POST SECTION

FOREIGN-AFFAIRS

21-Jul-2017
အမေရိကန်ပြည်ထောင်စု DHS (Department of Homeland Security)အဖွဲ့၏ ထုတ်ပြန်ချက်အရ ပြည်တွင်းသို့ ၀င်မည့် လေယာဉ်များတွင် လက်ပ်တော့နှင့် တက်ဘလက်များကို ယူဆောင်လာခွင့် ပြုတော့မည် မဟုတ်ကြောင်း မက္ကဆီကို အာဏာပိုင်များ၏ ပြောဆိုချက်ကို Los Angeles Times သတင်းတွင် ဖော်ပြထားသည်။
21-Jul-2017
အစ္စလာမ်နိုင်ငံတွင် အမျိုးသမီးများကို ခေတ်ပေါ်အဝတ်အစားများဝတ်ဆင်ကာ အပြင်ထွက်ခြင်းအား တားမြစ်ထားမှုကို ဖောက်ဖျက်သည့် အမျိုးသမီးအား အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံနှင့် ရဲတပ်ဖွဲ့၏ Twitter စာမျက်နှာများက ဆိုသည်။
21-Jul-2017
ယခုလ အစောပိုင်းတွင် မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည် အမျိုးအစားနှင့် ပတ်သက်ပြီး ယင်းပစ်လွှတ်မှုကြောင့် မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်လိုသည့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားအကြား ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အငြင်းပွားလျက်ရှိကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
20-Jul-2017
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ယခုလအတွင်း ကျင်းပနေသော G-20 အစည်းအဝေးတွင် နှစ်ကြိမ်မြောက် တွေ့ဆုံခဲ့သည်ဟု BBC သတင်းတွင် ရေးသားဖော်ပြထားသည်။
18-Jul-2017
သမ္မတထရမ့်အား ဖလော်ရီဒါ တောင်ပိုင်းရှိ ၎င်း၏ မာအေလာဂိုစံအိမ်မှ ဧည့်မှတ်တမ်းကို ထုတ်ပြန်ပေးရန် အမေရိကန် တရားရုံးက ညွှန်ကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
18-Jul-2017
IS ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘာဒါဒီ အသက်ရှင်နေသေးသည် မှာ ၉၉ ရာခိုင်နှုန်း သေချာပြီး ဆီးရီးယားနိုင်ငံ ရက္ကာမြို့တောင်ဘက်ပိုင်းတွင် ရှိနေသည်ဟု ယူဆရကြောင်း ကာ့ဒ်အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြီးအကဲက ဇူလိုင်လ ၁၆ ရက်နေ့တွင် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
17-Jul-2017
တူရကီတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို တွန်းလှန်နိုင်ခဲ့ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တူရကီသမ္မတ ရီဆက်တာယစ်အာဒိုဂန်က လူထုကို မိန့်ခွန်းပြောကြားခဲ့ရာတွင် လမ်းမပေါ်ထွက်ပြီး အာဏာသိမ်းမှုကို ဖီဆန်ခဲ့ကြသည့် ပြည်သူများ၊ လွှတ်တော်အမတ်များကို ချီးကျူးစကား ဆိုခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
16-Jul-2017
တရုတ်နိုင်ငံ တိန်ယန်မင် အရေးအခင်းတွင် ဦးဆောင်ခဲ့သူ နိုင်ငံရေးသမားနှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘိုသည် အသည်းကင်ဆာရောဂါဖြင့် ကြာသပတေးနေ့ ညနေပိုင်းက ကွယ်လွန်ခဲ့ရာ ၎င်း၏ ဈာပနကို ဇူလိုင်လ ၁၅ ရက်နေ့တွင် သီးသန့်အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
14-Jul-2017
တက္ကဆက်ပြည်နယ်သူ ဆယ်ကျော်သက်တစ်ဦးဟာ ရေချိုးကန်ထဲမှာ ရေစိမ်နေရင်း ဖုန်းအားသွင်း ပလပ်ထိုးတဲ့ဖုန်းကို ကိုင်ပြီး အင်တာနက် သုံးနေခဲ့ရာက ဓာတ်လိုက်ပြီး သတိလစ်ရာ ရေနစ်သေဆုံးသွားခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။
14-Jul-2017
ထရမ့်၏ မဲဆွယ်အဖွဲ့နှင့် ရုရှားအကြား ပတ်သက်မှုများ ရှိခဲ့သည်ဆိုသော စွဲချက်များ ရင်ဆိုင်နေရသော်လည်း အိမ်ဖြူတော်တွင် သာသာယာယာ ရှိနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
13-Jul-2017
ပစိဖိတ်သမုဒ္ဒရာအတွင်း စမ်းသပ်မှုတွင် ပစ်မှတ်ကို THAAD ဒုံးခွင်းဒုံးစနစ်ဖြင့် အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည်ဟု အမေရိကန်စစ်ဖက်က ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
12-Jul-2017
G-20 ကမ္ဘာ့ခေါင်းဆောင်များ အစည်းအဝေးတွင် အိုင်ဗန်ကာ ဝင်ထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန် သမ္မတ ထရမ့်နှင့် ယခင်သမ္မတဟောင်း၏ သမီးဖြစ်သူ ချယ်လ်ဆီးကလင်တန်တို့ စကားနိုင်လုခဲ့ကြသည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။
11-Jul-2017
အစ္စရေး အဓိကအတိုက်အခံ လေဘာ ပါတီ၏ ခေါင်းဆောင်သစ်အဖြစ် စီးပွားရေး လုပ်ငန်းရှင်ဟောင်း အဗီဂါဘေးကို ဇူလိုင်လ ၁၀ ရက်နေ့က ရွေးကောက်တင်မြှောက်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
11-Jul-2017
အီရတ်နိုင်ငံ မိုဆူးလ်တွင် IS အုပ်စုအပေါ် အီရတ်တပ်ဖွဲ့များ အောင်ပွဲခံမှုကို ဂုဏ်ပြုရန် အီရတ်ဝန်ကြီးချုပ် ဟေဒါအယ်လ်အဘာဒီ ရောက်ရှိလာခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
10-Jul-2017
အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင် IS အဖွဲ့၏ခုခံကာကွယ်မှု မြန်မြန်ဆန်ဆန် ကျဆုံးနေပြီး နောက်ထပ် နာရီအနည်းငယ်အတွင်း အစိုးရတပ်ဖွဲ့များက အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်တော့မည်ဟု ယုံကြည်မျှော်လင့်ရကြောင်း နိုင်ငံပိုင်ရုပ်သံက ကြေညာလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။