News

POST TYPE

FOREIGN AFFAIRS

နားမကြားတဲ့ ခွေးလေးကို သင်္ကေတစကား သင်ပေးတဲ့ နားမကြားတဲ့ ကလေးငယ်
15-Aug-2016

အသက် ၁၀ နှစ်အရွယ် ဂျူလီယာဆိုတဲ့ ကလေးမလေးဟာ ဝေါလ်တာလို့ နာမည်ပေးထားတဲ့ ကိုးလသား ခွေးလေးကို ကယ်တင်လာခဲ့ပါတယ်။

နှစ်ဦးလုံးဟာ မွေးရာပါ နားမကြားသူတွေဖြစ်ပြီး တစ်ဦးကိုတစ်ဦး သိပ်ခင်တွယ်ကြပုံပါပဲ။ အခုဆိုရင် ဂျူလီယာက ဝေါလ်တာကို သင်္ကေတ ဘာသာစကား သင်ပေးနေပါပြီ။

ဂျူလီယာရဲ့ မိသားစုဟာ ဝေါလ်တာကို ကယ်လီဖိုးနီးယားက ခွေးထိန်းသိမ်းရေးဂေဟာ တစ်ခုက ကယ်တင်လာခဲ့တာပါ။

“ဂျူလီယာကို ပထမဆုံးအကြိမ် ပွေ့ချီတုန်းက ဂျူလီယာဟာ ကျွန်မအသံကို မကြားရတော့ ကျွန်မလည်ပင်းကို လာနမ်းတယ်။ ဝေါလ်တာကို ပထမဆုံး ကိုင်ထားတုန်းကလည်း သူလုပ်တဲ့ပုံက အဲဒီအတိုင်းပဲ။ သူ့ကိုမြင်တော့ သူက ကျွန်မတို့ဆီမှာနေဖို့ ကံပါလာတာပဲလို့ ကျွန်မ သိလိုက်တာကို မှတ်မိသေးတယ်” ဟု ဂျူလီယာ၏ မိခင် ခရစ်ဆီက ပြောပြပါတယ်။

ဂျူလီယာဟာ ဝေါလ်တာကို ထိုင်ထ ဆိုတဲ့ အမိန့်ပေး သင်္ကေတတွေနဲ့ ရေနဲ့ အစာလို ပစ္စည်းတွေကို ဖော်ပြတဲ့ သင်္ကေတတွေ အများကြီး သင်ပေးနိုင်ခဲ့ပါပြီ။

လမ်းပေါ်မှာ တွေ့လာတဲ့ ခြောက်လသား ခွေးပေါက်လေး တစ်အုပ်ကို လူတစ်ယောက်က ဂေဟာမှာ လာအပ်ခဲ့ပြီး ဝေါလ်တာဟာ နောက်ဆုံးမှ မွေးစားခံခဲ့ရတယ်လို့ ဝေါလ်တာကို ထိန်းသိမ်းစောင့်ရှောက်ထားခဲ့တဲ့ Pasadena Humane Society & SPCA ဂေဟာရဲ့ တာဝန်ရှိသူ ဂျင်မီဟိုးလ်မင်းက ဆိုပါတယ်။
“နားမကြားတဲ့ ခွေးတစ်ကောင်ကို လူတွေက လိုချင်ကြတာ မဟုတ်တော့ သူတစ်ကောင်တည်း ကျန်နေခဲ့တယ်” လို့ သူက ပြောပြပါတယ်။

အခုတော့ ဝေါလ်တာဟာ ပြီးပြည့်စုံတဲ့ မိသားစုတစ်ခု တွေ့သွားခဲ့ပါပြီ။ “ဝေါလ်တာဟာ သမီးရဲ့ အချစ်ဆုံး သူငယ်ချင်းပါပဲ” လို့ ဂျူလီယာက ပြောပါတယ်။

Ref: rd.com