News

POST SECTION

FOREIGN-AFFAIRS

19-Feb-2019
အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ခရုစ်ဒုံးကျည်ပစ်လွှတ်နိုင်သော အကြီးစား အဆင့်နီးပါး ဖက်ခ်ျရေငုတ်သင်္ဘောသစ်ကို ဖွင့်လှစ်ပေးလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
19-Feb-2019
ဥရောပကားနှင့် အပိုပစ္စည်းများ တင်သွင်းမှုသည် အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု အမေရိကန်ဘက်မှ သတ်မှတ်ခြင်းကို နားမလည်နိုင်ဟု ဂျာမန်မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း VDA က ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
19-Feb-2019
ဩစတြေးလျတွင် နိုင်ငံရေးပါတီများ၏ ကွန်ရက်ကျိုးပေါက်ကာ လွှတ်တော်အမတ်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုသည် နိုင်ငံခြားအစိုးရတစ်ခုက ပြုလုပ်ခြင်းဖြစ်သည် ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
19-Feb-2019
ထိုင်းနိုင်ငံတွင် ဗုဒ္ဓသာသနာတော် သန့်ရှင်းရေးစစ်ဆင်ရေးများ ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းက ရဲတပ်ဖွဲ့၏ ဒုစရိုက်မှုတိုက်ဖျက်ရေးဌာန (CSD) သည် ဆူဖန်ဘူရီကျောင်းထိုင်ဆရာတော် အပါအဝင် ဘုန်းတော်ကြီးများကို ဖမ်းဆီးမိန့်ထုတ်ကာ လိုက်လံနှိမ်နင်းလျက်ရှိကြောင်း Bangkok Post သတင်းစာက ဖော်ပြထားသည်။
18-Feb-2019
ဩစတြေးလျတွင် နိုင်ငံရေးပါတီများ၏ ကွန်ရက်ကျိုးပေါက်ကာ လွှတ်တော်အမတ်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုသည် နိုင်ငံခြားအစိုးရတစ်ခုက ပြုလုပ်ခြင်းဖြစ်သည် ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း
18-Feb-2019
အမေရိကန်က ရုရှားနိုင်ငံ စာချုပ်ချိုး ဖောက်သည်ဟု စွပ်စွဲထားသော စစ်အေးခေတ် လက်နက်ထိန်းချုပ်ရေးစာချုပ်တွင် တရုတ်ပါဝင်ရန် ဂျာမနီအဓိပတိ အင်ဂလာ မာကယ်လ်က တောင်းဆိုခြင်းကို တရုတ်နိုင်ငံက စနေနေ့တွင် ငြင်းပယ်လိုက်ပြီး တရုတ်စစ်ဘက်အပေါ် မမျှမတ ကန့်သတ်ရာရောက်သည်ဟု ပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
18-Feb-2019
ထိုင်းပြည်သူ ထက်ဝက်ကျော်မှာ မတ်လ ၂၄ ရက် ရွေးကောက်ပွဲတွင် မည်သူ့အား ရွေးချယ်ရမည်ကို မဆုံးဖြတ်ရသေးသော်လည်း ဝန်ကြီးချုပ်လောင်းစာရင်းတွင် စစ်ဗိုလ်ချုပ်ဟောင်း ပရာရွတ်က ထိပ်မှပြေးနေပြီး နိုင်ငံရေး ပါတီများအကြားတွင် ဖေ့အ်ထိုင်းပါတီက ဦးဆောင်နေသည်ဟု ဘန်ကောက်သဘောထားစစ်တမ်းတွင် ဖော်ပြထားကြောင်း Bangkok Post သတင်းစာက ရေးသားထားသည်။
17-Feb-2019
အင်္ဂလန်နှင့် ဝေလနယ်တွင် ရာဇဝတ်သား ထောင်ပေါင်းများစွာအား ဂျီပီအက် မှတ်သားမှုစနစ်ဖြင့် ၂၄ နာရီပတ်လုံး ခြေရာခံ ထောက်လှမ်းနိုင်တော့မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
17-Feb-2019
သမ္မတဒေါ်နယ်ထရမ့်က ၎င်းဆန္ဒရှိနေသော မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်နိုင်ရေးအတွက် နယ်စပ်လုံခြုံရေး အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့ရာ ဥပဒေနှင့်မညီသော အာဏာသုံးမှုအဖြစ် ဒီမိုကရက်များက ရှုတ်ချလိုက်ကြသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
17-Feb-2019
ချီကာဂိုဆင်ခြေဖုံး စက်မှုဇုန်တွင် သောကြာနေ့က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူငါးဦးသေဆုံးခဲ့ပြီး ရဲအရာရှိငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
15-Feb-2019
အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် အရှိန်တက်နေသော ကုန်သွယ်ရေး အငြင်းပွားမှုကို ဖြေရှင်းရန် ကြိုးစားသည့်အနေနှင့် နှစ်ရက်ကြာ တရားဝင် ကုန်သွယ်ရေးညှိနှိုင်း ဆွေးနွေးပွဲများကို ကြာသပတေးနေ့က ဘေဂျင်းတွင် စတင်လိုက်ကြသည်ဟု AFP သတင်းတွင်ဖော်ပြထားသည်။
15-Feb-2019
အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့သော ထိုင်းရွေးကောက်ပွဲကို လာမည့်မတ်လတွင် အမှန်တကယ်ကျင်းပတော့မည်ဟု အာဏာသိမ်းအစိုးရက ကြေညာထားသော်လည်း ချည်ပြီးတုပ်ပြီးရိုက်သည့် လုပ်ပွဲကြီး တစ်ပွဲဟုသာ ယူဆစရာရှိသောကြောင့် ပြီးခဲ့သည့်အပတ် သောကြာနေ့အထိ ပျင်းစရာကောင်းနေခဲ့သည်။ ယခုတော့ တစ်ရက်တာ နိုင်ငံရေးသမားဖြစ် သွားသောအစ်မတော် မင်းသမီး ဥဘောရတနာကြောင့် ပွဲဆူသွားခဲ့ပြီဖြစ်သည်။
14-Feb-2019
လက်ရှိထိုင်းဘုရင်၏အမ မင်းသမီးသည် လာမည့်လ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားမှုကိုရွေးကောက်ပွဲ ကော်မရှင်၏ ပယ်ချခြင်းခံလိုက်ရပြီးနောက် ထိုင်းပြည်သူများ အဆင်မပြေဖြစ်ခဲ့ရခြင်းအပေါ် အင်္ဂါနေ့က တောင်းပန်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
14-Feb-2019
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများအတွက် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် မတ်လ ၁ ရက်ကိုကျော်လွန်၍ သက်တမ်းတိုးရန် စဉ်းစားနေသည်ဟုဖေဖော်ဝါရီ ၁၂ ရက် အင်္ဂါနေ့က ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
14-Feb-2019
ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတနစ် ကိုးလပ်စ်မာဒူရို ဦးဆောင်သော ဆိုရှယ်လစ် အစိုးရဖြုတ်ချရေး ဆန္ဒပြပွဲများဆက်လက် အားကောင်းလျက်ရှိသလို ၎င်းအစိုးရကို ထောက်ခံသော အင်အားစုများကလည်း ချီတက်ဆန္ဒပြမှုများပြုလုပ်ကာ အမေရိကန်ပြည်ထောင်စု ပံ့ပိုးမှုကိုရယူထားသော အတိုက်အခံခေါင်းဆောင် ဂျူအန်ဂိုင်ဒို အပါအဝင် ပြည်ပကြားဝင်စွက်ဖက်မှုများ ကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြမှုများ အပြိုင်အဆိုင် ပြုလုပ်လျက်ရှိကြောင်း သတင်းဌာနများက ဖော်ပြသည်။