News

POST SECTION

FOREIGN-AFFAIRS

19-Oct-2018
တရုတ်နိုင်ငံတွင် အသက်အာမခံကြေး ရယူလို၍ မိမိသေဆုံးသွားပြီဟု လိမ်ညာသတင်းထုတ်ပြန်ခဲ့သူ အမျိုးသားတစ်ဦးမှာ ဇနီးဖြစ်သူက အမှန်တကယ်ထင်မှတ်၍ ကလေးနှစ်ဦးနှင့်အတူ အဆုံးစီရင်သွားမှုနှင့် ကြုံတွေ့လိုက်ရကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။
18-Oct-2018
အမေရိကန်ပြည်ထောင်စုသည် ဒဏ်ခတ်အရေးယူမှုများကို ဆက်လက်ပြဋ္ဌာန်းထားခြင်းအားဖြင့် ယုတ်ညံ့သော လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ထုတ်ဖော်စွပ်စွဲလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
18-Oct-2018
တူရကီနိုင်ငံသည် ဆော်ဒီသတင်းထောက် ခါရှော့ဂီပျောက်ဆုံးမှု သဲလွန်စများကို တိုးချဲ့ရှာဖွေနေပြီး ဆော်ဒီကောင်စစ်ဝန်၏ အစ္စတန်ဘူးလ်နေအိမ်ကိုလည်း ထည့်သွင်းစဉ်းစားနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
18-Oct-2018
အမေရိကန်ပြည်ထောင်စုသည် ဆိုမာလီယာရှိ စစ်သွေးကြွပစ်မှတ်များကို ၂ နှစ်အတွင်း အကြီးမားဆုံးလေကြောင်း ထိုးစစ်ပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်စစ်သွေး ကြွ ၆၀ ခန့်ကို သတ်ဖြတ်ချေမှုန်းနိုင်ခဲ့သည်ဟု အမေရိကန်စစ်ဘက်က ကြေညာချက်ထုတ်ပြန်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။
17-Oct-2018
အာဏာရသက်တမ်း ၂ နှစ်ခန့်ရှိလာသည့် အမေရိကန်သမ္မတထရမ့်က လူဝင်မှုကြီးကြပ်ရေးကိစ္စ၊ အခွန်ကိစ္စ၊ ဘရက်ကာဗာနော့ဗ်ကို အထက်ရုံးတရားသူကြီးအမည် တင်သွင်းသည့်ကိစ္စများတွင် နိုင်ငံရေး မုန်တိုင်းများထန်နေသော်လည်း အိမ်ဖြူတော်တွင် သမ္မတလုပ်နေရသည်မှာ အဆင်ပြေသည်ဟု တနင်္ဂနွေနေ့က ရုပ်သံအင်တာဗျူးတွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
17-Oct-2018
ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်မြောက်ပိုင်း မြန်မာနယ်စပ်ဒေသအနီးတွင် ထိုင်းဘတ်ငွေ ၂ ဒသမ ၃၅ သန်း (အမေရိကန် ဒေါ်လာ ၇၁ သန်း) တန်ဖိုးရှိသည့် မီသာ အဖက်တမင်းဆေးပြားပေါင်း ၂၂ သန်းကျော်ခန့်ကို ဖမ်းဆီးရမိလိုက်သည်ဟု ထိုင်းအာဏာပိုင်များက တနင်္လာနေ့တွင် သတင်းထုတ်ပြန်ကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြထားသည်။
16-Oct-2018
မြန်မာနိုင်ငံမှ တပ်မတော်ကို ဝါဒဖြန့်ပေးကာ၊ အခြားအင်အားစုများကို အပုပ်ချနေသည်ဟု ယူဆရသော facebook စာမျက်နှာများ၊ အသုံးပြုနေသည့် profile များစွာကို ထပ်မံပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း facebook က ထုတ်ပြန်ထားသည်ဟု CNBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
16-Oct-2018
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့်နွေဦးကာလတွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိနေသည်ဟု တောင်ကိုရီးယားအာဏာရ ပါတီအကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
16-Oct-2018
ထိုင်းနိုင်ငံရှိ အထက်တန်းကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများတွင် ကိုယ်ဝန်ဆောင်ကျောင်းသူများအား ကျောင်းထုတ်ခြင်းကို ပညာရေးဝန်ကြီးဌာန စည်းမျဉ်းသစ်အရ တားမြစ်တော့မည်ဖြစ်ပြီး လာမည့်နှစ် ဧပြီလတွင် စတင်သက်ရောက်မည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားသည်။
16-Oct-2018
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က ရာသီဥတုပြောင်းလဲနေမှုကို လက်ခံကြောင်း၊ သို့သော် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လေ့လာသူသိပ္ပံပညာရှင်များတွင် နိုင်ငံရေးအစီအစဉ်များရှိနေကြောင်း ထုတ်ဖော်ဝေဖန်လိုက်သည်။
15-Oct-2018
အစ္စတန်ဘူးလ် ဆော်ဒီသံရုံးအတွင်း ဆော်ဒီသတင်းထောက် ဂျမေးလ်ခါရှော့ဂီအသတ်ခံရကြောင်း သက်သေထင်ရှားသည့်တိုင် အမေရိကအနေနှင့် ဆော်ဒီအားလက်နက်ရောင်းချမှုကို ရပ်ဆိုင်းပါက ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ခတ်ရာရောက်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က စနေနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
15-Oct-2018
ဂျာမနီနှင့် ဥရောပဒေသတစ်လွှား လူပြိန်းကြိုက် လက်ယာစွန်းအမျိုးသား နိုင်ငံရေး ခေါင်းထောင်လာမှုကို ဆန့်ကျင် သည့် ချီတက်ဆန္ဒပြပွဲကြီးတစ်ရပ်ကို မြို့တော်ဘာလင်တွင် ပြုလုပ်ခဲ့ရာလူ နှစ်သိန်း ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
15-Oct-2018
မလေးရှားနိုင်ငံတွင် စနေနေ့က ကျင်းပပြုလုပ်သော ကြားဖြတ်ပါလီမန် ရွေးကောက်ပွဲ၌ ယခင်နိုင်ငံရေးတွင် ဖိနှိပ်မှုမျိုးစုံနှင့် တွေ့ကြုံခဲ့ရသော အတိုက်အခံ ခေါင်းဆောင် အန်ဝါအီဘရာဟမ်က ပို့ဒစ်ကင်ဆန် မဲဆန္ဒနယ်အတွက် အပြတ်အသတ် အနိုင်ရရှိသွားရာ ယင်းဖြစ်ရပ်သည် အန်ဝါ အီဘရာဟင်အတွက် ရှေ့တန်းနိုင်ငံရေး နယ်ပယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း မီဒီယာများက ရေးသားဖော်ပြသည်။
14-Oct-2018
လက်ရှိအချိန်ကာလသည် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့အနေနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ စစ်ပွဲကြီးပြီးဆုံးကြောင်း တရားဝင်ကြေညာနိုင်မည့် အချိန်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်းက ပြောကြားလိုက်သည်။
14-Oct-2018
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အပြာမယ်တစ်ဦးတို့ ဇာတ်လမ်းရှုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ထရမ့်နှင့် မီလာနီယာထရမ့်တို့ ဇနီးမောင်နှံ ဆက်ဆံရေးမပြေမလည်ဖြစ်လျက်ရှိသည်ဟူသော ထင်ကြေးပေးပြောဆိုမှုများမှာ မှန်ကန်မှုမရှိဟု မီလာနီယာထရမ့်က ပြောကြားကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။