News

POST SECTION

FOREIGN-AFFAIRS

17-May-2017
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် WHO က နိုင်ငံတကာ အချက်အလက်များကို ကိုးကားလျက် ထုတ်ပြန်ချက်အရ ကမ္ဘာအနှံ့အပြားတွင် ဆယ်ကျော်သက်များ အသေအပျောက် အများဆုံးအကြောင်းရင်းမှာ လမ်းများပေါ်တွင် ဖြစ်ပွားသော မတော်တဆမှုများကြောင့်ဟု ထုတ်ပြန်ချက်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြထားသည်။
16-May-2017
အီမန်နျူရယ်လ် မက်ခရွန်သည် မေလ ၁၄ ရက်နေ့တွင် ပြင်သစ်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ဥရောပ လိုလားသော ဗဟိုဝါဒီနှင့် လက်ယာစွန်း အမျိုးသားရေးဝါဒီအကြား ခါးသီးသည့် တိုက်ပွဲအလွန် လူ့အဖွဲ့အစည်းအတွင်း သဘောကွဲလွဲမှုများကို ကုစားပြီး ဥရောပနှင့် ကမ္ဘာ့အလယ်မှ ပြင်သစ်နိုင်ငံ၏ ဂုဏ်အဆင့်အတန်းကို ပြန်လည်တည်ဆောက်မည်ဟု ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
14-May-2017
မြောက်ကိုရီးယားနိုင်ငံ အနေနှင့် အခြေအနေအရပ်ရပ် မှန်ကန်မှုရှိမှသာ အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးမည် ဖြစ်သည်ဟု မြောက်ကိုရီးယား ထိပ်တန်းသံတမန်တစ်ဦးက ထုတ်ဖော်အသိပေးလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
14-May-2017
တရုတ်နိုင်ငံ၌ ယခုသီတင်းပတ် ကုန်ရက်တွင် ကျင်းပသည့် ပိုးလမ်းမသစ်ဖိုရမ်သို့ မြောက်ကိုရီးယား တက်ရောက်မှုသည် ပါဝင်သော အခြားနိုင်ငံများအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု အမေရိကန်က သတိပေးခဲ့သော်လည်း တရုတ်နိုင်ငံက အားလုံးကို ကြိုဆိုသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
14-May-2017
မေလ ၁၄ ရက်နေ့ အစောပိုင်းတွင် မြောက်ကိုရီးယားက နိုင်ငံအနောက်မြောက်ပိုင်းမှ ပဲ့ထိန်းဒုံးကျည် ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ခဲ့သည်ဟု CNN သတင်းဌာနက ဖော်ပြသည်။
12-May-2017
နောက်ဆုံးပေါ် HIV ဆေးဝါးအသစ်များဖြင့် ကုသမှုများ တိုးတက်လာသောကြောင့် HIV ရောဂါပိုး ကူးစက်ခံရသည့် လူငယ်များ၏ မျှော်မှန်းသက်တမ်းသည် ပုံမှန်နီးပါး ဖြစ်လာသည်ဟု သုတေသနစာတမ်းတွင် တင်ပြထားကြောင်း BBC သတင်းက ရေးသားဖော်ပြထားသည်။
12-May-2017
ပတ္ထနီစီရင်စီစု Muang ခရိုင် Big C ဈေးဝယ်စင်တာတွင် ကျောင်းဖွင့်ချိန်မတိုင်မီ လိုအပ်သည်များကို ဝယ်ခြမ်းနေကြသော မိဘများ၊ ကလေးများနှင့် စည်ကားနေချိန်တွင် ပထမ ဗုံးတစ်လုံး စပေါက်ခဲ့သည်။
12-May-2017
အိန္ဒိယနိုင်ငံ အနောက်ပိုင်းဒေသတစ်ခုတွင် မင်္ဂလာဆောင်လာ ဧည့်ပရိသတ်များအပေါ်သို့ နံရံပြိုကျခဲ့ရာတွင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကား၍ VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။
11-May-2017
နီပေါနိုင်ငံရှိ ဗုဒ္ဓမွေးဖွားရာ သမိုင်းဝင် နေရာတွင် လေထုညစ်ညမ်းမှုများကြောင့် ဆိုးဝါးသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်ဟု သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူများက သတိပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
11-May-2017
တောင်ကိုရီးယား သမ္မတသစ်အဖြစ် မွန်ဂျေအင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး စီးပွားရေး၊ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတို့ကို အဓိကထား ကိုယ်တွယ်သွားမည်ဟု ပထမဆုံး သမ္မတမိန့်ခွန်းတွင် ထည့်ပြောသွားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
09-May-2017
ဧရာမခြစားမှု အရှုပ်တော်ပုံကြောင့် သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရသော ပတ်ဂွမ်းဟီး နေရာ အစားထိုးရန် တောင်ကိုရီးယားတွင် သမ္မတ ရွေးကောက်ပွဲကို အချိန်စော ကျင်းပခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
09-May-2017
အမေရိကန်ပြည်ဝင်ခွင့် ဗီဇာရမည်ဆိုသော ကတိကဝတ်ဖြင့် တရုတ်နိုင်ငံမှ ချမ်းသာသော စီးပွားရေး လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် ကုရှ်နာမိသားစုက ကြိုးပမ်းခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
09-May-2017
ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့တွင် ဗဟိုဝါဒီ သမ္မတလောင်း အီမန်နျူရယ်မက်ခရွန်က လက်ယာစွန်း အမျိုးသားရေးဝါဒီ မာရင်းလာပန်းကို အပြတ်အသတ် အနိုင်ရခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
08-May-2017
ပိုလန်နိုင်ငံ မြို့တော်ဝါဆောတွင် ကွန်ဆာဗေးတစ်ဝါဒီ ဥရောပ ပေါင်းစည်းမှု ဆန့်ကျင်သော အာဏာရပါတီကို လူပေါင်းသောင်းချီ ဆန္ဒပြခဲ့ကြပြီး လာမည့်နှစ် မြူနီစပယ် ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံတို့၏ အင်အားပြ အရှိန်ယူမှု ဖြစ်ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
07-May-2017
အသက်အကြီးဆုံး ဧဝရက်တောင် တက်သူအဖြစ် စံချိန်တင်ရန် ကြိုးစားသူ အသက် ၈၅ နှစ်အရွယ် နီပေါလူမျိုးသည် တောင်ခြေစခန်းတွင် သေဆုံးသွားခဲ့သည်ဟု နီပေါတာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင်ပြောကြားသည်။