News

POST SECTION

FOREIGN-AFFAIRS

15-Nov-2016
ရုရှားနိုင်ငံက ရူးရူးမိုက်မိုက် ချစ်ကြိုက်ပြီး အသက် မပြည့်သေးဘဲ ခိုးပြေးတဲ့ လူငယ်စုံတွဲ တစ်တွဲဟာ မိဘတွေနဲ့ ရဲလက်က ထွက်ပြေးဖို့ ကြိုးစားရင်း နောက်ဆုံးမှာ အဖမ်း မခံပဲ ကိုယ့်ကိုကိုယ် သတ်သေသွားကြပါတယ်။
15-Nov-2016
ဒေါ်နယ်ထရမ့်က သူသမ္မတ ဖြစ်လာချိန်တွင် ရာဇဝတ်မှု မှတ်တမ်းရှိသည့် အထောက်အထား မရှိသော ရွှေ့ပြောင်းအခြေချသူ နှစ်သန်းမှ သုံးသန်းခန့်အထိကို နှင်ထုတ်သွားမည် ဖြစ်ပြီး တရားမဝင် ရွှေ့ ပြောင်းအခြေချသူများ စီးဝင်မှု ဟန့်တားနိုင်ရန်အတွက် သူ့မဲဆွယ်ကတိကဝတ်အတိုင်း အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းကာသွားမည်ဟု ပြောကြားခဲ့ ကြောင်း VOA သတင်းက ဖော်ပြသည်။
15-Nov-2016
ဗြိတိန်ရောက် မြန်မာဆရာဝန် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ အံ့ထွန်းမောင်ဟာ ဗြိတိန်နိုင်ငံမှာ လူနာမိန်းကလေး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲခံရပြီး ပြစ်ဒဏ် ချမှတ်ခံခဲ့ရပေမယ့် ပြန်လည်ကြားနာ စစ်ဆေးမှုမှာ အနိုင်ရပြီး မူလ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်များမှ ကင်းရှင်းသွားပြီ ဖြစ်ပါတယ်။
14-Nov-2016
ယခုရက်ပိုင်းအတွင်း ဆိုးလ်မြို့တော်တွင် ဆယ်စုနှစ် သုံးခုအတွင်း အကြီးဆုံး ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယား အဓိက အတိုက်အခံ ပါတီ ခေါင်းဆောင်က သမ္မတ ပတ်ဂွမ်ဟီးနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလိုက်ကြောင်း သမ္မတရုံးက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
14-Nov-2016
ထိုင်းနိုင်ငံတွင် လက်စတာ ဘုန်းတော်ကြီးဟု လူသိများလျက်ရှိသည့် ဖရာပရွမ်မန်းကလာချန်း ဘွဲ့အမည်ရ ဆရာတော်သည် အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အောင်ပွဲခံနိုင်စေရန်အတွက် အဆောင်ယတြာတစ်ခု စီရင်ပေးခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။
14-Nov-2016
အမေရိကန်သမ္မတ ရွေးကောက်ပွဲ အရေးနိမ့်ခဲ့ရမှုအတွက် FBI ညွှန်ကြားရေးမှူး၏ ဝင်ရောက်စွက်ဖက်မှုများကို ဟီလာရီကလင်တန်က အပြစ်ဖို့ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
13-Nov-2016
နယူးဇီလန် နိုင်ငံတွင် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညသန်းခေါင်ယံ၌ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
12-Nov-2016
အမေရိကန်သမ္မတ ရွေးကောက်ပွဲ တွင် ရီပတ်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရမ့် အနိုင်ရရှိသွားပြီးနောက် ‘ငါ့သမ္မတ မဟုတ်ဘူး’ ဟူသော ခေါင်းစဉ်ဖြင့် ၎င်းအား ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ယခုဆိုလျှင် အချိန်ကာလအားဖြင့် သုံးရက်ကျော်သွားပြီ ဖြစ်ကြောင်း၊ ဆန္ဒပြသူဦးရေလည်း သိသိသာသာ လျော့ကျသွားခြင်း မရှိသေးကြောင်း အမေရိကန် မီဒီယာများက ရေးသားဖော်ပြသည်။
12-Nov-2016
အီရတ်နိုင်ငံတွင် IS စစ်သွေးကြွများက အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးချကာ ခုခံနေသည့် မိုဆူးလ်မြို့ အတွင်းပိုင်းသို့ အီရတ်အထူးတပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်လျက်ရှိရာ ယခုအခါ နေရာအတော်များများကို သိမ်းပိုက်ရယူနိုင်ပြီ ဖြစ်ကြောင်း စစ်ဘက်အရာရှိကြီးများ၏ ပြောကြားချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။
12-Nov-2016
အာဖဂန်နစ္စတန်ရှိ အကြီးဆုံး အမေရိက လေတပ်စစ်စခန်း ဘာဂရမ်တွင် ဗုံးပေါက်ကွဲပြီး အနည်းဆုံး ၄ ဦး သေဆုံးခဲ့ကြောင်း သတင်းဌာနတွင် ဖော်ပြထားသည်။
11-Nov-2016
အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့် အနိုင် ရသွားခဲ့တာဟာ Facebook လူမှုကွန်ယက်ရဲ့ သက်ရောက်မှုတွေကြောင့်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေကို Facebook တည်ထောင်သူ မက်ခ်ဇူကာဘတ်က ပြန်လည် ခုခံပြောဆိုလိုက်ပါတယ်။
10-Nov-2016
ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်မျိုးကို ကြွက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ သုတေသန ပညာရှင်တွေက ထုတ်ဖော်ကြေညာ လိုက်ပါတယ်။
10-Nov-2016
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ရပ်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ မှတ်ဉာဏ် စွမ်းရည်ကို နှိုင်းယှဉ် လေ့လာခဲ့ရာမှာ အမျိုးသမီးတွေက မှတ်ဉာဏ် ပိုကောင်းကြောင်း တွေ့ရှိခဲ့ရပါတယ်။
10-Nov-2016
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရသွားတာကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ အမေရိကန် ပြည်ထောင်စု တစ်ဝန်းက မြို့ကြီးတွေမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
10-Nov-2016
လူသားတွေအားလုံး နေထိုင် စားသောက်တဲ့ပုံစံ မတူညီတတ်တာကြောင့် သန့်စင်ခန်း ဝင်တဲ့ပုံစံလည်း မတူညီတတ်ကြပါဘူး။