News

POST SECTION

FOREIGN-AFFAIRS

04-May-2017
မဟာဗျူဟာမြောက် အမေရိကန် ဗုံးကြဲလေယာဉ်များသည် တောင်ကိုရီးယားနှင့် ဂျပန်လေတပ်မှ လေယာဉ်များနှင့် လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ကာ ထပ်မံအင်အားပြသမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲသို့ တွန်းပို့နေသည်ဟု မြောက်ကိုရီးယားက စွပ်စွဲလိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
03-May-2017
ဥရောပသမဂ္ဂသည် လေထုညစ်ညမ်းခြင်းကို ကန့်သတ်မှု အသစ်များ ပါဝင်သည့် မူဝါဒကို သဘော တူညီလိုက်ပြီဖြစ်ကာ အကောင်အထည် ဖော်ပြီးပါက လူပေါင်း နှစ်သောင်းကျော်၏ အသက်ကို ကယ်တင်နိုင်လိမ့်မည်ဟု သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မီဒီယာများက ချီးကျူးရေးသားလျက် ရှိကြသည်။
03-May-2017
ပြုံယမ်းက နျူကလီးယား စမ်းသပ်မှုများကို ဆက်လုပ်မည့် လက္ခဏာ ပြသနေသောကြောင့် သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် မည်သည့်နည်းဖြင့်မဆို တွေ့ဆုံသွားမည်
02-May-2017
ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်နှစ်ဦးသည် မဲဆွယ်မှု နောက်ဆုံးအပတ် စတင်ချိန်တွင် အပြန်အလှန် စွပ်စွဲ၊ ထိုးနှက်ခဲ့ကြသည်ဟု BBC သတင်းက ဖော်ပြသည်။
02-May-2017
ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အလွန်ခင်မင်ရင်းနှီးစွာ ဖုန်းပြောခဲ့ပြီးနောက် အိမ်ဖြူတော်သို့ ဖိတ်ကြားခြင်း ခံရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
02-May-2017
IS လက်ထဲတွင် သုံးနှစ်နီးပါးမျှ ကျွန်ပြုခံထားရသည့် ယာဇီဒစ်လူနည်းစု ဘာသာရေးဂိုဏ်းဝင် ၃၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာသည်ဟု BBC သတင်းက ဖော်ပြထားသည်။
01-May-2017
မြောက်ကိုရီးယားသည် နောက်ထပ် ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်စစ်ဘက် တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
30-Apr-2017
တောင်ကိုရီးယားတွင် တပ်ဆင်နေသော THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရက်ပိုင်းအတွင်း အသက်ဝင်စေရန် စီစဉ်နေပြီး မြောက်ကိုရီးယားအပေါ် တင်းကျပ်သော စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
29-Apr-2017
အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဘားရက်အိုဘားမားသည် ဝေါစတရိ ညီလာခံတစ်ရပ်တွင် တက်ရောက်ကာ မိန့်ခွန်းတစ်ခု ပြောကြားခဲ့သည့်အတွက် ဉာဏ်ပူဇော်ခ အမေရိကန်ဒေါ်လာ လေးသိန်း ရရှိမည်ဖြစ်ကြောင်း မီဒီယာဖော်ပြချက်များအရ CNA သတင်းတစ်ရပ်က ဖော်ပြသည်။
28-Apr-2017
တောင်ကိုရီးယားတွင် တပ်ဆင်သည့် အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအား ဒူးထောက်စေရန် မဟုတ်ဘဲ ၎င်း၏ သဘောအတိုင်း လုပ်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပစ္စဖိတ်ဒေသဆိုင်ရာ အမေရိကန် ထိပ်တန်းတပ်မှူးက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
27-Apr-2017
ဘာလင်တွင် ကျင်းပနေသော အမျိုးသမီး ထိပ်သီးညီလာခံတွင် ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်က သူမ၏ ဖခင်အား ကာကွယ်ပြောဆိုမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
26-Apr-2017
မာရင်းလာပန်း၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး၊ ပင်မနိုင်ငံရေး အသိုက်အမြုံ ဆန့်ကျင်ရေး သတင်းစကားသည် ပြင်သစ်နိုင်ငံတွင်းရှိ ဝင်ငွေနိမ့်သူများ၊ လူ့သက်တမ်း နိမ့်သူများ၊ ပညာရည် နိမ့်သူများကြားတွင် လူကြိုက်များကြောင်း သမ္မတရွေးကောက်ပွဲ ပထမအကျော့ မဲရလဒ်များကို အခြေခံသည့် Reuters သတင်းဌာန၏ လေ့လာမှုက ဖော်ပြသည်။
26-Apr-2017
မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက်အတွင်း လူအမြောက်အမြား သတ်ဖြတ်မှုဖြင့် သမ္မတဒူတာတေးနှင့် အကြီးတန်းတာဝန်ရှိသူများအား နိုင်ငံတကာခုံရုံးတွင် ဖိလစ်ပိုင် ရှေ့နေတစ်ဦးက စွဲချက်တင်လိုက်သည်
26-Apr-2017
ဓာတုလက်နက် ထုတ်လုပ်ရေး တာဝန်ရှိသည့် ဆီးရီးယားသိပ္ပံ လေ့လာရေးနှင့် သုတေသနစင်တာ ဝန်ထမ်း ၂၇၁ ဦးကို နာမည်ပျက်စာရင်းတွင် အမေရိကန် ပြည်ထောင်စုက ထည့်သွင်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
26-Apr-2017
အမေရိကန် လေယာဉ်တင် သင်္ဘောကို နှစ်မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ပြီးနောက် တစ်ရက်အကြာတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က သမ္မတထရမ့်နှင့် ဖုန်းပြောရာတွင် အုပ်စုအားလုံး သည်းခံကြရန် တိုက်တွန်းလိုက်သည်