News

POST SECTION

FOREIGN-AFFAIRS

17-Nov-2017
ကမ္ဘောဒီးယားတွင် အာဏာရပါတီခေါင်းဆောင် ဟွန်ဆန်ကစွဲချက်တင်သောအမှုတွင် အတိုက်အခံပါတီကို ဖျက်သိမ်းပစ်ရန် ဗဟိုတရားရုံးက စဉ်းစားနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
17-Nov-2017
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း မေဒူဂူရီမြို့တွင် အသေခံဗုံးခွဲသူ လေးဦးကြောင့် အနည်းဆုံး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကာ အမြောက်အမြား ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
17-Nov-2017
ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားတွင် ရှားရှားပါးပါး လှုပ်သွားခဲ့သော မြေငလျင်သည် မှတ်တမ်းများအရ ဒုတိယမြောက် အပြင်းထန်ဆုံးဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
16-Nov-2017
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသည့်ပုံစံမျိုး ဖြစ်မည့်အနရာယ်မှ ကာကွယ်နိုင်ရေးအတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်သွားသင့်သည်ဟု စည်းမျဉ်း စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် (CCDI) ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူး ယန်ဇီယာဒူက သုံးသပ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။
15-Nov-2017
အစောင့်အကြပ်များ အထူးတင်းကျပ်စွာချထားသော စစ်မက် မဖြစ်ပွားရေးဇုန်မှတစ်ဆင့် တောင်ကိုရီးယားဘက်သို့ ထွက်ပြေးခဲ့သူ တစ်ဦးအား မြောက်ကိုရီးယားတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ပစ်ခတ် ခဲ့ရာ ကျည်ဆန်ငါးချက် ထိမှန်သွားသော ကြောင့် တောင်ကိုရီးယားဆရာဝန်များက အစွမ်းကုန် ကုသပေးလျက်ရှိကြောင်း ဃြ သတင်းဌာနက ရေးသားဖော်ပြသည်။
14-Nov-2017
အီရန်နှင့်အီရတ်အကြား မြောက်ပိုင်းနယ်စပ်ဒေသတွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျှင် လှုပ်သွားသောကြောင့် အနည်းဆုံးလူ ၃၃၀ ခန့် သေဆုံးခဲ့ပြီး လူ ၄၅၀ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။
14-Nov-2017
အာပေါင်အာရင်းသန်သန်ဖြင့် ရှေ့မကြည့် နောက်မကြည့် ပြောပုံချင်း တူညီသော သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ရိုဒရီဂိုဒူတာတေးတို့နှစ်ဦးသည် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်နေပါကြောင်း တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြောကြားသွားသည်။
14-Nov-2017
အမေရိကန် ပြည်ထောင်စု ဟောလိဝုဒ်တွင် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသူများနှင့် ထိကပါး ရိကပါး အလုပ်ခံရသူများကို အားပေးထောက်ခံသည့်အနေနှင့် ချီတက်ပွဲ တစ်ရပ်ပြုလုပ်ခဲ့ရာ လူရာနှင့်ချီ၍ ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု BBC သတင်းဌာနက ရေးသားဖော်ပြသည်။
13-Nov-2017
သန်းပေါင်းများစွာသော ငတ်မွတ်ခေါင်းပါး ဒုက္ခသည်များ ထွက်ပေါ်လာခြင်းကြောင့် ယီမင်သည် ကမ္ဘာ့အဆိုးဆုံး အငတ်ဘေးသင့်နေပြီဖြစ်ကြောင်း UN ထိပ်တန်း ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
13-Nov-2017
ရာထူးမှနုတ်ထွက်သည်ဟု ရီယဒ်မြို့တော်တွင် ကြေညာခဲ့သည့် ဝန်ကြီးချုပ် ဟာရီရီ၏ အခြေအနေကို ရှင်းလင်းချက် ထုတ်ပြန်ပေးရန် လက်ဘနွန် သမ္မတက ဆော်ဒီအာရေဗီးယားကို တောင်းဆိုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
12-Nov-2017
မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကို အရပ်ပုပြီး ဝတုတ်ဖြစ်နေသူ “ငပုဖက်တီး”ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Twitter အကောင့်တွင် ဝေဖန်ထိုးနှက်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
12-Nov-2017
လက်ဘနွန်ဝန်ကြီးချုပ် ဆက်ဟာရီရီ နုတ်ထွက်မှုဖြင့် အစပြုခဲ့သော ပြဿနာအပြီးတွင် လက်ဘနွန်အပေါ် ကိုယ်စားပြု စစ်ပွဲများ ဆင်နွှဲနေသော နိုင်ငံများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်က သတိပေးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
12-Nov-2017
ဆီးရီးယား အယ်ဘူကမယ်မြို့ ဧရိယာထက်ဝက်ကို အစိုးရတပ်များထံမှ အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့က ပြန်လည် သိမ်းယူလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
12-Nov-2017
ဆီးရီးယားနိုင်ငံတွင်းရှိ IS စစ်သွေးကြွများကို အတူ ပူးပေါင်းကာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့က သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်ဟု ရုရှားအစိုးရက သတင်းထုတ်ပြန်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
10-Nov-2017
မြန်မာလူ့အဖွဲ့အစည်းဘက်မှ လူ့ အခွင့်အရေး ချိုးဖောက်သည်ဟူသော သတင်းများ နိုင်ငံတကာ မီဒီယာများပေါ်တွင် ပလူပျံနေစဉ် ဗြိတိန်အခြေစိုက် အာရပ် ကမ္ဘာလေ့လာစောင့်ကြည့်ရေး သတင်းဌာန Middle East Monitor က အစ္စရေး သံတမန်တစ်ဦးကို ကိုးကားလျက် မြန်မာ့ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂထက် အစ္စရေးက ပိုနားလည်ကြောင်း ရေးသားဖော်ပြထားသည်။