News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယားသံအမတ် တောင်ကိုရီးယားနိုင်ငံသို့ ပြောင်းရွှေ့ခိုလှုံ
18-Aug-2016

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြောက်ကိုရီးယားသံရုံးမှ သံအမတ်သည် တောင်ကိုရီးနိုင်ငံသို့ ပြောင်းရွှေ့ခိုလှုံခဲ့သည်ဟု တောင်ကိုရီးယားအစိုးရက တရားဝင်အတည်ပြု ပြောကြားလိုက်သည်။မစ္စတာသေးယူဟိုနှင့် သူ၏မိသားစုသည် ယခုအခါတွင် တောင်ကိုရီးယားအစိုးရ၏ ကာကွယ်စောင့်ရှောက် မှုအောက်တွင် ရှိနေသည်ဟု တောင်ကိုရီးယားက ဆိုသည်။

မစ္စတာသေးမှာ မြောက်ကိုရီးယား၏ လက်ထောက်သံအမတ်တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံအတွင်း ခိုလှုံရန်တောင်းဆိုသည့် မြောက်ကိုရီးယား၏အဆင့်အမြင့်ဆုံး အရာရှိတစ်ဦးလည်း ဖြစ်သည်။

လန်ဒန်တွင် သူလုပ်ရသည့် အဓိကတာဝန်မှာ မြောက်ကိုရီးယားခေါင်းဆောင်မှုကို အကောင်းဘက်မှ ရှုမြင်ကြရန် စည်းရုံးသိမ်းသွင်းရခြင်းဖြစ်သည်။ မစ္စတာသေးသည် မြောက်ကိုရီးယားအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ်ဝေဖန်မှုများ မြင့်တက် လာခြင်းကို မမှန်ကန်ဟု ငြင်းဆန်ရန် မြောက်ကိုရီးယားအစိုးရ၏ ဖိအားပေးမှုကို ခံခဲ့ရသည်။သူသည် သူ၏ မိန်းမ၊ ကလေးများနှင့်အတူ မြောက်ကိုရီးယားသို့ ပြန်ရတော့မည်ဖြစ်သောကြောင့် ယခုလို တောင်ကိုရီးနိုင်ငံသို့ ပြောင်းရွေ့ခိုလှုံခြင်းဖြစ်သည်။

“မစ္စတာသေးဟာ မြောက်ကိုရီးယားရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရခြင်းအပေါ် မလုပ်ချင်တော့ဘူးဆိုတာ ပေါ်လွင်နေပါတယ်” ဟု BBC ၏ သံတမန်ရေးရာ သတင်းထောက် ဂျိမ်းရောဘင်က ဆိုသည်။
ယခင်က မစ္စတာသေးသည် ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့ အုပ်ချုပ်ရေးလူတန်းစား၏ မြောက်ကိုရီးယား နိုင်ငံ မကောင်းကြောင်း အလိမ်အညာဇာတ်လမ်းတွေကို ယုံကြည်နေကြသည်ဟု ဆိုခဲ့ဖူးသည်။
တောင်ကိုရီးယားမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဂျုံဟီးက “သူ တောင်ကိုရီးယားပြောင်းလာရခြင်း အဓိက အကြောင်းအရင်းကတော့ ကင်ဂျုံအန်းအုပ်ချုပ်မှုအပေါ် စိတ်ပျက်လာတဲ့အတွက်ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံရဲ့ လွတ်လပ်တဲ့၊ ဒီမိုကရေစီဆန်တဲ့ စနစ်တွေကို အားကျလျက်ရှိနေပြီး သူမိသားစုအနာဂတ်အတွက် စိတ်ချနိုင်လို့ ဖြစ်ပါတယ်” ဟု ဆိုသည်။

“အကယ်၍များ လွတ်လပ်တဲ့ပညာရေးနဲ့ လူမှုဖူလုံရေးစနစ်တွေ ကောင်းမွန်လွန်းတဲ့ နိုင်ငံမျိုး ဒီကမ္ဘာ မှာရှိရင် အဲ့ဒီနေရာမျိုးမှာ လူတွေ နေထိုင်ဖို့ စိတ်ကူးမိကြမှာပဲ” ဟု အခမ်းအနားတစ်ခုတွင် မစ္စတာသေးက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

Source: BBC
Photo Credit: Katie Schubaubr/AFP

  • VIA