News

POST SECTION

FOREIGN-AFFAIRS

29-Jan-2017
အမေရိကန်အစိုးရက မွတ်ဆလင် အများစုရှိရာ နိုင်ငံခုနစ်နိုင်ငံမှ ဒုက္ခသည်များကို ယာယီအားဖြင့် ဝင်ခွင့်ပိတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ချိန်တွင် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးက အဆိုပါ ဒုက္ခသည်များဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာပေါ်တွင် ပြောကြားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
27-Jan-2017
အမေရိကန်နိုင်ငံ၏ မက္ကဆီကို နယ်စပ်တစ်လျှောက် ‘ဖြတ်သန်းမရနိုင်သော ရုပ်ပိုင်းဆိုင်ရာ အတားအဆီး’ တစ်ခု တည်ဆောက်ရန် သမ္မတ ဒေါ်နယ်ထရမ့်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
26-Jan-2017
ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှု (ဘရိတ်ဇစ်) ကို မတ်လကုန်တွင် စတင်ရန် စီစဉ်ထားမှုမှာ ပါလီမန်၏ အတည်ပြုချက် ဦးစွာရယူရမည်ဆိုသော တရားရုံးချုပ်၏ စီရင်ချက်ကြောင့် ခွဲရေးအစီအစဉ်များ နှေးကွေး၊ နှောင့်နှေးသွားဖွယ် မရှိကြောင်း Reuters သတင်းဌာနက သုံးသပ်ဖော်ပြသည်။
26-Jan-2017
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒုက္ခသည်အများစုကို ယာယီပိတ်ပင်ပြီး ဆီးရီးယား၊ အရှေ့အလယ်ပိုင်း ၆ နိုင်ငံနှင့် အာဖရိက တိုင်းပြည်များ၏ နိုင်ငံသားများကို ပြည်ဝင်ခွင့်ဗီဇာ ဆိုင်းငံ့ထားမည့် အမိန့်များကို ဗုဒ္ဓဟူးနေ့တွင် စတင် လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း နီးစပ်သော ကွန်ဂရက်လွှတ်တော် လက်ထောက်များနှင့် လူဝင်မှုကြီးကြပ်ရေး ကျွမ်းကျင်သူများက ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
24-Jan-2017
ကမ္ဘာကြီး၏ ဂလိုဘယ်လိုက်ဇေးရှင်း၊ ဒီဂျစ်တယ် ခေတ်ပြောင်းခြင်းတို့၏ စိန်ခေါ်မှုများကို ပေါ်ပြူလာဝါဒ၊ အစွန်းရောက်မှုနှင့် သီးခြားနေခြင်းတို့က ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပွင့်လင်းမှုကသာ ဖြေရှင်းနိုင်လိမ့်မည်ဟု ဂျာမနီ၏ အဓိပတိ အင်ဂလာ မာကယ်လ်က သတိပေးသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
24-Jan-2017
ဗြိတိန်အစိုးရ၏ ဥရောပသမဂ္ဂမှ ခွဲထွက်ရေး (ဘရိတ်ဇစ်- Brexit) လုပ်ငန်းစဉ် မစတင်မီ ပါလီမန်လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရမည်ဟု ဗြိတိန်တရားရုံးချုပ်က စီရင်ချက် ချခဲ့ကြောင်း CNN နှင့် BBC သတင်းများက ဖော်ပြသည်။
24-Jan-2017
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အတွင်းမှ အဓိကပုဂ္ဂိုလ် အချို့နှင့် မီဒီယာများအကြား စကားလုံးစစ်ပွဲသစ် ဖြစ်ပွားနေသည်ဟု BBC သတင်းက ဖော်ပြသည်။
23-Jan-2017
ဆီးရီးယားရှိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဘာသာရေးနေရာများနှင့် အရာဝတ္ထုများကို ဖျက်ဆီးမှုများအပြုခံရ ခြင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအစည်းအဝေးက ရှုတ်ချလိုက်ကြောင်း Xinhua သတင်းတစ်ရပ်က ဖော်ပြထားသည်။
23-Jan-2017
ဂမ်ဘီယာတွင် ၂၂ နှစ်ကြာ အုပ်စိုးခဲ့ပြီးနောက် ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော သမ္မတဟောင်း ယာဟာဂျာမေးသည် တိုင်းပြည်မှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
22-Jan-2017
ကျမ်းကျိန်ပွဲ အခမ်းအနား တက်ရောက်သည့် လူထုအရေအတွက်နှင့် ဓာတ်ပုံများ ဖော်ပြရာတွင် မီဒီယာများ မရိုးမသား လုပ်ခဲ့သည်ဟု အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
21-Jan-2017
ဂမ်ဘီယာနိုင်ငံတွင် ကာလရှည်ကြာ အုပ်စိုးခဲ့သော ခေါင်းဆောင် ယာဟာဂျာမေးက ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်ခဲ့ပြီးနောက်တွင် နုတ်ထွက်ပေးတော့မည်ဟု ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ပြောကြားသည်။
21-Jan-2017
အမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက် သမ္မတအဖြစ် စတင် ကျမ်းသစ္စာ ကျိန်ဆိုပြီး အုပ်ချုပ်ရေးအာဏာ ရယူသည့်နေ့တွင် ဒေါ်နယ်ထရမ့်က အမေရိကကို ပထမ ဦးစားပေးဖြစ်ရမည်ဟုဆိုကာ အမျိုးသားရေး စိတ်ဓာတ်တက်ကြွစေမည့် မိန့်ခွန်းကို ပြောဆိုလိုက်သည်။
20-Jan-2017
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးအနီးတွင် သမ္မတတာဝန်မှ အနားယူရပြီဖြစ်သည့် အိုဘားမား၊ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏သမီး အိုင်ဗန်ကာထရမ့်နှင့် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဈေးရောင်းစင်တာ Amazon ကို တည်ထောင်သူ ဘီလျံနာ ဂျက်ဖ်ဘီဇော့တို့ နေထိုင်မည် ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြထားသည်။
20-Jan-2017
ပထမဆုံး တရုတ်-ဗြိတိန် ကုန်ရထာ သည် မိုင် ၇၅၀၀ ခရီးကို ခုတ်မောင်းပြီးနောက် ဗုဒ္ဓဟူးနေ့က လန်ဒန်သို့ ရောက်ရှိလာခဲ့ရာ ဥရောပတစ်လွှားနှင့် အာရှအကြား ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများ တည်ဆောက်ရန် တရုတ်နိုင်ငံ၏ အားထုတ်မှုတွင် မိုင်တိုင်တစ်ခု ဖြစ်လာသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
20-Jan-2017
ရွေးကောက်ပွဲရှုံး ဂမ်ဘီယာသမ္မတ ယာဟ်ယာဂျမား ရာထူးမှ ဆင်းမပေးပါက အိမ်နီးချင်း နိုင်ငံများက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဟု ခြိမ်းခြောက်ထားသော်လည်း သတ်မှတ်ချိန် ကျော်လွန်သည်အထိ သမ္မတမှာ ရာထူးမှ ဆင်းပေးရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း BBC သတင်းက ဖော်ပြသည်။