News

POST SECTION

FOREIGN-AFFAIRS

25-Mar-2018
ဂျာမနီအဓိပတိအင်ဂလာ မာကယ်လ်၏ စတုတ္ထသက်တမ်း၊ ပထမဆုံးအဓိက မိန့်ခွန်းကို ပြောကြားခဲ့ရာတွင် ရွှေ့ပြောင်းအခြေချမှု ကိစ္စနှင့်ပတ်သက်၍ ညီညွတ်ရေးလေသံ လွှမ်းနေခဲ့သလို အစ္စလာမ်ဘာသာနှင့်ပတ်သက်၍လည်း အားလုံး ဂျာမနီပြည်သူများသာ ဖြစ်သည်ဆိုသော သတင်းစကားမျိုး ပြောကြားသွားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
25-Mar-2018
လာမည့်ဧပြီလအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှစ်ဦး ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ ယခု မတ်လ ၂၉ ရက်နေ့၌ နှစ်နိုင်ငံ အစိုးရအရာရှိကြီးများ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
25-Mar-2018
ကမ္ဘာတစ်လွှားရှိ နိုင်ငံအများအပြားတွင် ဒီမိုကရေစီဆုံးရှုံးနေကြောင်း ဂျာမနီ ဘာတဲလ်စ်မန်းဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂၉ နိုင်ငံကို လေ့လာမှုအရ အကြွင်းမဲ့အာဏာဖြင့် အုပ်စိုးမှုမြင့်တက်လာနေသည်ဟု သုံးသပ်ထားကြောင်း DW သတင်းဌာနက ဖော်ပြသည်။
25-Mar-2018
တာလီဘန်များကို ရုရှားက ထောက်ပံ့ပေးနေပြီး လက်နက်များပါ ပံ့ပိုးနေသည်ဟု အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်များ၏တပ်မှူး ဗိုလ်ချုပ်ကြီး ဂျွန်နီကိုလ်ဆင်က BBC သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
25-Mar-2018
စပိန်နိုင်ငံ အထက်တရားရုံးက ကတ်တလန်ခွဲထွက်ရေး နိုင်ငံရေးသမား ၂၅ ဦးကို သူပုန်ထမှု၊ ငွေကြေးအလွဲသုံးစားမှု၊ နိုင်ငံတော်ကိုအာခံမှုတို့ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်သည့် စွဲချက်များဖြစ်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
23-Mar-2018
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနီးရှိ ဂူဗိမာန်တစ်ခုတွင် အသေခံဗုံးခွဲမှုဟု ယူဆရသော တိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရခဲ့သည်ဟု ဘီဘီစီ သတင်းဌာနက ဖော်ပြထားသည်။
23-Mar-2018
ဖေ့စ်ဘွတ်ခ် သုံးစွဲသူသန်း ၅၀ ခန့်၏ ကိုယ်ရေး အချက်အလက်များကို နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့တစ်ခုက အလွဲသုံးခဲ့သည်ဆိုသော စွဲချက်များနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကိုပါ အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင်က စုံစမ်း စစ်ဆေးနေသည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
23-Mar-2018
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ အကြား ဆွေးနွေးပွဲများမစတင်မီ တောင် ကိုရီးယားနိုင်ငံမှ ကေပေါ့ပ် (K-Pop) အက ဖျော်ဖြေရေးအဖွဲ့များကို မြောက် ကိုရီးယားနိုင်ငံက မြို့တော်ပြုံယမ်းသို့ လာ ရောက်ဖျော်ဖြေခွင့်ပြုလိုက်ရာ ကေပေါ့ပ် ဒီပလိုမေစီဖြင့် တင်းမာမှုများကို စတင် ပြေလျော့စေနိုင်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
22-Mar-2018
ဗြိတိန်နိုင်ငံ၊ ရှောဟမ် လေယာဉ်အလှပြပွဲတွင် လူ ၁၁ ဦး အသက်ဆုံးရှုံးစေခဲ့မှုအတွက် ပျက်ကျခဲ့သော တစ်ယောက်စီး လေယာဉ်၏ လေယာဉ်မှူးကို လူသေမှုဖြင့် အရေးယူမည်ဟု BBC သတင်းဌာနတွင် ဖော်ပြခဲ့သည်။
22-Mar-2018
ဆော်ဒီ၏ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်က ဆော်ဒီဘုရင့်နိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်လိုခြင်း မရှိသော်လည်း အီရန်က နျူလက်နက် ထုတ်လုပ်ရန် ကြိုးစားလာပါက လိုက်ပါလုပ်ဆောင်မည်ဖြစ်သည်ဟု အမေရိကန် CBS ရုပ်သံသို့ ယခင်အပတ်က ပြောကြားခဲ့ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
22-Mar-2018
ဆီးရီးယားနိုင်ငံ အတွင်းပိုင်းရှိ သံသယရှိသော နျူကလီးယား စီမံကိန်းနေရာကို ၂၀၀၇ ခုနှစ်က လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု အစ္စရေးစစ်ဘက်က တရားဝင်အတည်ပြု ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
22-Mar-2018
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဘိုကိုဟာရမ် အစွန်းရောက် အစ္စလာမ္မစ်စစ်သွေးကြွအုပ်စု၏ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်းခံခဲ့ရသော နိုင်ဂျီးရီးယားကျောင်းသူ ၁၁၀ ကျော်ခန့်မှာ ယခုအခါ ပြန်လည်လွတ်မြောက်လာကြပြီး ဒပါချီမြို့ရှိ ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်သွားကြပြီဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
22-Mar-2018
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် ဇာတ်လမ်းရှိခဲ့သည်ဆိုသော အပြာဇာတ်ကား သရုပ်ဆောင်မင်းသမီးကို ၂၀၁၁ ခုနှစ်အတွင်း မုသားဖော်စက်ဖြင့် စစ်ဆေးမှုအရ အမှန်ပြောခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
21-Mar-2018
ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှ ရုပ်ရှင်ရုံ တစ်ခုရှိ Gold Class ထိုင်ခုံ တစ်ခု၏ ခြေတင် ( အီလက်ထရောနစ်စနစ်သုံး ၍ အကွေးအဆန့်လုပ်နိုင်သော ခြေထောက်တင်သည့်အပြား) အောက်တွင် ခေါင်းညပ်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။
21-Mar-2018
အမျိုးသမီးများ၏ အသွားအလာနှင့် အဝတ်အစားကို တင်းကျပ်ထားသည့် ဆော်ဒီအာရေးဗီးယား၏ ရှေးဆန်သော ဘာသာရေးစည်းမျဉ်းများသည် အပြုသဘောဆောင်သော ဖြေလျှော့မှုလက္ခဏာများ ပြသလာပြီဖြစ်ပြီး အမျိုးသမီးများ ခြုံလွှာနှင့်ပဝါ ဝတ်၊ မဝတ်ကို အမျိုးသမီးများကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီဟု အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်က တနင်္ဂနွေနေ့ည CBS အင်တာဗျူးတွင် ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။