News

POST SECTION

FOREIGN-AFFAIRS

03-Oct-2017
တရုတ်နိုင်ငံတွင် ရွှေရောင်သီတင်းပတ် အားလပ်ရက် အပန်းဖြေခရီးသွားမှုကို ဒုက္ခပေးနေသော ပြဿနာများကို လူမှုမီဒီယာ အသုံးပြုသူများက ထောက်ပြခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
03-Oct-2017
မြောက်ကိုရီးယား ခေါင်းဆောင်၏ အဖေတူ အမေကွဲအကို ကင်ဂျုံနမ်အား သတ်ဖြတ်မှုတွင် သံသယရှိသူ တရားခံ အမျိုးသမီး နှစ်ဦးကို မလေးရှား တရားရုံးတွင် စစ်ဆေးခဲ့ရာ အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
03-Oct-2017
ဘင်္ဂါလီအရေးကိစ္စအပေါ် တုံ့ပြန်ဖြေရှင်းမှုများအပေါ် မူတည်ပြီး အောက်စဖို့ဒ်စီတီကောင်စီက တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုချီးမြှင့်ခဲ့သော Freedom of Oxford ဆုကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ဗြိတိန်အစိုးရ ထောက်ပံ့ခံ BBC သတင်းဌာနက ရေးသားဖော်ပြသည်။
03-Oct-2017
မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ပြုံယမ်းကွန်မြူနစ် အစိုးရနှင့် စေ့စပ်ညှိနှိုင်းနိုင်အောင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန် ကြိုးပမ်းနေခြင်းသည် အချိန်ဖြုန်းမှု သက်သက်သာ ဖြစ်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
03-Oct-2017
အမေရိကန်ပြည်ထောင်စု လပ်စ်ဗီးဂတ်စ်မြို့တွင် ကျင်းပပြုလုပ်သော ကွင်းပြင်ဂီတပွဲတော်တစ်ခု၌ သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၅၀ ခန့် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိသွားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
02-Oct-2017
မွမ်ဘိုင်းဘူတာရုံ လူကူးတံတားတစ်ခုတွင် လူများ ဝရုန်းသုန်းကား ထွက်ပြေးမှုကြောင့် ၂၂ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု တာဝန်ရှိသူများက သတင်း ထုတ်ပြန်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
02-Oct-2017
အမေရိကန်သမ္မတထရမ့်သည် လာမည့်နိုဝင်ဘာလအတွင်း ဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲများ တက်ရောက်နိုင်ရေးအတွက် အာရှငါးနိုင်ငံသို့သွားရောက်မည်ဖြစ်သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
02-Oct-2017
နာဇီလက်သစ်အုပ်စုများနှင့် တန်ပြန်ဆန္ဒပြသည့် ဖက်ဆစ်ဆန့်ကျင်ရေးဝါဒီများ နှစ်ဖွဲ့စလုံး စက်တင်ဘာလ ၃၀ ရက်နေ့က ရဲတပ်ဖွဲ့ဝင်နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
01-Oct-2017
မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းရှိ ဒုံးကျည်လက်နက် ထုတ်လုပ်ရေး စက်ရုံတစ်ခုမှ ဒုံးကျည်အချို့ကို အခြားနေရာများသို့ စတင်ရွှေ့ပြောင်းမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု တောင်ကိုရီးယားရုပ်သံ KBS က ဖော်ပြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
01-Oct-2017
အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ရှိ ဂျီဟတ်ဝါဒီ IS အုပ်စု ထိန်းချုပ်ထားသော ဒေသများတွင် ပြင်သစ်လူမျိုး ၇၀ဝ ခန့် ရှိနေရာ ဥပဒေကြောင်းအရ ၎င်းတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည် ဟူသောကိစ္စအတွက် အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိသည်ဟု ပြင်သစ်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
01-Oct-2017
အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ သံဝန်ထမ်းများကို နေထိုင်မကောင်း ဖြစ်စေခဲ့သော အသိရခက်သည့် အသံလှိုင်း လွန် အသုံးပြု တိုက်ခိုက်ခံရမှုများကို တုံ့ပြန်သည့်အနေနှင့် ကျူးဘားရှိ သံရုံးမှဝန်ထမ်း ထက်ဝက်ကျော်ကို ပြန်လည် ရုပ်သိမ်းနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
01-Oct-2017
စပိန်နိုင်ငံမှ ကက်တလုံးနီးယားပြည်နယ် ခွဲထွက်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကို စပိန်အစိုး ရအာဏာပိုင်များက လုံးဝလက်သင့်မခံနိုင်ကြောင်း သတိပေးထားပြီး ယင်းဒေသသို့ ရဲအင်အား ထောင်နှင့်ချီ၍ လွှတ်ထားသော်လည်း ကက်တလန် လူမျိုးများက ဆန္ဒခံယူပွဲ ကျင်းပသည့် သောကြာနေ့က မဲရုံများကို သိမ်းယူထားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
01-Oct-2017
တရုတ်ကွန်မြူနစ်ပါတီဝင်များ အနေနှင့် ခေတ်ပြိုင် အရင်းရှင်စနစ်ကို လေ့လာကြရမည် ဖြစ်သော်လည်း မာ့ခ်စ်ဝါဒမှ သွေဖည်သွားအောင် မည်သို့မျှ လုပ်ဆောင်၍ရမည် မဟုတ်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော်သတိပေးလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
29-Sep-2017
နှလုံးရောဂါ အတက်ခ်ရမှု (Heart Attack) ကို အတည်ပြုပယ်ချရန် မိနစ် ၂၀ အတွင်း ချက်ချင်းသွေးစစ်ခြင်းကို ပုံမှန်ပြုလုပ်သင့်သည်ဟု ဗြိတိန်သုတေသန ပညာရှင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
29-Sep-2017
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မြို့တွင် စစ်သွေးကြွများကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် ဒုံးကျည်ချို့ယွင်းမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။