News

POST SECTION

FOREIGN-AFFAIRS

27-Jun-2019
ဟောင်ကောင်တွင် အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်း ဖျက်သိမ်းပေးရန် ကြိုးပမ်းမှုကို ထောက်ခံပေးရန်နှင့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်အကြား ဖြစ်နေသော မပြေလည်မှုများကိစ္စကို လာမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးပေးရန် ဆန္ဒပြသူ တစ်ထောင်ကျော်ခန့်က ဟောင်ကောင်ရှိ နိုင်ငံခြားကောင်စစ်ဝန် ရုံးများရှိရာသို့ ချီတက်ဆန္ဒပြခဲ့ကြကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
26-Jun-2019
ဂမ်ဘီယာနိုင်ငံ၏ သမ္မတဟောင်း ယာရာဂျမားသည် မိမိကို ၎င်း၏ရုံးခန်းအတွင်း အဓမ္မပြုကျင့်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံ၏အလှမယ်ဟောင်း ဖာတူတိုဖာဂျာလိုက ထုတ်ဖော်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
26-Jun-2019
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၁၉၉၀ ခုနှစ်များအတွင်းက နယူးယောက် ကုန်တိုက်တစ်ခု၏ အဝတ်လဲခန်းတွင် လိင်စော်ကားမှု ပြုလုပ်ခဲ့သည်ဟု ၎င်းအား မဂ္ဂဇင်းဆောင်းပါးရှင် အမျိုးသမီးတစ်ဦးက စွပ်စွဲထားခြင်းနှင့်ပတ်သက်၍ တနင်္လာနေ့က ထပ်မံငြင်းဆန်လိုက်ပြီး “သူက ကျုပ်အကြိုက်ပုံစံ မဟုတ်ပါဘူး”ဟု ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
26-Jun-2019
အီရန်နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမေနီနှင့် အီရန်ထိပ်တန်းအရာရှိကြီးများအပေါ် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူကြောင်း အင်္ဂါနေ့ (ဇွန်လ ၂၅) တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းသည် အမေရိကန်နှင့်အီရန်အကြား သံတမန် ဆက်ဆံရေးလမ်းကြောင်း ရာသက်ပန် ပိတ်ပင်လိုက်သည့် သဘောပင်ဖြစ်သည်ဟု အီရန်အစိုးရက အဆိုပါအမေရိကန် ဒဏ်ခတ်အရေးယူမှုသစ်နှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားလိုက်သည်။
25-Jun-2019
မလေးရှားနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ကျောင်းသားကလေးငယ် ၇၅ ဦး ခန့် အသက်ရှူကျပ်ကာ အော့အန်ခဲ့ပြီးနောက် ဂျိုဟိုးပြည်နယ်တွင် ကျောင်းပေါင်း ၄၀၀ ကျော်ကို ပိတ်ထားလိုက်ရသည်
24-Jun-2019
ယခုသီတင်းပတ်အတွင်း ကျင်းပတော့မည့် G20 ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဉ် ဟောင်ကောင်၌ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအကြောင်းပြောဆိုရန် စီစဉ်ထားသော်လည်း ဘေဂျင်းဘက်က ဆွေးနွေးခွင့်ပြုမည်မဟုတ်ဟု တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြောကြား
24-Jun-2019
အီသီယိုးပီးယားနိုင်ငံစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆီရီမက်ကွန်နန်သည် မြို့တော်အဒစ်အာ ဘာဘာတွင် ၎င်း၏သက်တော်စောင့်ဖြစ်သူက ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
23-Jun-2019
တရုတ်ရဲဌာနသည် အရှေ့တောင်အာရှ ငါးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ကာ မနှစ်က ဒုတိယနှစ်ဝက်အတွင်း လူကုန်ကူးခံရသူ နိုင်ငံခြားအမျိုးသမီး ၁,၁၃၀ ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့က ထုတ်ပြန်ခဲ့သည်
23-Jun-2019
ဗြိတိန်ဝန်ကြီးချုပ်လောင်း ဘောရစ် ဂျွန်ဆင်နှင့် ဇနီးတို့ နေထိုင်သောအိမ်တွင် ကျယ်လောင်သော ရန်ဖြစ်သံကို ကြားရသောကြောင့် အိမ်နီးနားချင်းက ရဲဌာနသို့ ဖုန်းဆက်ခေါ်ခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
23-Jun-2019
ကွယ်လွန်သူ သမ္မတဟောင်း မော်စီ၏ သားဖြစ်သူက ၎င်း၏ဖခင်အား လက်ရှိ အာဏာရ အယ်လ်စီစီအစိုးရက သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြစ်တင်စွပ်စွဲပြောကြားလိုက်ကြောင်း Aljazerra သတင်းတွင် ဖော်ပြထားသည်။
23-Jun-2019
ဂျော်ဂျီယာနိုင်ငံတွင် အကြမ်းဖက် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရုရှား သမ္မတပူတင်က ရုရှားလေကြောင်းလိုင်းများ ပျံသန်းမှုကို ယာယီရပ်ဆိုင်းထားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
23-Jun-2019
ကမ္ဘောဒီးယားနိုင်ငံ၏ အပန်းဖြေ ကမ်းခြေမြို့တစ်မြို့ဖြစ်သော သီဟာနုဗယ်လီမြို့တွင် ဆောက်လက်စအဆောက်အအုံတစ်ခု ပြိုကျရာ အနည်းဆုံးလူ ၃ ဦးသေဆုံးသွားပြီး လူအမြောက်အမြား အပြိုအပျက်များအောက်တွင် ပိမိနေသည်ဟုယုံကြည်ရကြောင်း အစိုးရအာဏာပိုင်များက အတည်ပြုပြောကြားသည်။
22-Jun-2019
အမေရိကန်ပြည်ထောင်စု၏ ဒရုန်းလေယာဉ်ကို အီရန်က ပစ်ချခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေနှင့် အီရန်ပစ်မှတ်များကို ထိုးစစ်ဆင်တိုက်ခိုက်မည့်အစီအစဉ်ကို သဘောတူခွင့်ပြုခဲ့သော်လည်း အီရန်ပြည်သူ ၁၅၀ ခန့် ထိခိုက်သေဆုံးရဖွယ်ရှိသောကြောင့် ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။
21-Jun-2019
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရန် တရုတ်သမ္မတရှီကျင့်ဖျင်သည် မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
20-Jun-2019
အမေရိကန်နှင့် တရုတ်ခေါင်းဆောင် နှစ်ဦးအကြား မကြာမီ ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အငြင်းပွားမှုများကို ချက်ချင်း ပြေလည်သွားစေမည့်အလားအလာ မရှိသော်လည်း နောက်ထပ်ဆွေးနွေးမှုများ ပြန်လည်စတင်ရန် လမ်းပွင့်သွားစေနိုင်သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့ကပြောကြားကြောင်