News

POST SECTION

FOREIGN-AFFAIRS

28-Jan-2018
ဘရာဇီးနိုင်ငံ အနောက်မြောက်ပိုင်းတွင် အကြမ်းဖက်သမားများ နိုက်ကလပ်တစ်ခုအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြရာ အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။
28-Jan-2018
ဗင်နီဇွဲလားနိုင်ငံသည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေသောကြောင့် ပိုမိုတင်းကျပ်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က တောင်းဆိုခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
28-Jan-2018
ရုရှားတွင် အစိုးရက အစောပိုင်းတွင် ပိတ်ပင်ခဲ့သည့် စတာလင်သေဆုံးခြင်းအမည်ရှိ ယူကေဇာတ်ကားကို ပြသခွင့်ရပ်ဆိုင်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
28-Jan-2018
၂၀၁၆ အမေရိကန်သမ္မတရွေးပွဲတွင် ရုရှားတို့ ကြားဝင်ခြေရှုပ်မှုကို စုံစမ်းစစ်ဆေးနေသည့် အထူးကောင်စီကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်ဆိုသော အချက်ကို သမ္မတထရမ့်က ငြင်းဆိုလိုက်ပြီး နောက် အိမ်ဖြူတော်အကြံပေး ဒေါ်နယ်မက်ဂန်းက ငြီးငွေ့လာပြီဖြစ်သောကြောင့် အလုပ်ထွက်မည်ဟု ဇွန်လက ခြိမ်းခြောက်ခဲ့ကြောင်း အတွင်းသိတစ်ဦးက ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
28-Jan-2018
ပြင်သစ်နိုင်ငံ ပဲရစ်တွင် စိန်းမြစ် ရေတက်လာသောကြောင့် မြစ်ကမ်းနံဘေး နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အမြင့်ဆုံး သတိပေးနှိုးဆော်ထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
26-Jan-2018
ကျူးဘားကွန်မြူနစ် ကျွန်းနိုင်ငံငယ်တွင် လွတ်လပ်ပြီး ထိန်းချုပ်ကန့်သတ်ထားခြင်းမရှိသော သတင်းအချက်အလက်စီးဆင်းမှု အားကောင်းစေရန်အတွက် ကျူးဘားအင်တာနက်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုကို ကိုးကားပြီး VOA သတင်းဌာနက ဖော်ပြသည်။ ကျူးဘားနိုင်ငံပိုင်မီဒီယာကမူ အမေရိကန်၏ အဖျက်အမှောင့်လုပ်ရပ်သာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
26-Jan-2018
အိုလံပစ်ပွဲတွင် ပူးပေါင်းယှဉ်ပြိုင်ရေးအတွက် လေ့ကျင့်ရန် မြောက်ကိုရီးယားတာဝန်ရှိသူများနှင့် ရေခဲပြင်ဟော်ကီ အားကစားသမားများ ကြာသပတေးနေ့က နယ်စပ်ကို ဖြတ်ကူးကာ တောင်ကိုရီးယားဘက်ခြမ်းသို့ ရောက်ရှိလာကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
25-Jan-2018
နယူးဇီလန်တွင် ဝန်ကြီးချုပ် ဂျာစင် ဒါအာဒန်း ကိုယ်ဝန်ရှိနေပြီဟူသော သတင်းကြောင့် သိုးမွေးထိုး လှုပ်ရှားမှု ပေါ်ပေါက်လာသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
25-Jan-2018
မြွေပိုင်ရှင်တစ်ဦးကို “ကလေး” ဟု ၎င်းက ချစ်စနိုးခေါ်သော ရှစ်ပေ (၂ ဒသမ ၄ မီတာ) စပါးအုံးမြွေက သတ်ဖြတ်ခဲ့သည်ဟု ယူဆရကြောင်းဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။
25-Jan-2018
စီစဉ်ထားသည့်အတိုင်း ဇူလိုင်လလယ်တွင် သမ္မတရွေးပွဲများ ကျင်းပရန်အတွက် ဖြစ်နိုင်သမျှအရာရာကို လုပ်ဆောင်ရန် မာလီအစိုးရကို ကုလငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့အကြီးအကဲက တိုက်တွန်းလိုက်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။
25-Jan-2018
ခန့်မှန်းခြေ ငါးနှစ်တာကာလအတွင်း သားသမီးနှစ်ဦးကို သတ်ဖြတ်၊ အခြားတစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့မှုဖြင့် ဩစတြေးလျနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
24-Jan-2018
တရုတ်နိုင်ငံက လျှပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖုန်း ဘက်ထရီကို ကောင်းလား မကောင်းလား ဆုံးဖြတ်ဖို့ အတွက် ဘက်ထရီကို ကိုက်ပြီး စမ်းသပ်လိုက်တာပါ။ ဘက်ထရီက ထပေါက်ပြီးတော့ ပေါက်ကွဲမှု သေးသေးလေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
24-Jan-2018
ကမ္ဘာတစ်ဝန်းမှ ဒီမိုကရေစီစနစ်များအပေါ် လူမှုကွန်ရက်၏သက်ရောက်မှုကို ဖေ့စ်ဘွတ်ခ် (Facebook) က မေးခွန်းထုတ်ပြီး ဝေဖန်ဆန်းစစ်ခဲ့ကာ မည်သို့မည်ပုံ သုံးစွဲကြသည်ဆိုခြင်းကို နားလည်ရန်မှာ မိမိတို့တွင် ကိုယ်ကျင့်တရားအရ တာဝန်ရှိကြောင်း ထုတ်ပြန်ခဲ့သည်ဟု VOA သတင်းဌာနက ဖော်ပြသည်။
24-Jan-2018
ဗီယက်နမ်တွင် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့် အာဏာရှိသူများအား ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ တာဝန်ရှိသူဟောင်းတစ်ဦးကို ၁၃ နှစ် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။