News

POST SECTION

FOREIGN-AFFAIRS

04-Dec-2018
အာဂျင်တီးနားနိုင်ငံတွင် ကျင်းပသော ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာကြသော ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဘင်ဆဲလ်မန်တို့ ခပ်တိုးတိုးကပ် ပြောနေကြပုံကို အမှတ်မထင် ဗီဒီယိုမှတ် တမ်းတင်နိုင်ခဲ့ကြောင်း CNN ရုပ်သံနှင့် နိုင်ငံတကာမီဒီယာအချို့တွင် ဖော်ပြခဲ့ကြသည်။
03-Dec-2018
စပိန်အာဏာပိုင်များသည် မက်ဒရစ်မြို့လယ်တွင် လေထုညစ်ညမ်းမှုကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချရန်အတွက် ယာဉ်စည်းကမ်းအသစ်များကို စတင်ကျင့်သုံးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
03-Dec-2018
ယခုသီတင်းပတ်အစောပိုင်းက ဘာလင်တွင်ကျင်းပသော အစ္စလာမ်ညီလာခံတစ်ခုတွင် ဝက်အူချောင်းများတည်ခင်းခဲ့ခြင်းနှင့်ပတ်သက်၍ စိတ်မကောင်းကြောင်း ဂျာမန်ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
02-Dec-2018
သီရိလင်္ကာစစ်တပ်အကြီးအကဲကို ပြည်တွင်းစစ်အတွင်း လူသတ်မှုများဖြင့် စွဲချက်တင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
02-Dec-2018
အမေရိကန် သမ္မတကတော်ဟောင်း မီရှယ်လ်အိုဘားမား၏ ဘဝမှတ်တမ်းများ စာအုပ်သည် စတင်ထုတ်ဝေပြီးသည့် ၁၅ ရက်အတွင်းမှာပင် အမေရိကတွင် ယခုနှစ်အတွင်း အရောင်းရဆုံးစာအုပ် ဖြစ်လာခဲ့သည်ဟု BBC သတင်းတွင် ရေးသားဖော်ပြထားသည်။
30-Nov-2018
သတင်းထောက်ခါရှော့ဂီ အသတ်ခံရမှုနှင့် ဆော်ဒီအိမ်ရှေ့မင်းသား MBS တိုက်ရိုက်ဆက်စပ်နေသည့် အထောက်အထားမရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားလိုက်ကြောင်း Aljazzia သတင်းတွင် ဖော်ပြထားသည်။
30-Nov-2018
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် မိမိ၏ ယူကရိန်းနိုင်ငံတစ်ခုလုံးကို ကျူးကျော်သိမ်းပိုက်ရန် နည်းလမ်းရှာဖွေနေသူဖြစ်သည်ဟု ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုက ဂျာမန်မီဒီယာတစ်ခုနှင့် ပြုလုပ်သော အင်တာဗျူးတွင် စွပ်စွဲပြောကြားလိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။
29-Nov-2018
တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ ဝီဂါမွတ်ဆလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်ပတ်သက်၍ ထိုဒေသ၏ ထိပ်တန်းအာဏာပိုင်ကို အမေရိကန်က အရေးယူပိတ်ဆို့မှုပြုလုပ်ပါက တရုတ်နိုင်ငံက အချိုးညီလက်တုံ့ပြန်သွားမည်ဟု အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
29-Nov-2018
လာမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲကို လက်ခံကျင်းပမည့် တရုတ်မြောက်ပိုင်း ဟီဘေးပြည်နယ်မှ ဇန်ကျာကောင်စီတီရှိ ဓာတုစက်ရုံအနီးတွင် မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပြီး ၂၂ ဦးကျော် ဒဏ်ရာရရှိသွားသည်ဟု အာဏာပိုင်များက ပြောကြားသွားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
29-Nov-2018
ယူကရိန်းရေတပ်သင်္ဘောသုံးစင်းနှင့်အတူ သင်္ဘောသားများကို ရုရှားက ဖမ်းဆီးထိန်းသိမ်းလိုက်မှုကြောင့် တင်းမာမှုများ မြင့်တက်လာသောကြောင့် ရုရှားနိုင်ငံက ကရိုင်းမီးယားဒေသသို့ S-400 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်များကို ပိုမိုတပ်ဖြန့်ထားရှိရန် စီစဉ်လျက်ရှိကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
28-Nov-2018
မိမိ၏ အမေရိကန်အစိုးရအဖွဲ့က ထုတ်ပြန်သော ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဆိုင်ရာ အစီရင်ခံစာအပေါ် မိမိအနေနှင့် အယုံအကြည်မရှိဟု သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။
28-Nov-2018
ဝန်ကြီးချုပ် ထရီဇာမေ၏ ဘရိတ်ဇစ် အစီအစဉ်သည် အမေရိကန် ယူကေ(ဗြိတိန်)ကုန်သွယ်မှုကို ထိခိုက်နိုင်သည်ဟု ဒေါ်နယ် ထရမ့်က မှတ်ချက်ပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
28-Nov-2018
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာဇောဗ် ပင်လယ်ပြင်တွင်း ယူကရိန်းရေတပ်ပိုင် စစ်သင်္ဘောများကို ရုရှားကပစ်ခတ်ဖမ်းဆီးခဲ့မှုသည် တရားဥပဒေလက်မဲ့ လုပ်ရပ်များဖြစ်သလို ဝါရှင်တန်နှင့် မော်စကိုအကြား ပုံမှန်ဆက်ဆံရေးပြန်ဖြစ်အောင် ကြိုးပမ်းနေမှုများကို အဟန့်အတားဖြစ်စေသည်ဟု အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
27-Nov-2018
အမေရိကန်နယ်စပ်ဂိတ်သို့ ချဉ်းကပ် လာသော အလယ်ပိုင်းအမေရိကမှ ရွှေ့ပြောင်းဝင်ရောက်သူများကို မောင်းထုတ်ရန်အတွက် တနင်္ဂနွေနေ့တွင် အမေရိကန် အာဏာပိုင်များက မက္ကဆီကိုဘက်သို့ မျက်ရည်ယို ဓာတ်ငွေ့ကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး နယ်စပ်ဂိတ်ကို နာရီများစွာ ပိတ်ထားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
27-Nov-2018
ယူကရိန်းရေတပ်ပိုင် သင်္ဘောသုံးစင်း ကို ကရိုင်းမီးယားဒေသအနီးတွင် ရုရှားက ပစ်ခတ်ဖမ်းဆီးလိုက်ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ကာ ယင်းကိစ္စကို အလေးထားဆွေးနွေးမည်ဖြစ်သည်ဟုကြေညာကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။