင်ကောင်မြို့လုံးကျွတ် ကန့်ကွက်ဆန္ဒပြခဲ့ကြသော ပြည်မကြီးသို့ တရားခံ လွှဲပြောင်းရေးဥပဒေကြမ်းသည် အသက်ဝင်ခြင်းမရှိတော့ဘဲ လုံးဝပျက်ပြားသွားပြီဟု ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်းက အင်္ဂါနေ့တွင် ပြောကြားလိုက်ကြောင်း သတင်းတွင် ဖော်ပြသည်။
09-Jul-2019
ထိုင်ဝမ်နိုင်ငံသို့ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖိုးခန့်ရှိသည့် M1A2 တင့်ကားများ၊ စတင်ဂါဒုံးကျည်များနှင့် ဆက်စပ်ကိရိယာများကို ရောင်းချဖွယ်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြု
09-Jul-2019
တရုတ်ပြည်မကြီးသို့ တရားခံများ လွှဲပြောင်းပေးပြီး စစ်ဆေးအရေးယူစေမည့် ဥပဒေကြမ်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်က ကြေညာလိုက်သည်။
09-Jul-2019
အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာ ဒတ်ရှ်ပြည်နယ်တွင် အဝေးပြေးဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယင်း ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသူ ခရီးသည် ၂၉ ဦး သေဆုံးသွားပြီး အမြောက်အမြား ဒဏ်ရာရရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
09-Jul-2019
ဂရိနိုင်ငံတွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် လက်ယာယိမ်း ဒီမိုကရေစီသစ်ပါတီက အနိုင်ရသွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
08-Jul-2019
ဗင်နီဇွဲလားနိုင်ငံတွင် ကာလကြာရှည်နေသော နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းရန် ကြိုးစားသည့်အနေနှင့် သမ္မတ မာဒူရို အစိုးရနှင့် ဆွေးနွေးပွဲများပြန်စရန် သဘောတူလိုက်ပြီဟု အတိုက်အခံများက ထုတ်ပြန်ကြေညာကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။