News

POST SECTION

FOREIGN-AFFAIRS

07-Dec-2017
ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူ လာဆာလားသည် ၎င်းအပေါ် ထောက်ခံသူများနှင့် မဟာမိတ်ဟောင်း ဟူသီသူပုန်များအကြား ဖြစ်ပွားသော ပဋိပက္ခအတွင်း အသတ်ခံခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
07-Dec-2017
မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် အပါအဝင် အာဆီယံဒေသတွင်း ခြေကုပ်ယူလာသော ဘာသာရေး စစ်သွေးကြွများကို အာဆီယံနိုင်ငံများက နှိမ်နင်း တိုက်ခိုက်ရမည်ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု Bangkok Post သတင်းစာက ဖော်ပြသည်။
07-Dec-2017
ပြည်ပသို့ တိမ်းရှောင်သွားသည့် ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ရှင်နာဝပ်ကို ဗြိတိန်က ပတ်စ်ပို့ ထုတ်ပေးလိုက်ပြီဆိုသော သတင်းနှင့်ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင် လက်ရှိ ဝန်ကြီးချုပ် ပရာယု ချန်အိုချာက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး သူ မသိသေးကြောင်း ဖြေကြားခဲ့သည်ဟု Bangkok Post သတင်းစာက ဖော်ပြသည်။
07-Dec-2017
တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့ ပူးပေါင်းလျက် မြောက်ကိုရီးယားအနီးတွင် ဧရာမလေကြောင်း ထိုးစစ်စစ်ဆင်ရေးစစ်ရေး လေ့ကျင့်လျက်ရှိရာတွင် အမေရိကန်စွမ်းအားမြင့် ဖိုက်တာဂျက် B-1B လေဆာဗုံးကြဲလေယာဉ်များ အသုံးပြုပြီး ပါဝင်လေ့ကျင့်လျက်ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
06-Dec-2017
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများအပေါ် အကြမ်းဖက်မှုများသည် လူသားကျင့်ဝတ် ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် အလွန် တူညီနေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားခြင်းဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးထင်လင်းက တုံ့ပြန်လိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
06-Dec-2017
မွတ်ဆလင် လူများစုနိုင်ငံခြောက်ခုမှ နိုင်ငံသားများ အမေရိကန်သို့ ခရီးသွားလာမှု ပြည်ဝင်ခွင့် ပိတ်ပင်ထားသည့် သမ္မတဒေါ်နယ်ထရမ့်၏ အမိန့်အပေါ် ကန့်ကွက်မှုများကို တရားရုံးများတွင် ကြားနာစစ်ဆေးနေစဉ်ကာလအတွင်း အဆိုပါအမိန့်အတိုင်း အပြည့်အဝ အာဏာသက်ဝင်ခွင့်ပြုရန် တရားရုံးချုပ်က ဆုံးဖြတ်လိုက်ကြောင်း USA Today သတင်းစာက ဖော်ပြသည်။
05-Dec-2017
ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီလူမျိုးများအပေါ် လူမျိုးဖြုတ် ရှင်းလင်းမှုများ၊ မုဒိမ်းမှုများနှင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းရှိသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အထူးအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ရန်ရှိသည်ဟု ကုလသမဂ္ဂသတင်း ရင်းမြစ်များ၏ ပြောကြားချက်ကို Reuters သတင်းဌာနက တနင်္လာနေ့တွင် ကိုးကားဖော်ပြသည်။
05-Dec-2017
အတ္တလန်တိတ် သမုဒ္ဒရာတောင်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သော အာဂျင်တီးနား ရေငုပ်သင်္ဘောကို ရှာဖွေမှုအား ရပ်ဆိုင်းလိုက်ခြင်းကြောင့် အစိုးရကို သင်္ဘောသားများ၏ မိသားစုဝင်များက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
05-Dec-2017
တရုတ်နှင့် ရုရှားတို့က ကန့်ကွက်နေကြသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က အကြီးစားပူးတွဲ လေတပ်စစ်ရေး လေ့ကျင့်မှု ဒီဇင်ဘာလ ၄ ရက်နေ့တွင် စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ မြောက်ကိုရီးယားကလည်း ယင်းစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲ ချောက်နှုတ်ခမ်းအတွင်း ကျရောက်သွားနိုင်ကြောင်း သတိပေးထားသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
05-Dec-2017
ပြင်သစ်နိုင်ငံ ကော်စီကာကျွန်းဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် ကော်စီကာ အမျိုးသားရေးဝါဒီများ ထောက်ခံမဲ ထက်ဝက်နီးပါး ရရှိခဲ့သဖြင့် ပဲရစ်အုပ်ချုပ်မှူးထံမှ ပိုမိုလွတ်လပ်ခွင့် တောင်းဆိုလာနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
04-Dec-2017
ပြိုင်ဆိုင်မှုပြင်းထန်သော သမ္မတရွေးကောက်ပွဲမှသည် လုယက်မှုများ၊ သွေးထွက်သံယိုမှုများ၊ မငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့ကာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး ထိန်းချုပ်ခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။
04-Dec-2017
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြို့တော်ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ၏ အာဏာရပါတီအချင်းချင်း နက်ရှိုင်းသော မဟာဗျူဟာဆက်ဆံရေးရှိရန်အတွက် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရမီဒီယာ ပြည်သူ့သတင်းစာက ရေးသားဖော်ပြထားသည်။
03-Dec-2017
ဂျပန်ဧကရာဇ် အကီဟီတိုသည် နန်းစွန့်ပြီးပါက တိုင်းပြည်တာဝန်အားလုံးကို လက်လွှဲသွားမည်ဖြစ်ကြောင်း မင်းသားအကီရှီနိုက အတည်ပြုခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
03-Dec-2017
ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များအရေးကို ဆွေးနွေးရန် ဒီဇင်ဘာလ ၁၅ ရက်တွင် စည်းဝေးကြမည်ဖြစ်ပြီး ပြုံယမ်း၏မဟာမိတ် ဘေဂျင်းက ပြီးခဲ့သော သုံးနှစ်လုံးလုံး တားဆီးခဲ့သောလူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစည်းအဝေးကိုလည်း ယခုလအတွင်း သီးခြားခေါ်ယူမည်ဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
03-Dec-2017
ဆီးရီးယားနိုင်ငံတွင်းရှိ အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့အပေါ် တိုက်ခိုက်ရေး နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဆီးရီးယားကာ့ခ်များအား လက်နက်တပ်ဆင်ရေး အာရုံစိုက်မည် မဟုတ်ဘဲ နယ်မြေထိန်းထားရေးကိုသာ ပိုမို အာရုံစိုက်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိန်းမတ်တစ်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။