News

POST SECTION

FOREIGN-AFFAIRS

04-Dec-2017
ပြိုင်ဆိုင်မှုပြင်းထန်သော သမ္မတရွေးကောက်ပွဲမှသည် လုယက်မှုများ၊ သွေးထွက်သံယိုမှုများ၊ မငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့ကာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး ထိန်းချုပ်ခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။
04-Dec-2017
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြို့တော်ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ၏ အာဏာရပါတီအချင်းချင်း နက်ရှိုင်းသော မဟာဗျူဟာဆက်ဆံရေးရှိရန်အတွက် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရမီဒီယာ ပြည်သူ့သတင်းစာက ရေးသားဖော်ပြထားသည်။
03-Dec-2017
ဂျပန်ဧကရာဇ် အကီဟီတိုသည် နန်းစွန့်ပြီးပါက တိုင်းပြည်တာဝန်အားလုံးကို လက်လွှဲသွားမည်ဖြစ်ကြောင်း မင်းသားအကီရှီနိုက အတည်ပြုခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
03-Dec-2017
ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များအရေးကို ဆွေးနွေးရန် ဒီဇင်ဘာလ ၁၅ ရက်တွင် စည်းဝေးကြမည်ဖြစ်ပြီး ပြုံယမ်း၏မဟာမိတ် ဘေဂျင်းက ပြီးခဲ့သော သုံးနှစ်လုံးလုံး တားဆီးခဲ့သောလူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစည်းအဝေးကိုလည်း ယခုလအတွင်း သီးခြားခေါ်ယူမည်ဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
03-Dec-2017
ဆီးရီးယားနိုင်ငံတွင်းရှိ အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့အပေါ် တိုက်ခိုက်ရေး နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဆီးရီးယားကာ့ခ်များအား လက်နက်တပ်ဆင်ရေး အာရုံစိုက်မည် မဟုတ်ဘဲ နယ်မြေထိန်းထားရေးကိုသာ ပိုမို အာရုံစိုက်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိန်းမတ်တစ်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
03-Dec-2017
လက်ဘနွန်နိုင်ငံသည် ဟစ်ဇ်ဘိုလာအုပ်စု၏ ပြန်ပေးဆွဲခြင်းခံထားရပြီး အီရန် ကျောထောက်နောက်ခံ အဆိုပါအုပ်စုကို လက်နက်ချအောင် လုပ်ဆောင်နိုင်မှသာ လွတ်မြောက်မှု ရရှိလိမ့်မည်ဖြစ်သည်ဟု ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
02-Dec-2017
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် ဘင်္ဂါလီမွတ်ဆလင် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ အာရှခရီးစဉ်တွင် ရိုဟင်ဂျာဟု ပထမဆုံးအကြိမ် သုံးနှုန်းခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
29-Nov-2017
ဘင်္ဂါလီ(မူရင်းအသုံးရိုဟင်ဂျာ) ဒုက္ခသည်များအရေး ကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းမှုများနှင့်ပတ်သက်၍ မကျေနပ်သောကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ချိန်က ချီးမြှင့်ခဲ့သည့် အောက်စဖို့ဒ်စီတီလွတ်လပ်ရေး ဆုတံဆိပ် (Freedom of the City of Oxford) ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အောက်စဖို့စီတီကောင်စီက သတင်းထုတ်ပြန်လိုက်သည်။
29-Nov-2017
ကင်ညာ အတိုက်အခံများက သပိတ်မှောက်ထားသော်လည်း လက်ရှိသမ္မတ အူဟူရူကင်ညတ်တာသည် ဒုတိယ သက်တမ်းအတွက် ကျမ်းကျိန်ပွဲ အခမ်းအနားကို မြို့တော်နိုင်ရိုဘီတွင် ပြုလုပ်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
28-Nov-2017
အပန်းဖြေခရီးသွားများ လာရောက်ရာ ဘာလီကျွန်းရှိ အဂွန်းမီးတောင်နှင့် ပတ်သက်၍ အဆင့် ၄ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားပြီး ပို၍ကြီးမားသော ပေါက်ကွဲမှု ချက်ချင်း ဖြစ်ပေါ်နိုင်သောကြောင့် ကျွန်းလေဆိပ်ကို ပိတ်ထားသလို တောင်အနီးရှိ ဒေသခံများ ချက်ချင်းနေရာမှ စွန့်ခွာကြရန် အာဏာပိုင်များက သတိပေးထားသည်ဟု Reuters သတင်းက ဖော်ပြသည်။
26-Nov-2017
အီဂျစ်နိုင်ငံ မြောက်ပိုင်းဆိုင်းနိုင်းက မြို့တစ်မြို့ရှိ ဗလီတစ်ခုကို အကြမ်းဖက် စစ်သွေးကြွများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၃၀၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် အီဂျစ်နိုင်ငံ၏ မော်ဒန်သမိုင်းကြောင်းတွင် အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီးအဖြစ် သတ်မှတ်၍ ရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
26-Nov-2017
၂၀ဝ၈ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ တိုက်ခိုက်မှုများကို ကြိုးကိုင်စီမံခဲ့သည်ဟု အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့က စွပ်စွဲထားသော တရားဟောဆရာ ဟာဖစ်ဆိဒ်ကို ပြန်လည် ဖမ်းဆီးတရားစွဲဆိုရန် အမေရိကန် ပြည်ထောင်စုက ပါကစ္စတန်ကို တိုက် တွန်းလိုက်သည်ဟု ဃြ သတင်းတွင် ဖော်ပြထားသည်။
26-Nov-2017
ဆီးရီးယား ကာ့ခ် YPG ပြည်သူ့စစ်များကို လက်နက်ထောက်ပံ့မှု အမေရိကန် ပြည်ထောင်စုက ရပ်တန့်လိုက်သည်ဟု တူရကီနိုင်ငံက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
24-Nov-2017
ပါပူအာနယူးဂီနီနိုင်ငံ မန်းနပ်စ်ကျွန်းတွင် ဩစတြေးလျနိုင်ငံက လာရောက်ဖွင့်လှစ်ထားခဲ့သော တရားမဝင် ခိုလှုံရန်ဝင် ရောက်လာသူများ ထိန်းသိမ်းသည့် စခန်းဟောင်းတွင်းမှ ထွက်ခွာရန် ငြင်းဆိုနေသူများကို ဖယ်ရှားရန် ပါပူအာနယူးဂီနီရဲများ စခန်းတွင်း ဝင်ရောက် ရှင်းလင်းလျက်ရှိကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
24-Nov-2017
ဆီးရီးယားငြိမ်းချမ်းရေး ကွန်ဂရက်ကို လက်ခံကျင်းပမည့် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အစီအစဉ်ကို တူရကီနှင့် အီရန်တို့က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထောက်ခံခဲ့ကြသည်။