News

POST SECTION

FOREIGN-AFFAIRS

09-Jun-2017 tagged as ဗြိတိန်
ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဗြိတိန်ဝန်ကြီးချုပ် ထရေဆာမေက မြောက်အိုင်ယာလန် ဒီမိုကရက်တစ် ယူနီယံနစ်ပါတီ (DUP) နှင့် ပူးပေါင်းပြီး အစိုးရသစ် ဖွဲ့စည်းသွားမည်ဟု ကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
09-Jun-2017 tagged as IS အီရန်
တီဟီရန်တွင် လူ ၁၂ ဦး သေဆုံးသော တိုက်ခိုက်မှုကို ကျူးလွန်သူများမှာ IS အဖွဲ့သို့ ဝင်ရောက်ထားသူ အီရန်လူမျိုးများ ဖြစ်သည်ဟု အီရန်နိုင်ငံက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
07-Jun-2017 tagged as IS အာရပ်
အာရပ်ဦးဆောင်နိုင်ငံများ၏ ရုတ်တရက် သံတမန်ရေး အဆက်အသွယ် ဖြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ပြီးနောက် ကာတာစော်ဘွားက နိုင်ငံသို့ မိန့်ခွန်းပြောရန် စီစဉ်ခဲ့သော်လည်း ကူဝိတ်နိုင်ငံက ကြားဝင် ညှိနှိုင်းရေး အချိန်ရရှိရန်အတွက် မိန့်ခွန်း မပြောသေးဘဲ နောက်ဆုတ်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
07-Jun-2017 tagged as
စစ်သွေးကြွဟု သံသယရှိသော်လည်း တရားစွဲဆိုရန် သက်သေ မလုံလောက်သူများ၏ လှုပ်ရှားမှုများကို ကန့်သတ်ထိန်းချုပ်ရေး သို့မဟုတ် ပြည်နှင်ဒဏ်ပေးရေး လွယ်ကူစေရန် လူ့အခွင့်အရေး အကာအကွယ်များ လျှော့ချပစ်ရန် ဆန္ဒရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဇွန်လ ၆ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း
07-Jun-2017 tagged as အီရန်
အီရန်နိုင်ငံ၊ မြို့တော် တီဟီရန်ရှိ လွှတ်တော် အဆောက်အအုံနှင့် အယာတိုလာခိုမေနီ ဂူဗိမာန်တွင် လက်နက်ကိုင် လူအချို့က ဝင်ရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အီရန်သတင်းမီဒီယာများကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြသည်။
အာဆင်နယ်အသင်း၏ အဓိက စပွန်ဆာအဖြစ် ရပ်တည်နေသည့် အမ်းမရိတ်စ် လေကြောင်းလိုင်းနှင့် မန်စီးတီးအသင်း၏ အဓိက စပွန်ဆာအဖြစ် ရပ်တည်နေသည့် အီတီဟတ်ဒ် လေကြောင်းလိုင်းတို့သည် ကာတာနိုင်ငံသို့ ပျံသန်းသည့် လေကြောင်းခရီးစဉ် အားလုံးကို ဖျက်သိမ်းရပ်ဆိုင်းပစ်လိုက်ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
05-Jun-2017 tagged as IS
ကာတာနိုင်ငံသည် IS အဖွဲ့ အပါအဝင် အကြမ်းဖက်အုပ်စုများကို ထောက်ပံ့နေသည်ဟု ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံတို့က စွပ်စွဲလိုက်ပြီး သံတမန် ဆက်ဆံရေး အပါအဝင် ဆက်သွယ်မှု အားလုံးနီးပါကို ဖြတ်တောက်လိုက်ကြောင်း BBC သတင်းက ဖော်ပြသည်။
ထိုင်းနိုင်ငံမှ ကာရာအိုကေဘားတွင် သီချင်းဆိုသူ တေးသံရှင် အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် အချိန်အတန်ကြာ တိမ်းရှောင်နေခဲ့သည့် ထိုင်းအမျိုးသမီးငယ် သုံးဦးသည် အိမ်နီးချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံတွင် အဖမ်းခံခဲ့ပြီးနောက် ၎င်းတို့ကို ချင်းရိုင်ရှိ ထိုင်းရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် The Nation သတင်းစာက ရေးသားဖော်ပြသည်။
02-Jun-2017 tagged as မလေးရှား
မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် လေယာဉ်မောင်းခန်း အတွင်းသို့ ခရီးသည်တစ်ဦး ဝင်ရောက်ရန် ကြိုးစားမှုကြောင့် မဲလ်ဘုန်းလေဆိပ်သို့ ပြန်လှည့်ခဲ့ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
01-Jun-2017 tagged as အိန္ဒိယ
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် တွေ့ဆုံခဲ့ရာတွင် သရုပ်ဆောင် မင်းသမီး ပရီယန်ကာချိုပရာသည် ဒူးပေါ်သောဝတ်စုံကို ဝတ်ဆင်ခဲ့သဖြင့် လူမှုကွန်ရက် မီဒီယာ အသုံးပြုသူများ၏ ဝေဖန်မှုများနှင့် ကြုံနေရကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
31-May-2017 tagged as
ISIS ၏ အနက်ရောင်အလံကို ဖိလစ်ပိုင် မင်ဒါနာအိုတွင် လွှင့်တင်လိုက်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖိလစ်ပိုင် တောင်ပိုင်း မင်ဒါနာအိုကျွန်း၊ မာရာဝီမြို့တွင် IS ကို သစ္စာခံထားသော တိုက်ခိုက်ရေးသမားများသည် အစိုးရတပ်များနှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ လူ ၁၀ဝ ထက်မနည်း သေဆုံးခဲ့ရပြီး တစ်ကျွန်းလုံး စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာခဲ့ရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပဲ့ထိန်းလမ်းညွှန်စနစ်သုံး ဒုံးကျည်သစ်တစ်မျိုး စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး နောက်ထပ် မဟာဗျူဟာမြောက် ဖျက်စွမ်းအားကြီးသော လက်နက်များကို စမ်းသပ်ရန် ညွှန်ကြားလိုက်သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ကြေညာကြောင်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် လေယာဉ်ပစ် လက်နက်စနစ်သစ် တစ်ရပ် စမ်းသပ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး ယင်းလက်နက်စနစ်မျိုး အမြောက်အမြား ထုတ်လုပ်ရေးနှင့် နိုင်ငံနေရာအနှံ့ဖြန့်ကာ တပ်ဆင်ရေးအတွက် အမိန့်ပေးထားကြောင်း နိုင်ငံပိုင်KCNA သတင်းဌာနက ရေးသားဖော်ပြသည်။
28-May-2017 tagged as အီဂျစ် IS
အီဂျစ်နိုင်ငံအလယ်ပိုင်းတွင် ကောပ့်တစ်ခရစ်ယာန်များ လိုက်ပါလာသော ဘတ်စ်ကားကို သေနတ်သမားများက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၂၈ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
26-May-2017 tagged as ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒေသရှိ အစ္စလာမ္မစ်စစ်သွေကြွများ သိမ်းယူထားသော မာရာဝီမြို့ကို ပြန်လည်သိမ်းပိုက်ရန် ဖိလစ်ပိုင်စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် အထူးတပ်ဖွဲ့များကို တပ်ဖြန့်လိုက်ပြီ ဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။