News

POST SECTION

FOREIGN-AFFAIRS

15-Oct-2016
ထိုင်းဘုရင် ဘူမိဘောရဲ့ နိုင်ငံတော်ဈာပန ရှိနေတဲ့အတွက် ပြည်တွင်းမှာ ကျင်းပပြုလုပ်မယ့် အားကစားပွဲစဉ်တွေကို ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။
14-Oct-2016
ထိုင်းဘုရင် ဘူမိဘော ကံတော်ကုန်ပြီးနောက် နောက်ဆက်တွဲဂယက် အဖြစ် ထိုင်းဘတ်ငွေ တန်ဖိုးနှင့် စတော့ရှယ်ယာ ဈေးနှုန်းများ ကျဆင်းလိမ့်မယ်ဟု အများက ခန့်မှန်းခဲ့သော်လည်း ခန့်မှန်းချက်များနှင့် ဆန့်ကျင်ပြီး တန်ဖိုးများ မြင့်တက်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
14-Oct-2016
ကလေးသူငယ်များအား လိင်အကြမ်းဖက်သူများကို ပြင်းထန်သော ပြစ်ဒဏ်ပေးရန် အစိုးရက အဆိုပြုထားသည့် အငြင်းပွားဖွယ် ဥပဒေကို အင်ဒိုနီးရှား လွှတ်တော်အမတ်များက ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ကြသည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။
13-Oct-2016
အများပြည်သူ လုံခြုံရေးအတွက် မူဝါဒ ခပ်ကြမ်းကြမ်းတွေ ချတတ်သော ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် အများပြည်သူကြား ဆေးလိပ်သောက်သုံးခြင်းကို ပိတ်ပင်မိန့်ထုတ်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ကြောင်း အေဂျင်စီ သတင်းများက ဖော်ပြထားကြသည်။
13-Oct-2016
ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ အမျိုးသမီးများအပေါ် ရုန့်ရင်းကြမ်းတမ်းစွာ ပြောပုံမျိုးကြောင့် 7-Eleven သက်သာဆိုင်များတွင် အလုပ်လျှောက်လျှင်ပင် လက်ခံနိုင်ဖွယ် မရှိကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက လှောင်ပြောင်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
12-Oct-2016
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ အမျိုးသမီးများကို နှိမ့်ချ စော်ကားသော ဗီဒီယို ပျံ့နှံ့သွားပြီးနောက် ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်က ၁၁ ရာခိုင်နှုန်း အသာစီး ရသွားသည်ဟု အင်္ဂါနေ့က ထုတ်ပြန်သော သဘောထား စစ်တမ်းတွင် တွေ့ရှိရကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
12-Oct-2016
ထိုင်းဘုရင် ဘူမိဘောရဲ့ကျန်းမာရေး အခြေအနေဟာ မတည်မငြိမ် ဖြစ်နေပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
11-Oct-2016
ပျမ်းမျှအားဖြင့် ၇ စက္ကန့်လျှင် အရွယ် မရောက်သေးသည့် အသက် ၁၅ နှစ်အောက် မိန်းကလေး တစ်ယောက်မှာ မိမိဆန္ဒ မပါဘဲ အိမ်ထောင်ပြုနေရကြောင်း Save The Children အဖွဲ့က ထုတ်ပြန်သည့် စစ်တမ်း တစ်ရပ်က ဖော်ပြလိုက်သည်။
10-Oct-2016
ဗုံးဖောက်ခွဲ တိုက်ခိုက်ရန် စီစဉ်နေသည်ဟု သံသယ ရှိသော ဆီးရီးယားနွယ်ဖွား အမျိုးသား တစ်ဦးကို ဂျာမန်ရဲက လိုက်လံ ရှာဖွေနေပြီး စနေနေ့က ၎င်း၏တိုက်ခန်းကို စီးနင်းစဉ် ပေါက်ကွဲနိုင်သော ပစ္စည်းများကို တွေ့ရှိရသည်ဟု တာဝန်ရှိသူများက ပြော ကြား
09-Oct-2016
ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်သည့် ဘရက်ဇစ်(Brexit) လုပ်ငန်းအတွက် အစိုးရကို အကြံပေးရန် နိုင်ငံခြားသား ပညာရှင်များကို ခေါ်ယူမည် မဟုတ်ဟု ဗြိတိန် အစိုးရ တာဝန်ရှိသူက လန်ဒန် စီးပွားရေး တက္ကသိုလ်သို့ ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
09-Oct-2016
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ၎င်း၏အဖွဲ့ ပြိုကွဲ မသွားအောင် တားဆီးရန် စနေနေ့ အစောပိုင်းက အပတ်တကုတ် ကြိုးစားခဲ့ပြီး အမျိုးသမီးများအပေါ် ရုန့်ရင်းကြမ်းတမ်းသော မှတ်ချက်ပေးခဲ့မှုအပေါ် တောင်းပန်ကြောင်း ဖော်ပြထားသော ဗီဒီယိုကို ကမန်းကတန်း ထုတ်ပြန်ခဲ့ရသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
09-Oct-2016
ဆီးရီးယားနိုင်ငံတွင် အရပ်သားများအပေါ် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ရုရှားနှင့် ဆီးရီးယားသမ္မတ ဘာရှားအာဆတ် ဦးဆောင်သော အစိုးရကို စစ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းလိုက်ကြောင်း The Guardian သတင်းစာက ရေးသားဖော်ပြသည်။
08-Oct-2016
ကိုလံဘီယာ အစိုးရနှင့် လက်ဝဲဝါဒီ FARC သူပုန်များကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြည်သူများက လက်မခံခဲ့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပုံဖော်ခဲ့သူ ကိုလံဘီယာ သမ္မတ ဂျအန်မန်နျူရယ်ဆန်းတို့ကို ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အဖြစ် အံ့သြသင့်ဖွယ် ရွေးချယ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
07-Oct-2016
ကြာသာပတေးနေ့က ဘဟားမားစ်ကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီးတဲ့နောက် အမေရိကကို ဦးတည်နေတဲ့ မတ်သရူး မုန်တိုင်းကြောင့် သေဆုံးခဲ့သူ အရေအတွက်ဟာ ၂၆၉ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။
07-Oct-2016
ကော်ဖီတွင် ဆိုင်ယာနိုက် အဆိပ်ခတ်၍ သူငယ်ချင်းကို သတ်သည်ဟု စွပ်စွဲခံရသော မိန်းကလေးကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်ရန် အင်ဒိုနီးရှား အမှုလိုက် အရာရှိများက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။