News

POST SECTION

FOREIGN-AFFAIRS

30-Oct-2017 tagged as လာအို
တိုင်းပြည်၏ ထူးခြားသောရိုးရာ ဓလေ့ယဉ်ကျေးမှုကို ထိန်းသိမ်း၍ ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ရန် ရည်မှန်းသော Visit Laos Year 2018 ကို စနေနေ့တွင် စတင် ဖွင့်လှစ်လိုက်သည်ဟု Xinhua သတင်းတွင် ဖော်ပြထားသည်။
30-Oct-2017 tagged as
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရက်ဂ်ျရှာဟီဒေသတွင် စစ်သားတစ်ဦးကို ရိုက်နှက်ခဲ့သော ရဲနှစ်ဦးကို အရပ်သားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
30-Oct-2017 tagged as ဥရောပ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဥရောပတွင် မွေးနှုန်း ကျဆင်းနေမှုကို ဝေဖန်ခဲ့ပြီး လူ့အဖွဲ့အစည်းတွင်း လူငယ်များ ၎င်းတို့၏ အနာဂတ်လမ်းကြောင်းအတွက် ပိုမိုကူညီပေးကြရန် တိုက်တွန်းခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
29-Oct-2017 tagged as ဘင်္ဂလားဒေ့ရှ်
လူဦးရေ ပြွတ်သိပ်နေသော ရိုဟင်ဂျာ (မူရင်းသတင်း၏ အခေါ်အဝေါ်) ဒုက္ခသည် စခန်းများအတွင်း သားဖွားနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် မိမိဆန္ဒအလျောက် သားကြောဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ပြင်ဆင်လျက်ရှိကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
29-Oct-2017 tagged as အိုဘားမား
အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားသည် အီလီနွိုက်စ်ပြည်နယ်တွင် တရားရုံးဂျူရီအဖွဲ့ဝင် တာဝန် ထမ်းဆောင်ရန် ဆင့်ခေါ်ခြင်း ခံရပြီးတာ ဝန်ထမ်းဆောင်ရန် စီစဉ်နေသည်ဟု တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
29-Oct-2017 tagged as အီတလီ
အီတလီနိုင်ငံတွင် အမျိုးသမီး ၃၀ ခန့်ကို HIV ပိုးကူးစက်အောင် ရည်ရွယ်ချက်ရှိရှိ ဆက်ဆံပေါင်းသင်းခဲ့သော အီတလီလူမျိုး စာရင်းကိုင် အမျိုးသားအား အီတလီ တရားရုံးတော်က ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
နျူကလီးယား ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စုက လက်သင့်ခံလိမ့်မည်ဟု မည်သည့်အခါကမျှ စိတ်ပင်မကူးမိခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်စ်က ထုတ်ဖော်ပြောကြားလိုက်သည်။
29-Oct-2017 tagged as
ကက်တလန် လွှတ်တော်ကိုယ်စားလှယ်များက လွတ်လပ်ရေးကြေညာရန် မဲခွဲဆုံးဖြတ်ပြီးချိန်တွင် စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဟွိုင်းက ကက်တလန် ပါလီမန်ကို ဖျက်သိမ်းပြီး ပြည်နယ်ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု ထုတ်ဖော်ပြောဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
27-Oct-2017 tagged as
ယူကရိန်းမြို့တော် ကိယက်ဗ်တွင် လူတစ်ဦးသေဆုံးပြီး လွှတ်တော်အမတ်တစ်ဦး အပါအဝင် လူသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ပေါက်ကွဲမှုသည် ထိုအမတ်အား လုပ်ကြံသတ်ဖြတ်မှု ဖြစ်ဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
27-Oct-2017 tagged as
အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲ ပြန်လည် ကျင်းပမှု မဲပေးအပြီး ကင်ညာနိုင်ငံတွင် ရဲများနှင့် ဆန္ဒပြသူများအကြား ထိပ်တိုက် အဓိကရုဏ်းများ ဖြစ်ပွားလျက် ရှိကြောင်း Al Jazeera သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဘရာဇီးသမ္မတတီမာသည် အဂတိ လိုက်စားမှုဖြင့် စွဲချက်တင် စစ်ဆေးခံရမည့်အရေးမှ ရှောင်ရှားရန် အောက်လွှတ်တော်တွင် လုံလောက်သော မဲရရှိခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
တရုတ်ကွန်မြူနစ်ပါတီ ပြည်သူ့ကွန်ဂရက်တွင် ဩဇာအကြီးဆုံး တိုင်းပြည်ကို ဦးဆောင်မည့် ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီဝင် စာရင်းကို ထုတ်ပြန်ခဲ့ရာတွင် သမ္မတ ရှီကျင့်ဖျင်နေရာ ဆက်ခံရန် လျာထားသူ မပါဝင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
26-Oct-2017 tagged as ဗြိတိန်
ဗြိတိန်ရှိ လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး လုပ်မှုများကို စစ်တမ်းထုတ် မေးမြန်းခဲ့ရာတွင် အမျိုးသမီးလုပ်သား ထက်ဝက်ခန့်က အဆိုပါ လက်ဆော့မှု၊ ပါးစပ်ဆော့မှုဒဏ်ကို ခံရဖူးသည်ဟု ဖြေကြားထားကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
25-Oct-2017 tagged as
စပိန်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကြွယ်ဝသောဒေသ ကတ်တလိုးနီးယား၏ ခွဲထွက်ရေး ကြိုးပမ်းမှုကြောင့် နောက်ထပ် စီးပွားရေးအရ ထိခိုက်လာနိုင်မှုကို ရှောင်လွှဲနိုင်ရန် ဗဟိုအစိုးရက တိုက်ရိုက် အုပ်ချုပ်မှုကို ကျင့်သုံးရေး စီစဉ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် မာရီယာနိုရာ ဟွိုင်းက လွှတ်တော်သို့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
25-Oct-2017 tagged as ထိုင်း
ထိုင်းနိုင်ငံတွင် ယခင်နှစ် အောက်တိုဘာလက အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်သွားသူ ဘုရင်ဘူမိဘောအတွက် ငါးရက်ကြာ ဈာပန အခမ်းအနားကျင်းပရန် လူအမြောက်အမြား စုဝေးပြင်ဆင်နေကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။