News

POST SECTION

FOREIGN-AFFAIRS

01-Feb-2018
သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံတော်အခြေပြ မိန့်ခွန်း (State of the Union Speech) ပြောကြားရာတွင် အမေရိကန် ခေတ်ကာလသစ်တစ်ခု ရောက်ရှိပြီဖြစ်သည်ဟု ဆိုပြီး ပိုမိုခိုင်မာတောင့်တင်းသည့် အမေရိကန်ပြည်ထောင်စု ဖြစ်လာရေးအတွက် လက်တွဲပြီး အလုပ်လုပ်ကြရန် ပြိုင်ဘက် နိုင်ငံရေးအင်အားစုများဖြစ်သည့် ဒီမိုကရက်များကို တိုက်တွန်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။
31-Jan-2018
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၁၈၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထူးခြားလပြည့်သုံးမျိုးစလုံး တိုက်ဆိုင်သည့် လပြည့်နေ့ကို ကြုံတွေ့ခဲ့ရကြောင်း Guardian သတင်းစာက ဖော်ပြသည်။
31-Jan-2018
မြောက်ကိုရီးယားခေါင်းဆောင်နှင့် မတည့်သော ဖအေတူမအေကွဲညီအစ်ကို ကင်ဂျုံနမ်ကို လုပ်ကြံသတ်ဖြတ်သည်ဟု စွပ်စွဲခံရသော အမျိုးသမီးသည် ဟာသရုပ်သံအတွက် နောက်ပြောင်ရန် ငှားရမ်းခံရပြီး အဆိပ်မှန်းမသိဘဲ ထိုသူ၏မျက်နှာကို ပက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် လျှောက်လဲထားကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။
31-Jan-2018
အိန္ဒိယနိုင်ငံတွင် မိဘများကသမီးထက် သားကိုလိုချင်ကြသောကြောင့် အပစ်ပယ်ခံမိန်းကလေး ၂၁ သန်းမျှရှိနေကြောင်း အစိုးရ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားမှုကို ကိုးကား၍ BBC သတင်းက ရေးသားထားသည်။
31-Jan-2018
အမေရိကန်သမ္မတသက်တမ်း တစ်ဝက်ကျိုးချိန်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများကို ရုရှားက ပစ်မှတ်ထားလိမ့်မည်ဟု စီအိုင်အေညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုက ခန့်မှန်းပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
31-Jan-2018
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံးခဲ့ရသော အုပ်စုဖွဲ့ အဓိကရုဏ်း ရန်ပွဲကြီးတစ်ခုနှင့်စပ်လျဉ်းပြီး အိန္ဒိယရဲတပ်ဖွဲ့က လူ ၁၁၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း BBC သတင်းက ဖော်ပြထားသည်။
31-Jan-2018
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် မိန်းမလျာ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဆံပင်ရှည်များကို ညှပ်ပစ်ခဲ့ကာ ယောကျာ်းစင်စစ်ကဲ့သို့ ပြုမူနေထိုင်တတ်ရန် သင်ကြားပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
30-Jan-2018
ကိုယ့်ဒေသနဲ့ ဆိုင်တဲ့ ပြည်တွင်းသတင်းတွေကို ဖေ့စ်ဘွတ် News Feed မှာ ဦးစားပေး ဖော်ပြနိုင်ဖို့အတွက် စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီက ဇန်နဝါရီလ ၂၉ ရက်နေ့ မှာ အတည်ပြုခဲ့တယ်လို့ The Verge ဝက်ဘ်ဆိုက် မှာဖော်ပြထားပါတယ်။
30-Jan-2018
အောင်မင်္ဂလာအဝေးပြေးဝင်းမှ ဆူးလေသို့ အငှားယာဉ်တစ်စီးကို ငှားရမ်းပြီး စီးနင်းလိုက်ပါလာစဉ် ကျန်ရှိခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦး၏ အိတ်တစ်လုံးကို Control Centre မှတစ်ဆင့် စုံစမ်းရှာဖွေပေးခဲ့ရကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
30-Jan-2018
ကမ္ဘာကြီးရင်ဆိုင်နေရသော လုံခြုံရေး ခြိမ်းခြောက်မှုများထဲတွင် မြောက်ကိုရီးယား၏ နျူကလီးယားနှင့်ဒုံးကျည် ခြိမ်းခြောက်မှုများသည် တောင်ကိုရီးယားက ဆက်လက်တုံ့ပြန်နေရမည့် ဖြစ်လုဆဲဆဲ အဆုံးဝါးဆုံးပြဿနာဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆွန်ယောင်မူးက ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
30-Jan-2018
ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်းများအုပ်စုက ရန်ပုံငွေထောက်ပံ့ထားသော သုတေသနအဖွဲ့က မော်တော်ကားအိပ်ဇောမီးခိုးတွင် တွေ့ရသော နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ပြည်သူများတွင် စမ်းသပ်နိုင်မည့် သိပ္ပံစမ်းသပ်မှုများကို စပွန်ဆာပေးထားသည်ဟု ဂျာမန်စတုဂတ် နေ့စဉ်သတင်းစာက ရေးသားထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
29-Jan-2018
အစိုးရစီမံကိန်းများ ပြီးစီးရေးတွင် နှောင့်နှေးမှုများစွာ ဖြစ်ပေါ်စေပြီး ခြစားမှု ပေါက်ဖွားစေသော တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ်ကို အဆုံးသတ်လိုကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားခဲ့သည်ဟု Inquirer သတင်းစာက ဖော်ပြသည်။
29-Jan-2018
အခု ရေပန်းစားနေတဲ့ Cryptocurrency လို့ခေါ်တဲ့ ၀ှက်စာ စနစ်သုံး ဒစ်ဂျစ်တယ်ငွေကြေးအကြောင်း နားမလည်ဖြစ်နေပါသလား၊ ဒီပေါ့ပ်အဖွဲ့က ကူညီပေးပါလိမ့်မယ်။
29-Jan-2018
အမေရိကန် ကာဆီနိုသူဌေး စတိဗ်ဝိုင်းသည် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု စွပ်စွဲချက်များကြောင့် ရီပတ်ဘလစ်ကန် နိုင်ငံလုံးဆိုင်ရာ ကော်မတီဘဏ္ဍာရေးမှူးအဖြစ်မှ နုတ်ထွက်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
29-Jan-2018
ကတ်တလန်ခွဲထွက်ရေး နိုင်ငံရေး သမားပူဒီမောင့်ကို ကတ်တလန်အစိုးရ ခေါင်းဆောင်အဖြစ် လက်မခံဘဲ ပိတ်ပင်ရန် စပိန်တရားရုံးက ဆုံးဖြတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။