News

POST SECTION

FOREIGN-AFFAIRS

06-Oct-2016 tagged as အီတလီ ဒုက္ခသည်
အင်္ဂါနေ့က လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်း ဒုက္ခသည် ၄၆၅ဝ ကျော်ကို ကယ်ဆယ်ခဲ့ပြီး အလောင်း ၂၈ လောင်းကို တွေ့ရှိခဲ့ကြောင်းနှင့် လွန်ခဲ့သော ၄၈ နာရီအတွင်း ကယ်ဆယ်ခဲ့သူ အရေအတွက် ၁၁,ဝဝဝ နီးပါး ရှိကြောင်း အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြ ထားသည်။
06-Oct-2016 tagged as
ဟေတီနဲ့ ဘဟားမားစ်တို့ကို ဝင်ရောက်ပြီး မွှေနှောက် ဖျက်ဆီးပြီးတဲ့နောက်မှာ အင်အားပြင်း ဟာရီကိန်း မုန်တိုင်း မတ်သရူးဟာ အမေရိကကို ဦးတည် ချဉ်းကပ်လျက် ရှိနေပါပြီ။
ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ပုံ ကြမ်းတမ်းမှုအပေါ် ပြစ်တင်ဝေဖန်ခဲ့သော အမေရိကန်သမ္မတ အိုဘားမားကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ‘ငရဲကိုသာ သွားသေလိုက်’ ဟု ဆဲဆိုလိုက်ပြန်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
06-Oct-2016 tagged as ပေါ်တူဂီ
ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ အန်တိုနီယို ဂူတာရက်စ်ကို အသစ်တက်မည့် ကုလသမဂ္ဂ အထွေထွေရေးမှူးချုပ် ဖြစ်လာရန် သေချာသလောက် ရှိနေကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
04-Oct-2016 tagged as
အီသီယိုးပီးယားနိုင်ငံ အော်ရိုမီယာဒေသတွင် နှစ်စဉ်ကျင်းပနေကျ လူသိန်းချီ တက်ရောက်သည့် ယဉ်ကျေးမှုပွဲတော်တွင် ဆန္ဒပြသူများကို ရဲက မျက်ရည်ယိုဗုံးများ၊ သတိပေး ပစ်ဖောက်မှုများဖြင့် နှိမ်နင်းခြင်းကြောင့် ပွဲတော်လာများ ကြောက်လန့်တကြား ပြေးလွှားကြရမှ လူအုပ်ပိကာ ၅၂ ဦး သေဆုံးခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။
03-Oct-2016 tagged as ရော်ဘင်ဝီလျံ
ဟောလိဝုဒ်ရဲ့ နာမည်ကျော် ဟာသ သရုပ်ဆောင်ကြီး ရော်ဘင်ဝီလျံရဲ့ ဇနီးသည် ဆူဇန်ရှနိုက်ဒါ ဝီလျံဟာ ရော်ဘင် အသက် ရှင်ခဲ့တဲ့ နောက်ဆုံးနှစ်တွေအကြောင်း အက်ဆေး တစ်ပုဒ် ရေးသားခဲ့ပါတယ်။
ကိုလံဘီယာ အစိုးရနဲ့ အဓိက လက်နက်ကိုင် တပ်ဖွဲ့ FARC တို့အကြား ၄ နှစ်ကြာ ခက်ခက်ခဲခဲ ညှိနှိုင်းပြီးနောက် ရရှိထားတဲ့ ငြိမ်းချမ်းရေး သဘော တူညီချက်ကို နှစ်ဖက် လက်မှတ် မထိုးခင်မှာ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပခဲ့ရာ ကန့်ကွက်တဲ့သူက ပိုများခဲ့တာကြောင့် သဘော တူညီချက်ကို လက်မှတ် ရေးထိုးဖို့ မရေမရာ ဖြစ်
02-Oct-2016 tagged as ဖိလစ်ပိုင်
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက သူ၏ မူးယစ်တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဟိုလိုကော့စ် ဖြစ်ရပ်ဆိုးနှင့် နှိုင်းယှဉ်ခဲ့မှုကြောင့် ဂျူးခေါင်းဆောင်များက ဒေါသတကြီး တုံ့ပြန်ဝေဖန်ခဲ့
02-Oct-2016 tagged as ဂျပန်
အမျိုးသားများ အလုပ် လုပ်သည့် ပမာဏနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးများက ငါးဆခန့် ပို၍ အလုပ် လုပ်ကြသော ဂျပန်နိုင်ငံတွင် အိမ်မှုကိစ္စ အဝဝ၌ အမျိုးသားများ ပိုမို ကူညီပေးကြရန် ဆော်သြသည့် အနေနှင့် ဂျပန် နိုင်ငံရေးသမား အမျိုးသား သုံးဦးက ကိုယ်ဝန်ဆောင်ပုံစံ စွပ်ကျယ်အင်္ကျီများ ဝတ်ဆင်ပြခဲ့ကြကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရကို ဖြုတ်ချပစ်ပြီး ဂျီဟတ်အုပ်စုများကို အကာအကွယ်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ဝေဖန်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မူးယစ်ဆေး ရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းမှုတွေ ပြုလုပ်နေမှုတွေကြောင့် ထောက်ခံမှုတွေရော၊ ဝေဖန်မှုတွေပါ ရရှိနေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အခုတစ်ခါမှာ သူ့ကိုယ်သူ စစ်အာဏာရှင် ဟစ်တလာနဲ့ပါ ဆက်စပ်ပြီး ပြောဆိုလိုက်ပြန်ပါပြီ။
၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မလေးရှား လေကြောင်းလိုင်းပိုင် ပျံသန်းမှု အမှတ်စဉ် MH17 လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်မှာ ရုရှားနိုင်ငံမှ တင်သွင်းလာခြင်း ဖြစ်ကြောင်း နိုင်ငံတကာ စုံစမ်းရေးမှူးများက ထုတ်ပြန်ကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
ပါကစ္စတန် နယ်စပ်ဒေသတွင် ခြေကုပ်ယူ လှုပ်ရှားနေသော စစ်သွေးကြွများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်သည်ဟု အိန္ဒိယစစ်တပ်က ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။