News

POST SECTION

FOREIGN-AFFAIRS

22-Sep-2016
ကမ္ဘာ့ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ကတိပြုခဲ့ကြသော်လည်း အစီအစဉ်သည် လုံလောက်ပြည့်စုံမှု မရှိဟု ဝေဖန်ခံနေရကြောင်း VOA သတင်းက ဖော်ပြသည်။
20-Sep-2016
စနေနေ့က နယူးယောက်နှင့် နယူးဂျာစီတို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအတွက် သံသယရှိသူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကို သတ်ရန် ကြံစည်အားထုတ်မှုဖြင့် စွဲချက်တင်ထားကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။
20-Sep-2016
ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် အီဂျစ်သမ္မတ ဖိဒယ်ဖာတာအယ်စီစီနှင့် တွေ့ဆုံရန် ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့် စီစဉ်ထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
19-Sep-2016
စနေနေ့ ညက နယူးယောက်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူကို အမေရိကန် အာဏာပိုင်များက ထုတ်ပြန် ကြေညာလိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
19-Sep-2016
ဖိလစ်ပိုင် မူးယစ်မှောင်ခိုလောကမှာ ပါဝင်ပတ်သက်နေသူပေါင်းဟာ သိန်းနဲ့ချီ ရှိနေပြီး အစိုးရအဖွဲ့အတွင်းက အာဏာရှိသူတွေပါ ပါဝင်ပတ်သက်နေတာကြောင့် ဖြေရှင်းရာမှာ ထင်ထားတာထက် ပိုမိုခက်ခဲနေပြီး နောက်ထပ် အချိန် ၆ လလောက်ယူဖို့ လိုအပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ရိုဒရေဂိုဒူတာတေးက ပြောကြားလိုက်ပါတယ်။
18-Sep-2016
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် အစ္စလာမ္မစ်လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးက ၎င်းအား အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့အကြမ်းဖက်သမားများ အမည်စာရင်းထဲသို့ ထည့်သွင်းခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
18-Sep-2016
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီး အနည်းဆုံး ၂၉ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
18-Sep-2016
ဗြိတိန်နိုင်ငံအတွင်း ကြီးမားသည့် စစ်ရေး တိုက်ခိုက်မှု ပေါ်ပေါက်လာပါက စစ်တပ်က တုံ့ ပြန်ရန် စီစဉ်ထားမှုသည် လျော့တိလျော့ရဲ ဖြစ်နေသည်ဟု အကြီးတန်းတပ်မှူး တစ်ဦးက စစ်မဟာဗျူဟာနှင့် ပတ်သက်၍ သတိပေး ပြောကြားသွားကြောင်း
17-Sep-2016
အီးယူမှ ဗြိတိန်နုတ်ထွက်ရန် (Brexit) ဆုံးဖြတ်အပြီး လိုက်ပါလာသော သမိုင်းဝင် အရှုပ်အထွေးကို ရုန်းကန်ကျော်လွှားနေရသော ဥရောပ ခေါင်းဆောင်များသည် ကာကွယ်ရေး အနီးကပ် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်စစ်ဆေးမှု တိုးမြှင့်ရေးတို့ကို လေ့လာရန် သောကြာနေ့က သဘောတူညီမှု ရခဲ့သော်လည်း ဒုက္ခသည်နှင့် စီးပွားရေးမူဝါဒ အမြင်ကွဲလွဲမှုများကို ဖုံးဖိနိုင်ခြင်း မရှိခဲ့ဟု Reuters သတင်းတွင် ဖော်ပြထားသည်
17-Sep-2016
ဂျပန်ရထားလိုင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ JR East ဟာ တာဝန်ချိန်အတွင်း ရထားပေါ်ကနေ အပေါ့ စွန့်ခဲ့တဲ့ သူတို့ရဲ့ ရထားမောင်းသမားအတွက် ပြန်လည် တောင်းပန်ခဲ့တယ်
17-Sep-2016
ဂျပန်နိုင်ငံရဲ့ မြို့တော်တိုကျိုရဲ့ အုပ်ချုပ်ရေးမှူး ယူရီကိုကိုအိခီဟာ တိုကျိုအစိုးရအဖွဲ့ရဲ့ ဝန်ထမ်းတွေကို ည ၈ နာရီထက် နောက်ကျပြီး အလုပ် မလုပ်စေဖို့ အစီအမံ တစ်ရပ် ချမှတ်
16-Sep-2016
ဒီမိုကရက် ဟီလာရီကလင်တန်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးအခြေအနေ ဒေါင်ဒေါင်မြည် နေပြီဟု သူမ၏ဆရာဝန်က ပြောကြားခြင်း ကို သူမ၏မဲဆွယ်အဖွဲ့က သတင်းထုတ်ပြန် လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်
16-Sep-2016
စီးပွားရေးအခြေအနေ အားပျော့နေ သောကြောင့် စင်ကာပူတွင် အလုပ်လက်မဲ့ နှုန်း မြင့်တက်လာခဲ့ပြီး ဒုတိယသုံးလပတ် တွင် အလုပ်သမားလျှော့ချမှုများ ပိုမိုများ ပြားခဲ့ကြောင်း ပြည်သူ့အင်အားဝန်ကြီးဌာန (MOM) က ထုတ်ပြန်သည်
16-Sep-2016
ဖိလစ်ပိုင်သမ္မတ ရိုဒရေဂို ဒူတာတေးသည် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်က တရားရေးဌာန ဝန်ထမ်းတစ်ဦးကို ကိုယ်တိုင် အူဇီသေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးသည် ဟူသော စွပ်စွဲမှုတစ်ခု ပေါ်ထွက်လျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
15-Sep-2016
ဒူဘိုင်းက မိုးမျှော် ဟိုတယ်ကြီးတစ်ခုမှာ လူလုပ် အပူပိုင်း မိုးသစ်တော တစ်ခုကို ဖန်တီးထည့်သွင်း သွားမယ်လို့ CNN သတင်းမှာ ဖော်ပြ ထားပါတယ်။