News

POST SECTION

FOREIGN-AFFAIRS

15-Jan-2018
ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ခင်းတွင် ဟာဝိုင်အီကျွန်းသို့ ပဲ့ထိန်းဒုံးကျည် ဦးတည်လာနေကြောင်း မှားယွင်းသတိပေးချက်ကြောင့် ဒေသခံများ အုတ်အုတ်သဲသဲ ဖြစ်ခဲ့ရပြီးနောက်ပိုင်းတွင်မှ မှားယွင်းသတိပေးမှုသာဖြစ်ကြောင်း ပြန်လည်ကြေညာခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
14-Jan-2018
၂၀၁၅ ခုနှစ်က သတင်းထောက် နှစ်ဦးအား သတ်ဖြတ်ရန် စီစဉ်မှုဖြင့် လွှတ်တော်အမတ် ဂျူလီယိုဂျူရက်ဇ် ရာမီရက်ဇ်ကို ဖမ်းဆီးရန် ဂွါတီမာလာရှေ့နေချုပ်ရုံးက စနေနေ့တွင် ဝရမ်းထုတ်ပြန်ဖမ်းဆီးလိုက်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။
14-Jan-2018
ထရမ့်၏ “မသတီစရာမစင်တွင်းတိုင်းပြည်များ” ဆိုသော စကားအသုံးနှုန်းကြောင့် အာဖရိက နိုင်ငံများ မကျေမန်ပ် ဖြစ်နေကြပြီး ပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့သည် ဟု Xinhua သတင်းဌာန တွင် ဖော်ပြခဲ့သည်။
14-Jan-2018
Me Too ဟုခေါ်သော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ကျောင်းသူဟောင်းတစ်ဦးက စွပ်စွဲဖော်ပြခဲ့ပြီးနောက် ပါမောက္ခတစ်ဦးကို တရုတ်တက္ကသိုလ်က ထုတ်ပယ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
14-Jan-2018
မသတီစရာ“မစင်တွင်းတိုင်းပြည်များ (Shithole)” မှ ရွှေ့ပြောင်းအခြေချသူများကို လက်မခံသင့်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်မှာ လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းဖြစ်သည်ဟု ပြည်တွင်းနှင့်ကမ္ဘာတစ်ဝန်းမှ ဝေဖန်ခဲ့ကြပြီးနောက် ထရမ့်က လှည့်ပတ်ငြင်းဆိုခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။
14-Jan-2018
လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့သော ကယ်လီဖိုးနီးယား ရွှံ့မြေပြိုမှုတွင် ကျန်ရှိနေသော ပျောက်ဆုံးသူ ၅ ဦးကို ရှာဖွေဧရိယာတိုးချဲ့ပြီး ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။
14-Jan-2018
၁၉၆၀ ခုနှစ်များက အရပ်သားအခွင့်အရေး လှုပ်ရှားသူသုံးဦးကို သတ်ဖြတ်မှုကြောင့် ပြစ်ဒဏ်ကျခံနေရသူ Ku Klus Klan ကေသုံးလုံးဂိုဏ်းခေါင်းဆောင် အဂ္ဂါရေးကီလန် ကွယ်လွန်သွားပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။
13-Jan-2018
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ လာမည့်အပတ် ခရီးစဉ်မတိုင်မီ ချီလီနိုင်ငံရှိ ဘုရားကျောင်းများစွာ တိုက်ခိုက်ဖျက်ဆီးခြင်းခံရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
12-Jan-2018
ဆော်ဒီအာရေဗျဘုရင့်နိုင်ငံတွင် အမျိုးသမီးများ ယာဉ်မောင်းခွင့် ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းလိုက်ပြီးနောက် တက္ကစီငှားရမ်းသည့် အက်ပလီကေးရှင်း ကုမ္ပဏီများက အမျိုးသမီးယာဉ်မောင်းများ ခေါ်ယူစုဆောင်းနေကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
12-Jan-2018
အီရန်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း အကြမ်းဖျင်း လူ ၃၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း လွှတ်တော်အမတ်တစ်ဦးက ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း CNN သတင်းက ဖော်ပြသည်။
12-Jan-2018
ပါကစ္စတန်နိုင်ငံ ကာဆူအာမြို့တွင် မိန်းကလေးငယ်များ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ထိရောက်စွာ ကိုင်တွယ်ပေးရေး တောင်းဆိုဆန္ဒပြရာမှ အဓိကရုဏ်းဖြစ်ပြီး ဆန္ဒပြသူနှစ်ဦး သေဆုံးကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
12-Jan-2018
ပုဆိန်ကိုင်ဆောင်ထားသော သူခိုးများက နာမည်ကြီး ရစ်ဇ်ပဲရစ်ဟိုတယ်ရှိ အရောင်းဆိုင်မှ ဒေါ်လာ ၅ သန်းကျော် တန်ကြေးရှိသည့် ရတနာများကိုဗုဒ္ဓဟူးနေ့ က ခိုးယူသွားသည်ဟုရဲများက ပြောကြားကြောင်း VOA သတင်းတွင် ဖော်ပြသည်။
12-Jan-2018
ပြည်ပရန်သူများက တရားဝင်ဆန္ဒပြပွဲများကို အသုံးချပြီး အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံစနစ်ကို ဖြုတ်ချမည့်အကြံအစည်ကို ဟန့်တားနိုင်ခဲ့ကြောင်း ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
12-Jan-2018
ကယ်လီဖိုးနီးယားတွင် ၁၇ ဦး သေဆုံးခဲ့သော ရွှံ့ရေပြိုဆင်းနစ်မြုပ်မှုများအပြီးတွင် လူဆယ်ဦးမက ပျောက်ဆုံးနေသောကြောင့် ကယ်ဆယ်ရေးသမား ရာပေါင်းများစွာက အပျက်အစီးများကို ရှင်းလင်းနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
11-Jan-2018
မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် ဖုန်းဆက်သွယ်ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။