News

POST SECTION

FOREIGN-AFFAIRS

12-Dec-2017
ဘောလိဝုဒ် တက်သစ်စ မင်းသမီးငယ်တစ်ဦးကို ဒေလီမှ မွန်ဘိုင်းသို့သွားသည့် လေယာဉ်ပေါ်တွင် ထိပါးနှောင့်ယှက်သည်ဟု စွပ်စွဲခံရသော အမျိုးသားတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11-Dec-2017
နျူကလီးယားဒုံးကျည်ဆိုင်ရာ သဘောတူညီချက်ကို ရုရှားက ချိုးဖောက်နေသည်ဟု ဝါရှင်တန်က စွပ်စွဲလိုက်ပြီးနောက် တစ်ရက်အကြာတွင် မော်စကိုက ရုရှားသည် အမေရိကန်တို့နှင့် သဘောတူထားသော တာလတ်ပစ်ခရုစ်ဒုံးကျည် ပိတ်ပင်သည့် စစ်အေးခေတ်စာချုပ်ကို အပြည့်အဝ လိုက်နာမှုရှိသည်ဟု စနေနေ့က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
11-Dec-2017
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပေးလိုက်ခြင်းသည် အရှေ့အလယ်ပိုင်းကို အကြမ်းဖက်မှုများနှင့် ဝရုန်းသုန်းကား ဖြစ်သွားစေနိုင်ကြောင်း အာရပ်အဖွဲ့ချုပ်က ဝေဖန်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
10-Dec-2017
ကင်မရွန်းနိုင်ငံတောင်ပိုင်း အင်္ဂလိပ်စကား ပြောသော မမ်ဖီပြို့တွင် ရဲစခန်းတစ်ခု တိုက်ခိုက်ခံရမှုတွင် အနည်းဆုံး လက်နက်ကိုင် ခွဲထွက်ရေးသမား ခြောက်ဦးနှင့် ရဲအရာရှိတစ်ဦးတို့ သေဆုံးခဲ့ပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။
10-Dec-2017
အိန္ဒိယနိုင်ငံ နယူးဒေလီတွင် အမျိုးသမီးလှုပ်ရှားသူတစ်ဦးသည် တရားမဝင် အရက်ပုန်းရောင်းဝယ်မှုကို ဆန့်ကျင်မှုကြောင့် အဝတ်အစားများ ချွတ်ပစ်ခံရပြီး ရိုက်နှက်ခံခဲ့ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
10-Dec-2017
မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုအကြား လတ်တလော စကားစစ်ထိုးမှုများ ဖြစ်ပေါ်နေသော်လည်း ကိုရီးယားကျွန်းဆွယ်ဒေသတွင် ဖြစ်ပေါ်နေသော တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် ကြီးမားသည့်ဆန္ဒရှိနေပါသည်ဟု ကုလသမဂ္ဂနိုင်ငံရေးရာ အကြီးအကဲ ဂျက်ဖရီဖက်လ်မန်းက ထုတ်ဖော်ပြောကြားလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
10-Dec-2017
ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေနှင့် ဟားမားစ် စစ်သွေးကြွအုပ်စု၏ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးက ပြောကြားကြောင်း BBCသတင်းတွင် ဖော်ပြထားသည်။
10-Dec-2017
တိုကျိုမြို့ရှိ နာမည်ကျော် ရှင်တို ဘုရားကျောင်းတွင် မိသားစု ရန်ငြှိုးကြောင့်ဟု ယူဆရသော တိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံးသွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
09-Dec-2017
ဂျေရုစလင်ကို အစ္စရေးတို့၏မြို့တော်အဖြစ် အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုလိုက်ပြီးနောက် မွတ်ဆလင် ကမ္ဘာနိုင်ငံများတွင် အမေရိကန် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲကြီးများ ဆက်တိုက် ပေါ်ပေါက်လာကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
08-Dec-2017
နျူကလီးယား လက်နက်စီမံကိန်း လုပ်ဆောင်နေသည့် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆို့မှု များစွာ ချမှတ်ထားသော်လည်း ယင်းပိတ်ဆို့မှုများကို ချိုးဖောက်ပြီး ကုန်သွယ်ဆက်ဆံနေသည့် နိုင်ငံ ၄၉ နိုင်ငံအထိရှိကြောင်း အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ တစ်ဖွဲ့၏ အစီရင်ခံစာကိုကိုးကားပြီး CNN သတင်းဌာနက ဖော်ပြသည်။
08-Dec-2017
ကမ္ဘာပေါ်တွင် အသက်တစ်နှစ်အောက် ကလေးငယ် ၁၇ သန်းသည် အဆိပ်သင့်သောလေကို ရှူနေရပြီး ၎င်းတို့၏ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်မည့် အန္တရာယ်ရှိနေသည်ဟု ကုလသမဂ္ဂ ကလေးများဆိုင်ရာ အေဂျင်စီ UNICEF က သတိပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
08-Dec-2017
မွတ်ဆလင်တစ်ဦးကို ဓားနဲ့ခုတ်သတ်ကာ မီးရှို့ပြခဲ့ပြီး ဗီဒီယိုရိုက်ကူးကာ အင်တာနက်ပေါ်တင်ခဲ့သည့် တရားခံဟု ယူဆရသူတစ်ဦးကို ရာဂျက်စသန်ပြည်နယ်တွင် ဖမ်းဆီးထားလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်ဟု BBC သတင်းက ဖော်ပြထားသည်။
08-Dec-2017
ဇနီးနှင့်သမီးဖြစ်သူကို စွန့်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ဩစတြေးလျမှ အိန္ဒိယသို့ အတင်းအကျပ် ခေါ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရသူအား လူကုန်ကူးမှုဖြင့် ဆစ်ဒနီမြို့တွင် စွဲချက်တင်ထားကြောင်း ဩစတြေးလျ ရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကားပြီး BBC က ဖော်ပြသည်။
07-Dec-2017
ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံ၏ ဆိုးဝါးသောနိုင်ငံရေး လျှို့ဝှက်ကိစ္စများကို ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပြီးလာမည့် ၂၀၁၈ မတ်လ ရွေးကောက်ပွဲတွင် ၎င်းသာလျှင် ပြန်အရွေးခံရလိမ့်မည်ဟု ပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
07-Dec-2017
ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူ လာဆာလားသည် ၎င်းအပေါ် ထောက်ခံသူများနှင့် မဟာမိတ်ဟောင်း ဟူသီသူပုန်များအကြား ဖြစ်ပွားသော ပဋိပက္ခအတွင်း အသတ်ခံခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။