POST SECTION

FOREIGN-AFFAIRS

29-May-2019
ဖိလစ်ပိုင်နိုင်ငံမှာ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေတစ်ရပ်ဟာ ဆိုရင်တော့ဖြင့် သဘာဝပတ်ဝန်းကျင်အတွက် အလွန်အကျိုးဖြစ်ထွန်းပါတယ်။ ကျောင်းသားတွေဟာ အထက်တန်းအောင်မြင် ပြီးမြောက်မှု၊ တက္ကသိုလ်ဘွဲ့ရဖို့အတွက် အနည်းဆုံး သစ်ပင် ၁၀ ပင် မဖြစ်မနေ စိုက်ပေးရမှာ ဖြစ်ပါတယ်။
29-May-2019
အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သော နှစ်ညတာ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ပတ်သက်ခဲ့သူများသည် နိုင်ငံတော်ထောက်လှမ်းရေးမှူးချုပ်နှင့် ၀န်ကြီးနှစ်ဦးအပါအ၀င် ထိပ်တန်းခေါင်းဆောင် လေးဦးကို လုပ်ကြံရန်အထိ အစီအစဉ်ရေးဆွဲထားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
29-May-2019
တရုတ်နည်းပညာကုမ္ပဏီ ဟွားဝေသည် ၎င်းတို့ထုတ်လုပ်ရောင်းချနေသည့် ကုန်ပစ္စည်းများအားလုံးအတွက် Operating System (OS) တစ်ခုကို လာမည့်ဇွန်လတွင် မိတ်ဆက်ပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-May-2019
ဟွားဝေ စီအီးအိုနဲ့ ဦးဆောင်တည်ထောင်သူ ရင်ဇန်ဖေးက သူနှင့် သူ့မိသားစုဝင်တွေဟာ ပြည်ပမှာ နေထိုင်ခဲ့စဉ်ကာလတစ်လျှောက်လုံး အက်ပဲလ်ကုမ္ပဏီထုတ် နည်းပညာပစ္စည်းတွေကိုပဲ အသုံးပြုခဲ့ကြတယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။
28-May-2019
၂၀၁၉ ဥရောပပါလီမန် ရွေးကောက်ပွဲများတွင် လစ်ဘရယ်များ၊ ဂရင်းများနှင့် အမျိုးသားရေးဝါဒီများထောက်ခံမှု ပိုမိုရရှိလာမှုနှင့်အတူ လက်ယာယိမ်းနှင့် လက်ဝဲယိမ်းအုပ်စုကြီးများ၏ အများစုခြေကုပ်ယူထားမှုများ ဆုံးရှုံးသွားကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
28-May-2019
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ရာပူပူနွေးနွေး ဘုရင်သစ်နှင့် ပထမဆုံးတွေ့ဆုံသူ ပြည်ပခေါင်းဆောင် ဖြစ်လာခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
28-May-2019
ဂျပန်နိုင်ငံ ကာဝါဆာကီမြို့တွင် အများပြည်သူ လာရောက်အပန်းဖြေသော ပန်းခြံတစ်ခုအတွင်း ယနေ့ (အင်္ဂါနေ့) တွင် လူတစ်ဦးက ပန်းခြံပတ်ဝန်းကျင်တွင် ရောက်ရှိနေသူများကို ဓားဖြင့် လိုက်ထိုးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း၊ လက်ရှိတွင် တရားခံအပါအ၀င် နှစ်ဦး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း CNN က ဖော်ပြထားသည်။
27-May-2019
ဟာဝေး(Huawei) ကုမ္ပဏီအပေါ် အမေရိကန်ပြည်ထောင်စု၏ ဖိနှိပ်အရေးယူမှုနှင့်ပတ်သက်၍ တရုတ်အစိုးရက Apple Inc ကုမ္ပဏီကို လက်တုံ့ပြန်သည့်အနေနှင့် အရေးယူဖိနှိပ်ရန် လုပ်ဆောင်လာမည်ဆိုပါက ပထမဆုံးဆန့်ကျင်ကန့်ကွက်မည့်သူမှာ မိမိပင်ဖြစ်သည်ဟု Huawei ကိုတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ရန်ဇန်ဖိုင်းက ထုတ်ဖော်ပြောကြားလိုက်သည်။
27-May-2019
ဗြိတိန်အစိုးရအဖွဲ့ဝင်ဟောင်းများ ဖြစ်သော ဒိုမင်နစ်ရပ်ဘ်နှင့် အန်ဒရီယာ လီဆမ်တို့သည် ပါတီခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရန် ကြေညာသည့် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်များ စာရင်းတွင် နောက်ဆုံး ပါဝင်လာသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
27-May-2019
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား၏ လက်နက် အသေးစားစမ်းသပ်မှုများအပေါ် စိုးရိမ်စရာ မဟုတ်ကြောင်း ပြောဆိုလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
26-May-2019
အာရှတိုက်၏ ပထမဆုံးတရားဝင် လိင်တူချစ်သူ အိမ်ထောင်သည်များအဖြစ် ထိုင်ဝမ်အမျိုးသားနှစ်ဦး ရုံးတက်လက်မှတ်ထိုးကြကြောင်း မီဒီယာများက အုတ်အော်သောင်းတင်းဖော်ပြလျက်ရှိသည်။
26-May-2019
လက်ရှိရုံတင်ပြသနေသော အာလာဒင် ရုပ်ရှင်ဇာတ်ကားတွင် ပါရှိသည့် ဘုရင်ဆူလ်တန်၏ နန်းတော်အဖြစ် ရိုက်ကူးပြသသော ရိုက်ကွင်းနေရာမှာ မြန်မာဘုန်းတော်ကြီးကျောင်း တစ်ခုဖြစ်သည်ဟု ew.com ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။
26-May-2019
ရာသီဥတုပြောင်းလဲမှုအရေးကို ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုသည့် သောကြာနေ့လှုပ်ရှားမှု ဆန္ဒပြပွဲများကို ကမ္ဘာတစ်ဝန်းရှိ ကျောင်းသားများက ပြုလုပ်ခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
26-May-2019
ပြင်သစ်နိုင်ငံ လိုင်ယွန်တွင် လူ ၁၃ ဦး ထိခိုက်ဒဏ်ရာရစေခဲ့သော ပါဆယ်ဗုံးခွဲမှုတွင် တရားခံဟု သံသယရှိသူ၏ သတင်းအချက်အလက်များကို ပေးပို့ကြရန် ပြင်သစ်ရဲက မေတ္တာရပ်ခံခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
26-May-2019
နီပေါနိုင်ငံတွင် ဧဝရက်တောင်တက်သူ သုံးဦး ထပ်မံသေဆုံးခဲ့ရာ တစ်ပတ်အတွင်း သေဆုံးသူ ၇ ဦးရှိသွားခဲ့ပြီး ယခင် နှစ်တစ်နှစ်လုံး သေဆုံးသူအရေအတွက်ထက် ကျော်လွန်သွားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။