News

POST TYPE

FOREIGN AFFAIRS

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ ဆည်ကျိုးပေါက်နိုင်သည့်အန္တရာယ်ရှိ၊ ဒေသခံထောင်ပေါင်းများစွာ ဘေးကင်းရာသို့ ပြောင်းရွှေ့
17-Aug-2016

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဆစ်ကင်ပြည်နယ်တွင် သြဂုတ် ၁၃ရက်(စနေနေ့) နံနက်ပိုင်းက ကန်ကမြစ်ပေါ်တွင် ဆည်တည်ဆောက်ခြင်းကြောင့် မြေပြိုမှုများ အကြီးအကျယ်ဖြစ်ပေါ်လာရာ ဘင်္ဂလားနှင့် ဆစ်ကင်ပြည်နယ် နယ်စပ် ရန်ပိုမြို့နယ်အနီးရှိ အိမ်ထောင်ပေါင်းများစွာ အန္တရာယ်အတွင်း ကျရောက်လျက်ရှိသည်ဟု သိရသည်။


ဆည်အတွင်း သိုလှောင်ထားသည့် ရေမှာ မြင့်တက်လာလျက်ရှိပြီး ညဘက် မည်သည့်အချိန်မဆို ကျိုးပေါက် သွားနိုင်သည့်အပြင် ရေများအရှိန်အဟုန်ဖြင့်ထွက်လာပါက တီစတာဘဇာမြို့နယ်တွင် ရေဖုံးလွှမ်းသွားမည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိသည်။


နှစ်ဖက်နယ်စပ်စလုံးရှိ မြေနိမ့်ရာနေရာများသို့ သတိပေးမှုများပြုလုပ်ခဲ့ပြီး ရွာအားလုံး ညတွင်းချင်း ရွှေ့ပြောင်းရလိမ့်မည်ဟူ၍ သတင်းရင်းမြစ်များက ဆိုသည်။

ဒတ်ချူ၊ မခ၊ ဆန်တန်နှင့် ရန်ပိုမြို့နယ်များတွင် ရေကြီးလာနိုင်သည့် အန္တရာယ်ရှိ နေသည်။အကယ်၍ဆည်ကျိုးပေါက်ခဲ့လျှင် တီစတာဘဇာနှင့် ၂၉ မိုင်မြို့နယ်များသို့ ရေများဖုံးလွှမ်းမည်ဖြစ်သည်။

ဆည်မှ ရေများထွက်သည်နှင့် တီစတာဘဇာနှင့် ၂၉ မိုင်မြို့နယ်များရှိ ဒေသခံများသည် လုံခြုံသည့်နေရာသို့ ရောက်ရန် အချိန်သုံးနာရီ၊ သုံးနာရီခွဲခန့် ယူရမည်ဖြစ်သည်။


လူဦးရေထူထပ်သည့် ၎င်းနေရာများမှ ဒေသခံများကို ဘေးကင်းရာသို့ ပို့ဆောင်ရခြင်းသည် အလွန်တရာခက်ခဲလိမ့်မည်ဖြစ်သည်။အကျယ်ပေ ၁၅၀ ရှိသော ဆည်သည် တီစတာမြို့နယ်အထက်တွင် NHPC ကုမ္ပဏီမှ တည်ဆောက် လျက်ရှိနေသည့် ဆည်ဖြစ်သည်။


ကြိုတင်သတိပေးချက်များအရ ဆည်တွင် မည်သူမှ မရှိတော့သည့်အပြင် စက်ပစ္စည်းများကိုလည်း ရပ်နားထားခဲ့သည်။ကန်ကတံတားနှင့် မီတာ ၃၀၀ ရှိသောလမ်းမှာလည်း ရေလုံးဝဖုံးလွှမ်းသွားပြီဖြစ်သည်။


မြေပြိုမှုများသည် ဇွန်ဂူသစ်တောအတွင်း သြဂုတ် ၁၃ ရက်(စနေနေ့) မွန်းလွဲပိုင်းတွင် ဖြစ်ပေါ်လျက်ရှိရာ တီစတာမြို့အနီး ဖြတ်သန်းစီးဆင်းသည့် ကန်ကမြစ်ပေါ်သို့ တန်နှင့်ချီသော ရွံ့နွံ့နှင့် အမှိုက်များ စီးမျှောလျက်ရှိသည်။တီစတာမြို့ဘေးတွင် ကပ်လျက်ရှိသည့် မန်တာကျေးရွာ၌ အိမ်ငါးလုံးမှာ ချက်ခြင်း ရေဖုံးလွှမ်းသွားခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်းတွင် မန်တာရွာရှိ နေထိုင်သူများကို အာဏာပိုင်များမှ ဘေးကင်းရာသို့ ပြောင်းရွှေ့ နေရာချထားခဲ့သည်။


ညနေပိုင်းတွင် ရေမှာ လေးမိုင်တံတားအထိ မြင့်တက်လာနိုင်သည်ဟု လင်းသန်မြို့နယ် ဒေသခံများက ဆိုသည်။ဘင်္ဂလားပြည်နယ်တွင်တော့ အာဏာပိုင်များသည် မန်တန်နှင့် ပစ်အွန်ကျေးရွာများရှိ လူများကို ပြောင်းရွှေ့ နေရာချထားမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ဆစ်ကန်ပြည်နယ်မြောက်ပိုင်း၏ အာဏာပိုင်များက မြေပြိုမှုသက်ရောက်သောနေရာကို တိုင်းတာခဲ့ပြီး လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှုမရှိဟု သိရသည်။


Source: The Time of India
Photo Credit: Kalimpong news



  • VIA