News

POST SECTION

FOREIGN-AFFAIRS

ခရစ္စမတ်ကာလတွင် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့၌ အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သည်ဟု သံသယရှိသဖြင့် ကမ်းတက် တပ်သားဟောင်းတစ်ဦးကို အမေရိကန် FBI ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံခြားရွေးကောက်ပွဲများတွင် သက်သေအထောက်အထား များစွာရှိနေသော ကြားဝင်စွက်ဖက်နေမှုကို ရပ်ဆိုင်းရန် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ရုရှားနိုင်ငံခြားရေးဝန်ကြီးကို သောကြာနေ့က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ဘက်ပြောင်းခိုလှုံလာသော မြောက်ကိုရီးယားစစ်သားတစ်ဦးကို လိုက်လာရှာဖွေသော မြောက်ကိုရီးယား အစောင့်တပ်ဖွဲ့များကို တောင်ကိုရိးယားစစ်ဘက်က သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ဘင်္ဂါလီဒုက္ခသည်များအပေါ် ယခုနှစ်အတွင်း ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ထရမ့်၏ အမျိုးသား လုံခြုံရေးမူဝါဒသစ်မှာ နယ်ချဲ့ဝါဒီဆန်လွန်းနေပြီး ဝင်ရိုးစုံကမ္ဘာကို လက်ခံလိုစိတ် ကင်းမဲ့နေကြောင်း ဖော်ပြရာ ရောက်သည်ဟု ရုရှားက ဝေဖန်ခဲ့သည်ဟု VOA သတင်းဌာနက ဖော်ပြသည်။
21-Dec-2017 tagged as ကနေဒါနိုင်ငံ
ကနေဒါနိုင်ငံမှ ဇနီးမောင်နှံသည် အိမ်ထောင်သက်တမ်း ၇၀ ကျော်မှ ခရစ္စမတ်မတိုင်မီ တစ်ပတ်အလိုတွင် ပထမဆုံးအကြိမ် ခွဲခွာရမည်ကိုသိရှိပြီးနောက် အသည်းကွဲနေကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
20-Dec-2017 tagged as
ပြီးခဲ့သည့် တူနီးရှားရွှေ့ပြောင်းခိုလှုံသူ အန်နစ်အမ်မရီသည် လူအုပ်ထဲသို့ ကုန်ကားဖြင့် ဝင်တိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရသော ဘာလင်ခရစ္စမတ်ဈေးတန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကိုင်တွယ်ရာတွင် အမှားများ ပြုလုပ်ခဲ့မိသည်ဟု ဂျာမနီအစိုးရက ဝန်ခံလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားဒုံးကျည်များ၏ ခြိမ်းခြောက်မှု တိုးပွားလာသဖြင့် အမေရိကန်ပြည်ထောင်စုထုတ် မြေပြင်အခြေစိုက် အေးဂျစ် ရေဒါစခန်းများ၊ ကြားဖြတ်ဟန့်တားရေး ဒုံးများဖြင့် ဒုံးခွင်းဒုံးစနစ်ကို ဂျပန်နိုင်ငံက တိုးချဲ့သွားမည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
19-Dec-2017 tagged as ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း ဘီလီရန်ကျွန်းတွင် မုန်တိုင်း ကုန်းတွင်းဝင်ရောက်မှုကြောင့် ၂၆ ဦး သေဆုံးပြီး ၂၃ ဦး ပျောက်ဆုံးနေသည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
19-Dec-2017 tagged as သမ္မတ
ချီလီသမ္မတရွေးပွဲတွင် ကွန်ဆာဗေးတစ် သမ္မတဟောင်း ကုဋေကြွယ်သူဌေး ဆီဘက်ရှန်ပီနာရာ အနိုင်ရရှိသွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
19-Dec-2017 tagged as ထိုင်း
ထိုင်းနိုင်ငံစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝမ်ဆူဝမ်၏လက်တွင် ဘတ်ငွေ သန်းနှင့်ချီတန်သော လက်ပတ်နာရီ ဝတ်ဆင်ထားသည့် ဓာတ်ပုံထွက်ရှိလာပြီးနောက် ထိုင်းပြည်သူများအကြား စစ်အစိုးရခေါင်းဆောင်များ၏ ကြွယ်ဝချမ်းသာမှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြထားသည်။
18-Dec-2017 tagged as ဂျပန် နည်းပညာ
ဂျပန်နိုင်ငံ၏ နည်းပညာနှင့် ငွေကြေးအကူအညီဖြင့် ရန်ကုန်-ပြွန်တန်ဆာဘူတာတွင် ထိန်းချုပ်ရေးစင်တာ Operatiing Control Center(OCC) တည်ဆောက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားထံမှ သိရသည်။
18-Dec-2017 tagged as ဗန်းမော်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ မြို့တွင်းလမ်း အဆင့်မြှင့်တိုးချဲ့သည့် စီမံကိန်းနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများအနေနှင့် စံချိန်မီ လုပ်ဆောင်ရန် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်က ပြောကြားသည်။
တောင်ကိုရီးယားရှိ Crypto-Currency ငွေလဲဌာနကို ကွန်ရက်ဖောက်ထွင်းမှုပြုသည့် နောက်ကွယ်တွင် မြောက်ကိုရီးယားရှိနေသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီများက ယူဆထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြသည်။
18-Dec-2017 tagged as အမေရိကန်
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျသည့် အမျိုးအမည်မသိ ပျံသန်းနေသော အရာများ UFOs စုံစမ်းစစ်ဆေးရေး လျှို့ဝှက်အစီအစဉ်ကို လုပ်ဆောင်နေသည်ဟု အမေရိကန်သတင်းစာက ရေးသားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။