News

POST SECTION

FOREIGN-AFFAIRS

17-Feb-2019
သမ္မတဒေါ်နယ်ထရမ့်က ၎င်းဆန္ဒရှိနေသော မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်နိုင်ရေးအတွက် နယ်စပ်လုံခြုံရေး အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့ရာ ဥပဒေနှင့်မညီသော အာဏာသုံးမှုအဖြစ် ဒီမိုကရက်များက ရှုတ်ချလိုက်ကြသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
17-Feb-2019
ချီကာဂိုဆင်ခြေဖုံး စက်မှုဇုန်တွင် သောကြာနေ့က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူငါးဦးသေဆုံးခဲ့ပြီး ရဲအရာရှိငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
15-Feb-2019
အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် အရှိန်တက်နေသော ကုန်သွယ်ရေး အငြင်းပွားမှုကို ဖြေရှင်းရန် ကြိုးစားသည့်အနေနှင့် နှစ်ရက်ကြာ တရားဝင် ကုန်သွယ်ရေးညှိနှိုင်း ဆွေးနွေးပွဲများကို ကြာသပတေးနေ့က ဘေဂျင်းတွင် စတင်လိုက်ကြသည်ဟု AFP သတင်းတွင်ဖော်ပြထားသည်။
15-Feb-2019
အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့သော ထိုင်းရွေးကောက်ပွဲကို လာမည့်မတ်လတွင် အမှန်တကယ်ကျင်းပတော့မည်ဟု အာဏာသိမ်းအစိုးရက ကြေညာထားသော်လည်း ချည်ပြီးတုပ်ပြီးရိုက်သည့် လုပ်ပွဲကြီး တစ်ပွဲဟုသာ ယူဆစရာရှိသောကြောင့် ပြီးခဲ့သည့်အပတ် သောကြာနေ့အထိ ပျင်းစရာကောင်းနေခဲ့သည်။ ယခုတော့ တစ်ရက်တာ နိုင်ငံရေးသမားဖြစ် သွားသောအစ်မတော် မင်းသမီး ဥဘောရတနာကြောင့် ပွဲဆူသွားခဲ့ပြီဖြစ်သည်။
14-Feb-2019
လက်ရှိထိုင်းဘုရင်၏အမ မင်းသမီးသည် လာမည့်လ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားမှုကိုရွေးကောက်ပွဲ ကော်မရှင်၏ ပယ်ချခြင်းခံလိုက်ရပြီးနောက် ထိုင်းပြည်သူများ အဆင်မပြေဖြစ်ခဲ့ရခြင်းအပေါ် အင်္ဂါနေ့က တောင်းပန်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
14-Feb-2019
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများအတွက် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် မတ်လ ၁ ရက်ကိုကျော်လွန်၍ သက်တမ်းတိုးရန် စဉ်းစားနေသည်ဟုဖေဖော်ဝါရီ ၁၂ ရက် အင်္ဂါနေ့က ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
14-Feb-2019
ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတနစ် ကိုးလပ်စ်မာဒူရို ဦးဆောင်သော ဆိုရှယ်လစ် အစိုးရဖြုတ်ချရေး ဆန္ဒပြပွဲများဆက်လက် အားကောင်းလျက်ရှိသလို ၎င်းအစိုးရကို ထောက်ခံသော အင်အားစုများကလည်း ချီတက်ဆန္ဒပြမှုများပြုလုပ်ကာ အမေရိကန်ပြည်ထောင်စု ပံ့ပိုးမှုကိုရယူထားသော အတိုက်အခံခေါင်းဆောင် ဂျူအန်ဂိုင်ဒို အပါအဝင် ပြည်ပကြားဝင်စွက်ဖက်မှုများ ကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြမှုများ အပြိုင်အဆိုင် ပြုလုပ်လျက်ရှိကြောင်း သတင်းဌာနများက ဖော်ပြသည်။
13-Feb-2019
အမေရိကန်လွှတ်တော် ညှိနှိုင်းရေး တာဝန်ခံများက ၎င်းတို့သည် စနေနေ့တွင် စတင်ဖွယ်ရှိနေသည့် နောက်ထပ်အစိုးရ ရပ်ဆိုင်းမှုကို ရှောင်ရှားရန်အတွက် နယ်စပ်လုံခြုံရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို ခက်ခက်ခဲခဲ ရယူခဲ့ကြသည်ဟု တနင်္လာနေ့က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
13-Feb-2019
ဗြိတိန်သည် ဘရိတ်ဇစ်အလွန်တွင် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် စစ်ရေးအင်အားကို အသုံးပြုသွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလီယံဆန်က တနင်္လာနေ့တွင် ပြောကြားလိုက်သော်လည်း ရေရှည် ဘတ်ဂျက်လုံလောက်ရေးနှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
13-Feb-2019
ဂျပန်ဧကရာဇ်သည် စစ်ရာဇဝတ်မှု ကျူးလွန်သူများ၏ သားတစ်ဦးဖြစ်သည်ဟု တောင်ကိုရီးယားအမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်သူက ခေါ်ဝေါ်ပြောဆိုခဲ့မှုအပေါ် ဂျပန်နိုင်ငံက ကြီးစွာအမျက်ထွက်လျက် ရှိပြီး တောင်ကိုရီးယားအနေနှင့် အမြန်ဆုံး ဝန်ချတောင်းပန်ရန် တောင်းဆိုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
12-Feb-2019
ဂျာမနီသည် နေတိုးအုပ်စုအတွင်း ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် တာဝန်ခံကတိပြုထားခြင်းကို ပြည့်မီအောင် လုပ်ဆောင်ရန် ပျက်ကွက်နေသည်ဟု ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရစ်ချတ်ဂရင်နယ်လ်က စွပ်စွဲပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြ ထားသည်။
12-Feb-2019
တရုတ်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင် အူဂါလူမျိုးများအပေါ် ပြုမူဆက်ဆံပုံသည် လူသားမျိုးနွယ်အရေးတွင် ရှက်စရာကောင်းသည်ဟု တူရကီနိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
11-Feb-2019
အမေရိကန်ထောက်ခံသော SDF ဆီးရီးယားဒီမိုကရက်တစ် တပ်ပေါင်းစု တပ်ဖွဲ့များက ဆီးရီးယားအရှေ့ပိုင်းရှိ နောက်ဆုံးလက်ကျန် IS နယ်မြေကို သိမ်းယူရန် အပြီးသတ်စစ်ဆင်ရေးကို စနေနေ့က စတင်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
09-Feb-2019
အမေရိကန်ပြည်ထောင်စုမှ သံတမန်ကြီးများနှင့် မြောက်ကိုရီးယားအစိုးရ အရာရှိကြီးများသည် လွန်စွာအကျိုးရှိသည့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပနိုင်ခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားပြီး ၎င်းနှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲသည် ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ကျင်းပဖြစ်မည်ဖြစ်သည်ဟု အသိပေးလိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။
07-Feb-2019
အတိုက်အခံခေါင်းဆောင် စင်ပြိုင်သမ္မတ ဟွမ်ဂွါဒိုကိုထောက်ခံမည့် ဗင်နီဇွဲလားစစ်ခေါင်းဆောင်များအား စီးပွားရေး ပိတ်ဆို့ထားမှုအား ပြန်ဖွင့်ပေးရန် စဉ်းစားမည်ဟု အမေရိကန်ပြည်ထောင်စု လုံခြုံရေးအကြံပေး ဂျွန်ဘော်တန်က ပြောကြားလိုက်သည်။