News

POST SECTION

FOREIGN-AFFAIRS

21-Jun-2019
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရန် တရုတ်သမ္မတရှီကျင့်ဖျင်သည် မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
20-Jun-2019
အမေရိကန်နှင့် တရုတ်ခေါင်းဆောင် နှစ်ဦးအကြား မကြာမီ ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အငြင်းပွားမှုများကို ချက်ချင်း ပြေလည်သွားစေမည့်အလားအလာ မရှိသော်လည်း နောက်ထပ်ဆွေးနွေးမှုများ ပြန်လည်စတင်ရန် လမ်းပွင့်သွားစေနိုင်သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့ကပြောကြားကြောင်
20-Jun-2019
ယခင်က မဒရပ်စ်ဟု လူသိများသော အိန္ဒိယတောင်ပိုင်း မြို့တော်ချင်နိုင်းတွင် အဓိက ရေလှောင်ကန်လေးခု လုံးဝခန်း ခြောက်ကာ သောက်သုံးရေ ပြတ်လပ်မှုကို ကြုံတွေ့နေရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
20-Jun-2019
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်တစ်ကြိမ် ရွေးကောက်ခံရန်အတွက် မဲဆွယ်မှုကို တရားဝင်စတင်လိုက်ပြီး ၎င်း၏အစိုးရကို နောက်ထပ် လေးနှစ် အားပေးကြရန် ထောက်ခံသူများကို တိုက်တွန်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
19-Jun-2019
ကုန်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ရသူ ဦးရေမှာ သန်း ၇၀ ကျော်အထိ ရှိခဲ့သည်ဟု ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအေဂျင်စီ (UNHCR) က ထုတ်ပြန်လိုက်ပြီး ယင်းပမာဏသည် UNHCR ၏ နှစ်ပေါင်း ၇၀ တာ ဒုက္ခသည်များအရေး ဆောင်ရွက်ခဲ့သောကာလအတွင်း စံချိန်တင်လောက်သည့် ပမာဏဖြစ်သည်ဟု ဖော်ပြလိုက်သည်။
19-Jun-2019
အီရန်နှင့် ရေနံတင်သင်္ဘောအရေး တင်းမာမှု မြင့်တက်နေစဉ် အမေရိကန် စစ်တပ်က အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁၀၀၀ ထပ်မံစေလွှတ်မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
19-Jun-2019
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ဘက်ဒေသရှိ စီချွမ်ပြည်နယ်တွင် အင်အားပြင်းထန်သည့် မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရ ရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
18-Jun-2019
တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်းကိုမကျေနပ်၍ ပြည်သူထောင်ပေါင်းများစွာ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြခဲ့ကြသည့်ကိစ္စနှင့်ပတ်သက်ပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ပြည်သူများကို အနူးအညွတ်တောင်းပန်လိုက်ပြီဖြစ်ရာ အဆိုပါအငြင်းပွားဖွယ်ဥပဒေကို အတည်ပြုမည့်အလားအလာ မရှိတော့သည်ကို ဖော်ပြလိုက်ရာရောက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
18-Jun-2019
ဗြိတိန်ဝန်ကြီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်အရွေးခံကြမည့် ပြိုင်ဘက်များသည် တနင်္ဂနွေနေ့က ပထမဆုံး ဆွေးနွေးငြင်းခုံပွဲတွင် ဘရိတ်ဇစ် မဟာဗျူဟာအရေးတွင် အချေအတင်ဖြစ်ခဲ့ကြသော်လည်း ရှေ့ဆုံးမှ ဦးဆောင်နေသူ ဘောရစ်ဂျွန်ဆင်က ထိပ်တိုက်တွေ့မှုကို ရှောင်လွှဲသွားခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
18-Jun-2019
ဟောင်ကောင်၏ မျက်နှာဖုံးဟု နိုင်ငံရေးသမားများနှင့် မီဒီယာများ၏ ဖော်ပြခြင်းခံရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် ဂျော်ရှုဝါသည် တနင်္လာနေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် လတ်တလော ဟောင်ကောင်တွင်ဖြစ်ပေါ်နေသော ဆန္ဒပြလှုပ်ရှားမှုကြီးနှင့် ပူးပေါင်းသွားမည်ဖြစ်သည်ဟု ကတိပြုပြောဆိုလိုက်သည်။
17-Jun-2019
အာဂျင်တီးနားနှင့် ဥရုဂွေးတွင် တနင်္ဂနွေနေ့က လူပေါင်း ၄၈ သန်းခန့် ဓာတ်အားပြတ်တောက်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ၇၀ ရာခိုင်နှုန်းမျှကိုသာ ဓာတ်အားပြန်ပေးနိုင်သေးသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
17-Jun-2019
အိန္ဒိယနိုင်ငံသည် တနင်္ဂနွေနေ့မှစ၍ အယ်လ်မွန်၊ ပန်းသီးနှင့် သစ်ကြားသီး အပါအဝင် အမေရိကန်ကုန်စည် ၂၈ မျိုး အပေါ်တွင် မြင့်မားသောအခွန်နှုန်းချမှတ်သွားမည်ဖြစ်ပြီး ဝါရှင်တန်ထံမှ ကုန်သွယ်မှု အခွင့်ထူး ရုပ်သိမ်းခံရမှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
17-Jun-2019
အမေရိကန်သမ္မတထရမ့်က လန်ဒန်မြို့ဝန် ဆာဒစ်ခန်ကို နောက်တစ်ကြိမ် ပြစ်တင်ဝေဖန်လိုက်ပြီး ယူကေမြို့တော်ကို ဖျက်ဆီးနေသူ ပြည်ဖျက်တစ်ဦးဖြစ်သည်ဟု ပျစ်ပျစ်နှစ်နှစ် သုံးနှုန်းလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
17-Jun-2019
အနက်ရောင်ဝတ်စုံများ ဆင်မြန်းကာ ဟောင်ကောင်မြို့လယ်တွင် သိန်းကျော်သော ပြည်သူများစုဝေးကာ ဟောင်ကောင် ခေါင်းဆောင် နုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။
16-Jun-2019
တရုတ်သို့ တရားခံလွှဲပြောင်းမှုဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်သော ဟောင်ကောင်မှ ဆန္ဒပြပွဲများသည် အနီးအနားရှိ ထိုင်ဝမ်သို့ စိုးရိမ်မှုများ ရိုက်ခတ်လျက်ရှိသည်ဟု CAN သတင်းတွင် ဖော်ပြထားသည်။