News

POST SECTION

FOREIGN-AFFAIRS

02-Mar-2017
အိုင်အက်စ်စစ်သွေးကြွများမှာ အီရတ်နိုင်ငံတွင်း ၎င်းတို့နောက်ဆုံးခြေကုပ်ယူရာ မိုဆူးလ်မြို့ အနောက်ပိုင်းမှ အလျင်အမြန် ဆုတ်ခွာထွက်ပြေးရန် ကြိုးစားနေပြီ ဖြစ်ကြောင်း အီရတ်ပြည်ထောင်စု ရဲတပ်ဖွဲ့တပ်မှူး ဖြစ်သူက ပြောကြားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
02-Mar-2017
မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုဖြစ်သူကို လုပ်ကြံမှု၌ ပါဝင်ပတ်သက်ခဲ့သော အင်ဒိုနီးရှားနှင့် ဗီယက်နမ် အမျိုးသမီးနှစ်ဦးကို မလေးရှား တရားရေး အာဏာပိုင်များက ကွာလာလမ်ပူရှိ တရားရုံးတော်တွင် စွဲချက်တင်ခဲ့ပြီး ယင်းတရားရုံးမှ ခေါ်ထုတ်သွားရာတွင် နှုတ်ပိတ်လိုသူများ လာရောက်လုပ်ကြံမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ကို ကျည်ကာအင်္ကျီများ ဝတ်ဆင်ပေးထားသည်ကို တွေ့ရကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
01-Mar-2017
နောင်လာမည့်နှစ် ၈၀ ကျော်တွင် ကမ္ဘာပေါ်တွင် ရှိသမျှ သက်ရှိတိုင်း၏ ထက်ဝက်ခန့်သည် မျိုးတုံးပျောက်ကွယ်မည့် အနေအထားနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက တွက်ချက် ဟောကိန်း ထုတ်
01-Mar-2017
ချီလီနိုင်ငံတွင် မိုးသည်းထန်မှုများနှင့် မြေပြိုမှုများကြောင့် အဓိကကျသော မြစ်ရေ ညစ်ညမ်းမှု ဖြစ်ပေါ်ကာ မြို့တော် ဆန်တီယေဂိုတွင် နေထိုင်သူ လေးသန်းခန့်အတွက် သောက်ရေကို အာဏာပိုင်များက မဖြစ်မနေ ဖြတ်တောက်ထားရသည်
27-Feb-2017
စနေနေ့က ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ဟိုက်ဒယ်လ်ဘတ်ဂ်မြို့တွင် မုန့်တိုက်တစ်ခုအနီး ရပ်နေကြသော လူအုပ်ထဲသို့ အသက် ၃၅ နှစ်အရွယ် ဂျာမန်တစ်ဦးက ကားဖြင့် မောင်းဝင်လာသောကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်း ညွှန်ပြသည့် အထောက်အထား မရှိကြောင်း အာဏာပိုင်များက ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
24-Feb-2017
တရားမဝင် ရွှေ့ပြောင်းအခြေချသူ အားလုံးနီးပါးကို နှင်ထုတ်မည့် အမေရိကန် အစိုးရက၏ လမ်းညွှန်ချက်သစ်များကို မက္ကဆီကို အစိုးရက ပြစ်တင်ရှုတ်ချလိုက်ကြောင်း BBC သတင်းက ဖော်ပြသည်။
23-Feb-2017
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အစ်ကိုဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ဆက်နွှယ်၍ ကွာလာလမ်ပူ အခြေစိုက် မြောက်ကိုရီးယားသံရုံးမှ အကြီးတန်းသံတမန်တစ်ဦးကို စုံစမ်းမေးမြန်းလိုကြောင်း မလေးရှား ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ရာ မြောက်ကိုရီးယားသံရုံးက အမျက်ဒေါသ ထွက်သွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
21-Feb-2017
ကွာလာလမ်ပူလေဆိပ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အဖေတူ အမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံလိုက်ရမှုနှင့် ပတ်သက် ၍ မလေးရှားနိုင်ငံ အကြား ဆက်ဆံရေး တင်းမာလာကာ မလေးရှားအစိုးရက မြောက်ကိုရီးယား အခြေစိုက် မလေးရှား သံအမတ်ကြီးကို ပြန်လည်ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
20-Feb-2017
အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က ၎င်း၏ပထမဆုံး နိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းပြောကြားရာတွင် အမေရိကသည် နေတိုး (NATO) အုပ်စုအား ကျောထောက်နောက်ခံ ပေးရာတွင် တွေဝေခြင်း မရှိကြောင်း၊ သို့သော် ဥရောပမဟာမိတ်များ အနေနှင့် ကာကွယ်ရေး အသုံးစားရိတ်ကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
19-Feb-2017
ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာဝင်များအကြား သြဇာလွှမ်းမိုးမှု ကြီးမားသည့် ဘုန်းတော်ကြီးတစ်ပါးအား ငွေကြေးခဝါချမှု ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ဘုန်းတော်ကြီး၏ ဓမ္မကာယ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းခဲ့သော်လည်း ဘုန်းတော်ကြီးကို ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
17-Feb-2017
နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တင်းမာသော သဘောထားသည် အီရန်နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်နိုင်ခြင်း မရှိသော လှန့်လုံးသာ ဖြစ်သည်ဟု အီရန် ဒုတိယစွမ်းအင်ဝန်ကြီးက ပြောကြားလိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
16-Feb-2017
မိုက်ကယ်ဖလင်းနှင့် ရုရှားတို့ ဖုန်းပြောသည့် ကိစ္စများတွင် ပြဿနာ ရှိသည်ကို ယခင်သီတင်းပတ်များ ကတည်းက သမ္မတ ထရမ့်က သိရှိခဲ့သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
15-Feb-2017
မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ အမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်ကို လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိခြင်းခံရသူ အမျိုးသမီးတစ်ဦးကို မလေးရှား အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
15-Feb-2017
အာဖဂန်နစ္စတန် အရှေ့ပိုင်း နူရီစတန်တွင် ခိုးရာလိုက်ပြေးသော မိန်းကလေး၏ ဆွေမျိုးများ ပါဝင်သော လူအုပ်ကြီးက ရဲစခန်းကို တိုက်ခိုက်စီးနင်းကာ ရဲစခန်းအတွင်း ထိန်းသိမ်းထားသော ချစ်သူနှစ်ဦးကို ဆွဲထုတ်၍ သတ်ဖြတ်လိုက်ကြသည်ဟု တာဝန်ရှိသူများက ပြောကြား
15-Feb-2017
အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက်ကယ်လ်ဖလင်းနှင့် ရုရှားနိုင်ငံအကြား ဆက်နွှယ်မှုများကြောင့် အိမ်ဖြူတော် သတိပေးခံရပြီးနောက် ၎င်းသည် ရာထူးမှ နုတ်ထွက်သွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။